(အနိုင်ယူဖို့ပါ)

အသက်နဲ့ခန္ဓာတည်နေသရွေ့
မျော်လင့်ချက်ရှိနေရမယ် ...
ဘ၀ဆိုတာ အရှုံးပေးဖို့ မဟုတ်ဘူး
အနိုင်ယူဖို့ပါ။

(သိက္ခာကျတယ်)
မရှိရင်တောင်းစားပါ
ခိုးမစားပါနဲ့ ...
တောင်းစားတာက သိက္ခာမကျဘူး
ခိုးစားတာက သိက္ခာကျတယ်....

(စဉ်းစားပါ)
သူတစ်ပါးတွေက ကိုယ်အတွက်
ဘာလုပ်ပေးနိုင်မယ်ဆိုတာကိုမျှော်မနေပါနဲ့ ...
ကိုယ်ကသာသူများတွေအတွက်
ဘာလုပ်ပေးနိုင်မယ်ဆိုတာကိုသ
စဉ်းစားထားပါ ....

(ရှိပါစေ)
သဘာဝကပေးလာတဲ့
အကောင်းအဆိုးလက်ဆောင်တွေကို
မမှိတ်မသုန်လက်ခံနိုင်တဲ့
နှလုံးသားရှိပါစေ ....

(ကောင်းအောင်နေ)
သညာခေတ်ကြီးလား ...
တဏှာခေတ်ကြီးလား ...
ဘာခေတ်ကြီးပဲဖြစ်ဖြစ်
အရေးကြီးတာကမင်းကောင်းအောင်နေ ...

(ရပ်တည်ပါ)
လူယုတ်မာတွေများတဲ့
လောကမှာ လူကောင်းတစ်ယောက်
အဖြစ်ရပ်တည်ပါ ....
သူတစ်ပါး သားမယားစော်ကားမှ
လူယုတ်မာမဟုတ်ဘူး ...
ကျေးဇူးတရားကိုမသိတတ်သူ
ကျေးဇူးကန်းသူတွေဟာလည်း
လူယုတ်မာပဲ ။

ဲ(ငြိမ်းချမ်းသူ)

မေတ္တာဆိုတာ ယူသွားတဲ့လူတော့မသိဘူး
ပေးနေတဲ့လူကတော့ အင်မတန်ကိုငြိမ်းချမ်းတယ် ...

(ပညာမဲ့သူ)
လောကမှာ ပညာမဲ့သူတွေဟာ
အင်မတန်အငြင်းအခုန်သန်ကြတယ် ...
တယူသန် ..တဇွတ်ထိုးငြင်းခုန်နေတဲ့ သူဆိုရင်
ပညာမဲ့သူလို့လွယ်လင့်တကူသိနိုင်တယ်...

(ရှာဖွေပါ)
စစ်မှန်တဲ့ ပျော်ရွှင်မူနဲ့
ငြိမ်းချမ်းသာယာမူဆိုတာ
ငွေနဲ့ဝယ်ယူလို့မရပါဘူး
မွန်မြတ်တဲ့ အသိပညာတွေနဲ့ပဲ
ရှာဖွေယူရတာပါ ....

(လိုအပ်ချက်)

လျှမ်းလျှမ်းတောက်အောင်မြင်လို့
ဟိုးလေးတကျော်ကျော် ဖြစ်နေတဲ့
သူတွေကိုလည်းတဆိတ်လောက်မေးကြည့်ပါ...
လိုအပ်ချက်တစ်ခုတော့ရှိနေတယ် ....

လိုချင်တောင်းတမူတွေရှိနေသေးသရွေ့
လိုအပ်ချက်ဆိုတာရှိနေအုံးမှာပါ ..

(ပညာမဲ့နဲ့ပညာရှိ)

ပညာမဲ့တဲ့သူတွေဟာ
အချိန်ပြည့်ရုပ်လှဖို့ပဲကြိုးစားနေကြတယ်
ပညာအသင့်တင့်ရှိတဲ့သူက တော့
စိတ်လှဖို့ပဲ အချိန်ပြည့်ကြိုးစားတယ်
ပညာအရှိဆုံးလူကတော့
စိတ်ရော ရုပ်ရောဖြစ်တည်စေတဲ့
အကြောင်းတရားတွေကို
အဆုံးသတ်ပစ်ဖို့ပဲ အချိန်ပြည့်
ကြိုးစားနေတော့တယ် ...

