မျက်နှာပေါ်မှာပေါက်နေတဲ့ ၀က်ခြံကိုကြည့်ပြီး အရေပြားဆရာဝန်တွေက လူနာရဲ့ ရောဂါကို ဟောကိန်း ထုတ်ကြသလို၊ တရုပ် တိုင်းရင်းသမားတော်တွေကလည်း မျက်နှာအသားအရေနဲ့ ဝက်ခြံကိုကြည့် ၍ဆေးကုသရာ ထိရောက်မှုရှိုတယ်လို့ ဆိုကြပါတယ်။ ဒါ “Face Mapping” ကုသနည်းလေးပါတဲ့။
ဒီဆောင်းပါးလေးကိုဖတ်ရှုရင်း မျက်နှာပေါ်က ၀က်ခြံအနေအထားကိုကြည့်ပြီး၊ မိမိ ကျန်းမာရေး အခြေအနေကို တစေ့တစောင်းအကဲခတ်၍ ဝေဒနာကြီးကြီးမားမားမဖြစ်ခင် ကြိုတင်ကာကွယ်ထားနိုင်ကြပါ ရန် အောက်ပါအတိုင်းမျှဝေလိုက်ရပါတယ်။

(၁) နဖူးပြင်ပေါ်က ၀က်ခြံများ။
ဆီးအိမ်နဲ့ အစာချေလမ်းကြောင်းပေါ်မှာ ပြဿနာတစ်ခုခုရှိနေပါပြီ။ အဲဒီနေ ရာတွေ မှာ မကြာခဏဆိုသလို ၀က်ခြံပေါက်ခဲ့ရင်ရေများများသောက်ဖြစ်ပြီး၊ အာဟာရပြည့်ဝတဲ့ အစားအစာတွေ ပိုစားပေးရပါမယ်။ (ဆေးသုတေသီတွေရဲ့  အဆိုအမိန့် များအရ၊ အမျိုးသမီးတွေမှာ အများဆုံးပေါက်လေ့ရှိတဲ့ နေရာဖြစ်ပါတယ်တဲ့)

(၂) မျက်ခုံးမွှေး ၂-ခု အလည်ခေါင်တဲ့တဲ့က ၀က်ခြံများ။
အသည်းရောဂါနဲ့ ဆက်စပ်မှုရှိနေပါတယ်။ ဒါကြောင့် အသည်းကိုထိခိုက်စေမယ့် အရက်သေစာအမျိုးမျိုး၊ ကစီဓာတ်ကြွယ်ဝတဲ့ အစားအစာများ၊ သကြား၊ နို့ မလိုင်၊ နို့ ထောပတ် တွေကို လျော့စားပေးရပါမယ်။

(၃) နားရွက် တွေကို စစ်ဆေးပါ။
နားရွက် ၂-ဖက်စလုံးကလည်း ဘယ်/ညာ ကျောက်ကပ်တွေနဲ့ ဆက်နွယ်မှု ရှိနေကြ ပါတယ်။ အကယ်၍ နားရွက် ၂-ဖက်လုံးနီပြီး ပူထူနေတဲ့အခါ ခန္ဓာကိုယ်ထဲမှာ အဆိပ် အတောက်တွေများလာပြီမို့  ရေသန့်  များများသောက်ပေး ရပါမယ်။ အရက်၊ ဆော် ဒါတွေ အပြင် ကဖိန်းဓာတ်များပြားတဲ့ လ္ဘက်ရည်၊ ကော်ဖီတို့  ကို လျော့သောက်ပေး ရပါမယ်။

(၄) ပါးပေါ်က ၀က်ခြံများ။
ပါးပြင် ၂-ဘက်ကတော့ အသက်ရှုလမ်းကြောင်းနဲ့ သက်ဆိုင်နေပါတယ်တဲ့။ အသက် ရှု လမ်းကြောင်း ပိတ်ဆို့ တဲ့ဝေဒနာရှင်တွေ၊ allergies ဖြစ်သူတွေ၊ အသက်ရှု လမ်းကြောင်း တလျှောက် ဆံချည် မျှင်သွေးကြောများ ပျက်စီးနေသူတွေ နဲ့ ဆေးလိပ်စွဲ သူတွေမှာ ပါးပေါ်ဝက်ခြံပေါက်လေ့ရှိပါတယ်။ ပါးရဲ့ အောက်ဘက်မှာဝက်ခြံပေါက်နေ သူများက သွားဖုံးရောင်ဝေဒနာနဲ့ ဆက်စပ်မှုရှိနေပြီမို့  သွားဆရာဝန် နဲ့ ပြ ဖို့ လိုပါတယ်။

