သူဇာလေး(စိမ့်စမ်းရေ) သို့ အစဉ်တစိုက် အားပေးနေကြသော ချစ်လှစွာသော သူငယ်ချင်း၊ မိတ်ဆွေများ၊ အွန်လိုင်းပေါ်မှ စာဖတ်ပရိတ်သတ်များအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်လိုက်ရပါတယ်။ တက်စွမ်းသမျှသော ငွေကြေးပမာဏလေးများဖြင့်၊ မအားမလပ်တဲ့ကြားက မဖြစ်ဖြစ်အောင်ကြိုးစားဆောင်ရွက်ထားတဲ့ ပရဟိတအဖွဲ့ငယ်လေးတစ်ခုရဲ့ တက်နိုင်သမျှသော လုပ်ဆောင်မှုလေးတွေကို ပရိသတ်ကြီးအားလုံးအား မျှဝေပေးချင်တဲ့ ဆန္ဒလေးတစ်ခုတည်းနဲ့တင် ဤပို့စ်လေးကို တင်ပြပေးလိုက်ရပါတယ်။

 14.12.2013 ရက်နေ့မှာတော့ သန်လျင်မြို့နယ်မှာရှိတဲ့ ဇမ္ဗူဥသျှောင် သီလရှင် ပရဟိတကျောင်းသို့ နေ့ဆွမ်း ကပ်လှူခဲ့ပါတယ်။

သီလရှင်ဆရာလေးကလေးလေးများအတွက် မုန့်၊ သကြားလုံး၊ အချိုရည်များ၊ လှူဒါန်းနိုင်ခဲ့ပြိး

ဆရာကြီးများအတွက်တော့ ကော်ဖီမစ်၊ မုန့်၊ ဆီ၊ ကြက်သွန်နီ စသည်စသည်များ

ဆွမ်းဆန်စိမ်းအတွက် အလှူတော်ငွေ 2 သောင်းကျပ် တို့ကို အားရ၀မ်းသာစွာဖြင့် လှူဒါန်းမှု ပြုနိုင်ခဲ့ပါတယ်။









အေးချမ်းဖြူစင်တဲ့ ကလေးတွေရဲ့ မျက်နှာလေးတွေကို မြင်လိုက်ရရင်ဖြင့် ရင်ထဲက အတိုင်းမသိတဲ့ ပီတိလေးတွေကိုလည်း မြင်တွေ့ခဲ့ကြရပါတယ်။

စေတနာထားကာ စောင့်ရှောက်ထားတဲ့ ဆရာကြီးများရဲ့ မေတ္တာ စေတနာကြောင့် ခုဆို ကလေးငယ်ပေါင်း 200 ကျော်လာခဲ့ပါပြီ





လှူ ဒါန်းမှုအစုစုအတွက် ဆရာကြီး၊ ဆရာလေးများက မေတ္တာသုတ်ပရိတ်များ ရွတ်ဆိုပေးပြီး မေတ္တာပို့ အမျှပေးဝေခဲ့ကြပါတယ်။





သူဇာလေး (စိမ့်စမ်းရေ) တို့ရဲ့ မေတ္တာစမ်းရေ မိသားစုများရဲ့ အလှူကို အားလုံးသော စာဖတ်ပရိသတ်ကြီးကို အမျှပေးဝေပါတယ်။

ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုပေးကြပါနော်။

နောင်လာမယ့်ရက်များစွာတို့မှာလည်း တက်နိုင်သမျှသော တာဝန်လေးတွေကို ခွဲဝေယူကြလို့ ပရဟိတ လုပ်ငန်းတွေကို နိုင်သလောက်ထမ်းဆောင်သွားမည်ဖြစ်ကြောင်းလည်း အသိပေးကာ တင်ပြလိုက်ရပါတယ်။

Posted by စိမ့်စမ်းရေ on Saturday, May 3, 2014

0 comments

Post a Comment