(မေတ္တာတရား)
သူတစ်ပါးအကျိုးကိုအလိုမရှိရင်
ကိုယ့်ဘ၀အတွက်လည်း
မွန်မြတ်တဲ့ကောင်းကျိုး
ချမ်းသာတွေရှိလာမှာမဟုတ်ဘူး ...
ဒါကြောင့် ...တစ်ဦးအပေါ်တစ်ဦး
အကျိုးလိုလားတဲ့ မေတ္တာတရားနဲ့ဆက်ဆံပါ။

(ကျေးဇူးတင်ပါ)
အပေါ်ကိုမြောက်မတက်သွားအောင်ဆွဲထားပေးတဲ့
ကမ္ဘာမြေကြီးရဲ့ဆွဲအားကိုကျေးဇူးတင်ပါ ....

" ကျေးဇူးသိတတ်မှသာ အောက်ခြေမလွတ်မှာလေ"

(များခဲ့ပြီ)

သဘာဝတရားရဲ့ မပြည်စုံတဲ့
ရုပ်ပြတစ်ခုအဖြစ် ရှင်သန်နေခဲ့ရတဲ့ဘ၀တွေက
များခဲ့ပြီ .. "အမေ"

(ဖြတ်သန်းလိုက်)

ဘ၀ဆိုတာ မျော်လင့်ထားတဲ့အရာတွေထက်
မမျော်လင့်ထားတဲ့အရာတွေက ပိုပြီးဖြစ်လာတတ်ပါတယ် ..
သဘာဝကျကျဖြတ်သန်းလိုက်ပါ...

(သိအောင်လုပ်)
ဘ၀က အဥာဏတွေများလေလေ
ဆင်းရဲလေလေပဲ ..
ချမ်းသာချင်လား...သိအောင်လုပ်ပါ..
သဘာဝအရှိကိုအရှိအတိုင်းလက်ခံနိုင်ဖို့
အမှန်တရားကို အမှန်တိုင်းသိမြင်နိုင်ဖို့ပါ

(ရိုးသားမူနဲ့စတိုင်ထုတ်ပါ)

တန်ဖိုးကြီးတဲ့အကောင်းစား အ၀တ်တွေ
ဖိနပ်တွေ ၀ယ်စီးနိုင်မှ ဂုဏ်မြင့်သွားမှာမဟုတ်ဘူး..
သင့်တင့်တဲ့ အ၀တ်အစားနဲ့ပဲ
ရိုးရိုးသားသားနေတတ်မယ်ဆိုရင်
ဂုဏ်ကမြင့်နေပါပြီ.....

