မင်္ဂလာပါ စာချစ်သူ မိဘပြည်သူများနဲ့ မိတ်ဆွေသူငယ်ချင်းများဆီသို့......................

ကျွန်မတို့ရဲ့ နေ့စဉ်လှုပ်ရှားမှု ပုံစံမျိုးစုံနဲ့ လူမှုဘ၀တွေကို အပိုင်းအစလေးတွေအဖြစ်နဲ့ ခွဲခြမ်းစိတ်ဖြာလို့ ကြည့်ကြရအောင်ပါလားရှင်..................။

စားဝတ်နေရေး ကိစ္စအထွေထွေကို နည်းပေါင်းစုံနဲ့ ဖြေရှင်းနေကြရတဲ့ ကျွန်မတို့ပတ်ဝန်းကျင်က ဖြစ်ပျက်နေတဲ့ အရာတွေအားလုံးကို လက်လှမ်းမှီသလောက် တွေးဆကြည့်ကြရအောင်..................။

ဖြစ်တယ်၊ တည်တယ်၊ ပျက်တယ် ဒီလောကတရား(၃) ပါးထဲမှာ တ၀ဲလည်လည် လှည့်ပတ်နေကြရတဲ့ ကျွန်မတို့တွေရဲ့ နိမ့်ချည်တစ်ခါ၊ မြင့်ချီတစ်လှည့်နဲ့ သွားလာလှုပ်ရှားဟန်တို့ကိုလည်း သုံးသပ်ကြည့်ကြရအောင်........။


ပြည့်စုံမှု၊ မပြည့်စုံမှု စတဲ့ လိုချင်လောဘ၊ ပိုလျှံဒေါသတွေနဲ့ လုံးချာလည်နေတာကလည်း ကျွန်မတို့ရဲ့ လူ့လောကကြီးပဲ မဟုတ်ပါလားနော်...............။

တစ်ဦးတစ်ယောက် ကိုယ်ပိုင်အတွေးစလေးတွေက စုပေါင်းလို့ မြင်တတ်ကြ၊ တွေးတတ်ကြရင်ဖြင့် အေးချမ်းသာယာပြီး ပျော်ရွှင်စရာကောင်းတဲ့ ဘ၀လေးတွေကို ကိုယ်စီပိုင်ဆိုင်နိုင်ကြစေဖို့ ရည်ရွယ်ပြီး ဘ၀ရဲ့ အတိုအစ၊ အပိုင်းအပြတ်လေးတွေကို ခုကစလို့ စတင်ရေးဖွဲ့ကာ အသိပညာတွေကို မျှဝေဖြန်ဝေကြပါစို့လားရှင်..............။



စိမ့်စမ်းရေ
23.8.2014

Posted by စိမ့်စမ်းရေ on Friday, August 22, 2014

0 comments

Post a Comment