(၅) နှာခေါင်းပေါ်က ၀က်ခြံများ။
နှာခေါင်းပတ်ဝန်းကျင်နဲ့ နှာတံတလျှောက် ၀က်ခြံတွေက နှလုံးနဲ့ သွေးတိုးရော ဂါဖြစ်ကြောင်းကိုညွှန်ပြပါတယ်။ လက်ရှိသုံးစွဲနေတဲ့ နှုတ်ခမ်းဆိုးဆေး/ လိုင်နာ တွေ နဲ့ ဓာတ်မတည့်တဲ့အခါ၊ နှာခေါင်းရဲ့ အောက်ခြေ (သို့ မဟုတ်)အပေါ်နှုတ်ခမ်းရဲ့ အထက်ပိုင်းမှာ ၀က်ခြံထွက်လာတတ်လို့ ၊ နှုတ်ခမ်းဆိုးဆေးနောက် တမျိုး ပြောင်းလဲ ဆိုးပေး သင့်ပါတယ်။

(၆) မျက်လုံးတ၀ိုက်ပေါ်က ၀က်ခြံများ။
ကျောက်ကပ်ဝေဒနာသည်များက နားထင်နဲ့  မျက်လုံးပတ်ဝန်းကျင်တွေမှာ ၀က်ခြံ ထွက်လေ့ရှိကြပါတယ်တဲ့။ မျိုးရိုးဗီဇကြောင့် မျက်ကွင်းညိုသူများကိုမဆိုလိုသော် လဲ၊ ရံဖန်ရံခါ(သို့ မဟုတ်)မကြာခဏ မျက်ကွင်းညိုတတ် သူများဟာ ခန္ဓာကိုယ်ထဲ မှာ ရေ ဓာတ်ဆုံးရှုံးနေတာကို ဖော်ပြတာကြောင့်ရေများများသောက်ရင်း၊ အရည်ရွှမ်းတဲ့ သစ်သီးတွေစားပေးဖို့ လိုပါတယ်။

(၇) မေးစေ့ပေါ်က ၀က်ခြံများ။
မေးစေ့ နဲ့ မေးဖျားတ၀ိုက်ဝက်ခြံများက ခန္ဓာကိုယ်တွင်းဟိုမုန်းတွေ ဖောက်ပြန်နေပြီ ဖစ်ကြောင်းကို ဖော်ပြနေ တာဖြစ်ပြီး၊ ဓမ္မတာရာသီလာခါနီးကာလတွေ နဲ့  စိတ်ဖိစီး မှုများတဲ့သူတွေမှာ ပေါက်လေ့ရှိပါတယ်။ဒါ့ပြင် ၀မ်းချုပ်သူတွေနဲ့  ခန္ဓာကိုယ်တွင်း အပူ အပုပ်များသူတွေလည်းမေးစေ့ပေါ်မှာ ၀က်ခြံပေါက်တတ်တာမို့  အမျှင်ဓာတ်များတဲ့ အစားအစာတွေများများစားပေးသင့် ပါတယ်။

(၈) အောက်နှုတ်ခမ်း(သွားရည်စီးကြောင်း တလျှောက်) နှင့် မေးရိုးပေါ်က ၀က်ခြံများ။ ဟိုမုန်းမညီမျှသူတွေ မှာလဲ အဲဒီလိုနေရာတွေမှာ ၀က်ခြံပေါက်တတ်ပြီး၊ သွားပိုးစား သူတွေ၊ ခံတွင်းပုပ်သူတွေ၊ ခံတွင်းရောဂါ အမျိုးမျိုးနဲ့ ဆက်စပ်နေတာဖြစ်လို့  မပေါ့ ဆသင့်ပါဘူး။ နီးစပ်ရာ သွားဆရာဝန်နဲ့ အမြန်ဆုံးကုသမှုခံယူ သင့်ပါပြီ။

(၉) လည်ပင်းတွေ နီမြန်းနေခြင်း။
အအေးမိ၊ နှာစေး စတဲ့ ရာသီဖျားနာတုပ်ကွေးပိုးတွေ ကူးစက်ခံရတဲ့အခါလည်ပင်းတွေ နီမြန်းလာတတ်ပါ တယ်။ အဲဒီအခါမျိုးမှာ အာဟာရပြည့်ဝတဲ့အစားအစာတွေ စားရင်း၊ ကောင်းကောင်းအနားယူပါ။ နေပူထဲ လုံးဝမထွက်ဘဲ၊ ရေများများသောက်ဖို့ လည်း(အထူး)လိုအပ်ပါတယ်။

(ပေါက်ပေါက်….မျှဝေသည်)
(ကိုးကား… Face Mapping@Acne Focus on Faces)
Credit to promise.pauk

Posted by စိမ့်စမ်းရေ on Monday, May 5, 2014

0 comments

Post a Comment