စကားချပ် ။ ။
သူငယ်ချင်းတွေ ကိုလည်းမြတ်ဘုရားရဲ့အဆုံးအမတွေကိုနှလုံးသွင်းတတ်စေပြီး

ဘ၀ကိုရိုးရိုးသာသားရှုမြင်တတ်သူတွေအဖြစ်နဲ့ပဲရပ်တည်သွားစေချင်တာပါ။
တစ်ယေက်နဲ့တစ်ယောက်ဂုဏ်တုဂုဏ်ပြိုင်ကြွားဖို့ဝါဖို့လုပ်နေရင်းနဲ့ ပဲ
အချိန်တွေမကုန်စေချင်ဘူး။အ၀တ်စားနဲပက်သက်ပြီး ထပ်ပြောပါရစေအုံး။
ကျွန်တော်တို့ရဲ့ သုံးလောကထွဋ်ထားမြတ်ဘုရားရှင်ဟာ သုဿန်တစပြင်က
အ၀တ်ဟောင်းတွေကို တစ်စဆီချုပ်ပြီးသပ္ပယ်စွာဝတ်ရုံလို့
လောကကြီးကောင်းကျိုးအတွက် သာသနာတော်ကို မိုးထဲရေထဲနွေနေပူထဲမှာ
မနားတမ်းပြုသွားခဲ့တာပါ ။အင်မတန်လေးစားကြည်ညိဖို့ကောင်းသလို
အင်မတန်လေးစားအားကျအတုယူထိုက်ပါတယ် ။တကယ်ဆိုရင်
မြတ်စွာဘုရားရှင်ဟာ ဘုန်းတော် အနန္ဒ တန်ခိုးတော်အနန္ဒ ဖြစ်လို့
အကောင်းဆုံးသော အ၀တ်တန်ဆာကိုသာ
ဆင်မြန်းရမှာပါ ။ မြတ်စွာဘုရားကိုယ်တော်တိုင်လည်း တန်ခိုးတော်နဲ့
အကောင်းဆုံးသောအဆင်တန်ဆာတွေကို ဖန်ဆင်းလို့ရပါတယ် ။ဒါပေမယ့်
မြတ်စွာဘုရားဟာ လောကဓံတရားကိုတန်ခိုးနဲ့ ဖြတ်မကျော်သွားပါဘူး
ကြမ်းတမ်းပါတယ်ဆိုတဲ့ မုယောစပါးတွေကိုတောင် ဘုဉ်းပေး
သုံးဆောင်ပြီး
ဘ၀ကိုသဘာဝကျကျ လက်တွေ့ကျကျ ပဲဖြတ်သန်းသွားခဲ့ပါတယ် ။
ဒီလောက်ဆိုရင် ကျွန်တော်ပြောချင်တဲ့သဘောထားကိုသိလောက်ပါပြီ။
ဘ၀ကို ပကာသနတွေနဲ့ထုံးမွှမ်းပြီး ဘ၀င်မမြင့်သွားစေချင်ဘူး။
မြတ်ဘုရားရဲ့အဆုံးအမတွေနဲ့ထုံးမွှမ်းပြီး ဘ၀မြင့်စေချင်တာပါ။

(လေထဲမှာ)

ဗုဒ္ဓံသရံဏံ ဂစ္ဆာမိလို့ ပါးစပ်ကရွတ်နေပြီး
ဗုဒ္ဓရဲ့ လေးစားထိုက်တဲ့ဂုဏ်တွေ ကိုမကြည်ညိုတတ်ရင်
ဗုဒ္ဓရဲ့ မြင့်မြတ်တဲ့ အဆုံးအမတွေကို မနာခံတတ်ရင်
ဗုဒ္ဓံသရံဏံ ဂစ္ဆာမိ ဆိုတာ လေထဲရောက်သွားရုံပဲ အဖတ်တင်မှာပါ ။

(မမွဲဘူး)
သိန်းတစ်ထောင်ထီ ပေါက်တာ က
ကံအကြောင်းတရားမလှရင်မွှဲသွားနိုင်ပါသေးတယ်
မြတ်ဘုရားရဲ့ အဆုံးအမတွေကို ခံယူထားတဲ့သူကတော့
ဘ၀သံသရာတစ်လျောက်လုံးဘယ်တော့မှ
မမွှဲတော့ပါဘူး....ချမ်းသာပြီးရင်းချမ်းသာလာတော့မှာပါ ။

(ပကာသန)

လူတွေဟာ စစ်မှန်တဲ့ ဂုဏ်တွေကို မျက်ကွယ်ပြုပြီး
ပကာသနဂုဏ်တွေနောက်ပဲလိုက်နေကြတယ် ။

(ဗုဒ္ဓဘာသာ )

လာစမ်းပါ ..စမ်းကြည်စမ်းလို့
ရဲရဲတောက် ဖိတ်ခေါ်ရဲတဲ့ တရားစစ်တရားမှန်တွေဟာ
ဗုဒ္ဓဘာသာ မှာပဲရှိတယ် ။
ဝေဖန်ခွင့် ..စိစစ်ခွင့်ရှိတဲ့
ဝိဘဇ္ဇ၀ါဒီ ပါ။
ရမ်းယုံကန်းယုံနေတဲ့ လမ်းဆုံဝါဒီမဟုတ်ဘူး။

(law of reflection)

လောကကြီးဟာ မှန်တစ်ချပ်ဖြစ်မယ်ဆိုရင်
ကိုယ်ပေးလိုက်တဲ့ စေတနာအလင်းတန်းတွေဟာ
တစ်နေ့ကိုယ်ဆီတန်ပြန်လာမှာပါပဲ ။
ဘယ်တော့မှမလွှဲပါဘူး
ုlaw of reflection နိယာမအတိုင်းပေါ့ ။

