-ဦးနှောက်သည်နာကျင်မှုကို မခံစား ရပေ။ အခြားနေရာမျိုးစုံ နာကျင်မှု များအား ဦးနှောက်ထံသတင်းပေးပို့ ခြင်းဖြင့် အဆုံးသတ်သော်လည်း ဦးနှောက်ကိုယ်တိုင်နာကျင်မှုကို ခံစား သိရှိရခြင်းမရှိပေ။

- ဦးနှောက်သည် ခန္ဓာကိုယ်အလေး ချိန်၏နှစ်ရာခိုင်နှုန်းသာရှိသော်လည်း ခန္ဓာကိုယ်အောက်စီဂျင်နှင့် ကယ်လို ရီသုံးစွဲမှုစုစုပေါင်း၏ နှစ်ဆယ်ရာ နှုန်းကို ရယူလျက်ရှိသည်။

-ဦးနှောက်သည် ပြင်ပလေနှင့်ထိ တွေ့မှသာ အစိုင်အခဲသဏ္ဌာန်မြင်ရ လေ့ရှိပြီး ဦးခေါင်းခွံအတွင်းလုံလုံခြုံ ခြုံရှိနေသည့်ဦးနှောက်မှာ အရည် များဖြင့် (၈၀) ရာခိုင်နှုန်းဖွဲ့စည်းထား သောနူးညံ့သည့်အစိုင်အခဲတစ်ခုဖြစ်သည်။

-ခန္ဓာကိုယ်သည် နေ့ဘက်တွင် အလုပ်လုပ်၍ ညဘက်အနားယူ သော်လည်း ဦးနှောက်သည် အိပ် စက်အနားယူချိန်ရောက်မှ အလုပ်ပို လုပ်လေ့ရှိသည်။

- ဦးနှောက်နဗ်ကြောများသည် လျှပ် စီးကြောင်းများဖြင့် သတင်းပေးပို့ တတ်ကြပြီး ခန္ဓာကိုယ်ပြင်ပတွင် ဦးနှောက်ကို ရှင်သန်စေရန် အထောက် အပံ့ပေးရမည်ဆိုပါက လျှပ်စစ်စွမ်းအား(၁၀)ဝပ်ခန့်လိုမည်ဖြစ်သည်။

- ဆယ်ကျော်သက်အရွယ်၌ ခန္ဓာ ကိုယ်ဖွံ့ဖြိုးမှု တစ်ရှိန်ထိုးမြန်ဆန် သကဲ့သို့ ဦးနှောက်ဖွံ့ဖြိုးမှုလည်း ရုတ်ချည်း ပြောင်းလဲတတ်သည်ဖြစ် ရာ ဆယ်ကျော်သက်များအား စွန့် စားလိုစိတ်၊ တဇွတ်ထိုးစိတ်များဖြစ် ပေါ်ခံစားရစေသည်။

-မြင်သမျှ၊ ကြားသမျှ၊ ခံစားရသမျှ တို့ကို တစ်ခုမကျန် ဦးနှောက်ကသိုမှီးထားနိုင်သော်လည်း မှတ်ဥာဏ် တွင်းမှ ပြန်လည်ထုတ်ယူနိုင်စွမ်း (recall) ကိုမူတည်၍ သတိကောင်း ခြင်း၊သတိမေ့ခြင်းတို့ဖြစ်ပေါ်လာ ရသည်။

-ဦးနှောက်၏အစိတ်အပိုင်းတစ်ခု နှင့်တစ်ခု မြန်နှုန်းမတူပါ။ သတင်းအချက်အလက်သယ်ယူသည့်နေရာချင်းလည်းမတူပါ။ ထို့ကြောင့် အချို့ ကိစ္စများကို သတိရလွယ်ပြီး အချို့ ကို သတိရစေရန် အချိန်အတော်ယူရ လေ့ရှိသည်။

သီဟ
Source:BSN
Health Updates Journal

Posted by စိမ့်စမ်းရေ on Tuesday, August 13, 2013

1 Responses to ဦးနှောက်၏ ထူးဆန်းသော အချက်များ

  1. Unknown Says:
  2. အခုလို ဘဟုသုတရဖွယ်ပြောပြပေးလို့ကျေးဇူးတင်ပါတယ်။နောင်လဲပြောပြနိုင်ပါစေ

     

Post a Comment