(ပယ်ဖျောက်ထား)
ဘ၀ကိုအထက်တန်းကျကျပျံသန်းချင်ရင်
မာနကြီးတာတွေ ဘ၀င်မြင့်တာတွေကို
အရင်ဆုံးပယ်ဖျောက်ထားမှဖြစ်မယ် ။

(အခြေခံ)

မေတ္တာတရားနှင့် ကိုယ်ကျင့်တရားတို့သည်
အောင်မြင်ကြီပွားခြင်းနှင့် ငြိမ်းချမ်းသာယာခြင်းတို့ကိ
အခြေပြုထား၏

(ဘ၀ရဲ့သီအိုရီ)

သဘာဝတရားဆိုတာ ဘ၀ရဲ့သီအိုရီပါ။
ဘ၀ရဲ့သီအိုရီကို ကျွမ်းကျင်နားလည်မှသာ
ဘ၀နဲ့ပက်သက်တဲ့အခက်အခဲတွေကိ
မှန်မှန်ကန်ကန် ဖြေရှင်းတွက်ထုတ်နိုင်မှာပါ

(အာရှတိုက်ရဲ့လင်းရောင်ခြည် )

အတိတ်ကသယ်ဆောင်လာခဲ့သည့်
ုဒုက္ခဆင်းရဲများကိုလည်း ငြိမ်းချမ်းစေ၏
လက်ရှိပစ္စက္ခမှ ပူပင်ဆင်းရဲမူများကိုလည်းပြေပျောက်စေ၏
နောင် အနာဂါတ်အတွက်လည်း အနိုင်းမဲ့ချမ်းသာစေနိုင်၏
ဤအရာကား အခြားမဟုတ်ပေ။
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်၏
ဝိပဿနာတရားမြတ်ပင်ဖြစ်၏

(လက်တွေ့ရှိပါစေ )

သုတတွေမှာရပ်မနေပါနဲ့
ကြံစည်စဉ်းစားသုံးသပ်ဝေဖန်လိုက်ပါအုံး ...
ပြီးရင် ..လက်တွေ့ကျကျ လုပ်ဆောင်ကြည့် ။

(တန်းတူ)

လူဖြစ်ပြီး လူလိုမှမသိတတ်ရင်
လူလိုမှနားမလည်ရင်
ခွေးတွေတရိစ္ဆာန်တွေနဲ့ တန်းတူဖြစ်သွားမယ်။

(ဖြစ်မှာပဲ)

ပြုတိုင်းဖြစ်နေတဲ့ င်္သခတနယ်ထဲမှာ
ကောင်းတာပဲလုပ်လုပ် ဆိုးတာပဲလုပ်လုပ်
ဖြစ်မှာပဲ ....
ကောင်းတာလုပ်ရင်ကောင်းတဲ့ အကျိုးခံစားရမယ်
မကောင်းတာလုပ်ရင်မကောင်းတဲ့အကျိုးခံစားရမယ်
မကောင်းတာလုပ်ပြီးမှ " အဖေ ကယ်ပါအုံး " ဆိုပြီး
အယူခံဝင်လို့မရဘူး.. ဖြစ်မှာပဲ ။

(အမြတ်)

ယူပြီးပြန်သွားတဲ့လူတွေက သံသရာမှာအမြတ်မရှိဘူး
ပေးပြီးပြန်သွားတဲ့လူတွေက သံသရာမှာအမြတ်ရှိတယ် ။

(၀မ်းသာပါ)

မနာလိုမူတွေများတဲ့လူရဲ့ ဘ၀ဟာ
ဘယ်တော့မှမချမ်းသာပါဘူး ။
ရုပ်ပိုင်းဆိုင်ရာတွေပြီးပြည့်စုံနေရင်တောင်
စိတ်ပိုင်းဆိုင်ရာက အမြဲတန်းမနာလိုမူတွေနဲ့
ပူလောင်နေရမှာပါ။
တကယ်ချမ်းသာချင်ရင် ၀မ်းသာမှဖြစ်မှာပါ။
"၀မ်းသာမှ ချမ်းသာမယ်လေ"..

(Universal truth)

အခြားမှန်ပါတယ်ဆိုတဲ့ အယူဝါဒတွေဟာ
သဘာဝတရားနဲ့ထပ်တူမကျလို့
မှန်တာတွေက အမှားဖြစ်သွားနိုင် တယ်
မြတ်ဗုဒ္ဓ ဟောဖော်ပြခဲ့တဲ့ သစ္စာလေးပါးမြတ်တရားက
သဘာဝတရားစစ်စစ် ပရမတ္ထဖြစ်နေလို့
မှန်ပြီးရင်းမှန်နေတယ် ....
အမြဲတန်းမှန်ကန်နေတယ်
Universal Truth !

(မဂ္ဂင်လမ်း)

ဘ၀ရဲ့အတွေအကြုံတွေ
ဘယ်လောက်ပဲရင့်ကျက်နေပါစေ....
မြတ်ဘုရားရဲ့ မဂ္ဂင်လမ်းပေါ်
မလျှောက်နိုင်သေးသရွေ့
ဘ၀ရဲ့အတွေအကြုံတွေဟာ
အဓိပ္ပါယ်မဲ့ နေတုန်းပါပဲ ။

(မလွယ်ဘူး)
အရေပြားပေါ်မှာထိုးထားတဲ့ ဆေးမှင်ကြောင်က
ဖျက်ပစ်ဖို့လွယ်ရင်လွယ်အုံးမယ် ...
နှလုံးသားမှာထိုးထားတဲ့ အပါယ်လေးဘုံက
ဖျက်ပစ်ဖို့မလွယ်ဘူး ...

(မနိမ့်ဘူး)

အဆိုးဆုံးသော အခြေအနေတွေထဲမှာ
အကောင်းဆုံးရပ်တည်နိုင်ခဲ့တဲ့
အရည်အချင်းတွေဟာ မနိမ့်ပါဘူး ..

(ကြီးမားတဲ့ အကုသိုလ်)

မိဘကျေးဇူး မဆပ်နိုင်သေးတာက
ကြီးမားတဲ့အကုသိုလ်မဟုတ်ဘူ
မိဘ စိတ်ဆင်းရဲအောင်လုပ်လိုက်တာက
ကြီးမားတဲ့အကုသိုလ်...
အသိအခါခါပွားလို့သတိရင်မှာထားပြီးနေ...

(ယုံကြည်ချက် )

သူတစ်ပါးကိုယ်ကို ယုံတာ မယုံတာက
အရေးမကြီးပါဘူး...
ကိုယ်ဘ၀ကိုယ် ယုံကြည်ချက်ခိုင်မာဖို့ပဲအရေးကြီးတယ်..
"ယုံကြည်ချက်အားကောင်းမှသာ
အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်မှာလေ"

(ဘ၀နဲ့သူတော်ကောင်းတရား)

အဓိပ္ပါယ်ရှိတဲ့ ဘ၀ကိုပိုင်ဆိုင်ချင်ရင်
သူတော်ကောင်းတရားကိုလက်ကိုင်ထားပြီး
ကြိုးစားရုန်းကန်ပါ ။

ဘ၀ဆိုတာ ရုန်းကန်ခြင်းပဲလေ ...
ဒါပေမယ့် အဓိပ္ပါယ်တော့ရှိစေချင်တယ် ။

(သည်းခံပါ)

အမြတ်ဆုံးဘ၀ကိုရချင်ရင်သည်းခံပါ
အငြိမ်းချမ်းဆုံးဘ၀ကိုရချင်ရင်သည်းခံပါ
အအောင်မြင်ဆုံးဘ၀ကို ရချင်ရင်သည်းခံပါ

(အချိန်မရွေး)

လူကြီးပဲဖြစ်ဖြစ် လူငယ်ပဲဖြစ်ဖြစ်
ဒိဌိ မကွာနိုင်သေးဘူးဆိုရင်
မျက်စိမှိတ်ပြီးလမ်းလျှောက်နေတာနဲ့အတူတူပါပဲ ...
အကုသိုလ်ကြီးကြီးမားမားတွေကို
အချိန်မရွေး ခလုတ်တိုက်မိသွားနိုင်တယ်။

(ဘုရားသဘောကျအောင်နေ)

ဘယ်သူတွေဘာပဲပြောပြော
ဘုရားသဘောကျအောင်သာနေပါ

ဘုရားသဘောကျအောင်နေတတ်မယ်ဆိုရင်
လက်ရှိပစ္စက္ခဟာ အငြိမ်းချမ်းဆုံးပေါ့။

(လမ်း)
လမ်းလျှောက်နေရင်းနဲ့တော့လမ်းမပျောက်ပါဘူး
လမ်းမလျှောက်တော့မှသာ လမ်းပျောက်သွားမှာ ပါ
လမ်းမပျောက်ချင်ရင် လမ်းလျှောက်ပါ။

(မတော်တဆ)
မတော်တဆဆိုတာ သတိမရှိတဲ့သူတွေဆီမှာပဲဖြစ်ရတာ ...
သတိရှိနေတဲ့သူတွေဆီမှာမတော်တဆဆိုတာ မရှိဘူး
ဘ၀မှာ မတော်တဆတွေမဖြစ်ချင်ရင်သတိရှိရှိနေပါ ။

(စာဖတ်ပါ)

မိဘကဆင်းရဲဒုက္ခခံပြီး ကျောင်းထားပေးတာ
စာတတ်ဖို့ .....စာတွေဖတ်တတ်ဖို့ပါ။
စာတွေတတ်ပြီးစာမဖတ်ရင်
မိဘကျေးဇူးစော်ကားနေတာနဲ့အတူတူပဲ
ဒါကြောင့် ...စာဖတ်ပါ။

(အမှန်တရား)
အမှန်တရား ကိုတန်ဖိုးထားပါ
အမှန်တရားကို မြတ်နိုးသွားပါ
အမှန်တရားကိုလက်တွဲထားပါ
ဒါမှ ....ကိုယ့်ဘ၀ဟာ အမှန်တရားနဲ့ထပ်တူကျမှာ....

(တန်ဖိုးရှိတဲ့အချိန်)

အချိန်ကိုလေးစားတယ်ဆိုရင်
ကုသိုလ်ကို တန်ဖိုးထားပြီးနေပါ။
ကုသိုလ်တွေများပြီးကုန်သွားတဲ့
အချိန်တွေကသာ တန်ဖိုးရှိနေတာကိုး .......

(မြတ်သောစိတ်)

အတ္တနဲ့ယှဉ်ပြီးယူနေတဲ့ စိတ်ကမမြတ်ဘူး
ဒါန နဲ့ ယှဉ်ပြီး ပေးနေတဲ့စိတ်ကမြတ်တယ်....

(နားလည်မူ)
လောကမှာ နားလည်မူဆိုတာ
ဘ၀ရဲ့အရေးကြီးဆုံးထွက်ပေါက် ....

"သတ္တ၀ါမှန်သမျှ နားမလည်လို့
ဒုက္ခရောက်နေကြတာ "

(ရေလှူပါ)

ချမ်းသာချင်ရင် မြတ်စွာဘုရားကို
သောက်တော်ရေ ပုံမှန်လှူပါ ။

မှတ်ချက်။ ။ မြတ်စွာဘုရားကိုသောက်တော်ရေလှူသည့်အခါ ကြည်ညိုလေးစားမူ
သဒ္ဓါတရားအပြည့်နှင့်ကပ်လှူပါ။မိမိကပ်လှူလိုက်သည့်
သောက်တော်ရေခွက်ကို မြတ်စွာဘုရားကိုယ်တိုင်
ယူဆောင်သောက်သုံးတော်မူပြီး
သောက်တော်ရေခွက်အားတဖန်ပြန်စွန့်လိုက်သည့်အချိန်ထိအာရုံကူး၍
လူဒါန်းပါ။ ထိုအာရုံကိုပဲ နှလုံးသားထဲမှာ
ငါးမိနစ်လောက်ပွားများပေးပါ
သဒ္ဓါတရားရဲ့ ကြည်လင်အေးမြမူကို ကိုယ်တွေ့ခံစားရပါလိမ့်မယ်။
မိမိတတ်နိုင်တဲ့ စေတနာ နဲ့လှူဒါန်းလိုက်ရတဲ့ကုသိုလ်


ဖေ့ဘုတ်မှ - မြန်မာသွေးပုဂံသား page မှ ပြန်လည်မျှဝေပါသည်။

Posted by စိမ့်စမ်းရေ on Tuesday, August 13, 2013

0 comments

Post a Comment