မီးခိုးမထွက်သော ဆေးရွက်ကြီးကို စွဲလမ်းစေတတ်သည့် နီကိုတင်းဓာတ်ပါရှိမြဲဖြစ်ကာ သင်၏တွေးခေါ်မြော်မြင်မှုနှင့် အပြုအမူများတွင် ဆိုးကျိုးကျရောက်နိုင်သည်။

ဆေးရွက်ကြီးထည့်ပြီး ကွမ်းစားခြင်းကဲ့သို့ မီးခိုးမထွက်သော ဆေးရွက်ကြီးသုံးစွဲမှုသည် သင်၏သွေးတွင်း နီကိုတင်းရောက်စေရာတွင် စီးကရက်သောက်ခြင်းထက်သာလွန်သည်။

အခြားအန္တရာယ်များမှာ-
သွားအရောင်ပျက်ခြင်းနှင့် သွားများပွန်းပဲ့ခြင်း အပါအဝင် သင်၏သွားများ ပျက်စီးမှုဖြစ်ရခြင်း
သွားဖုံးများ ပျက်စီးခြင်း
ခံတွင်းအတွင်း အနာများဖြစ်ခြင်း
ခံတွင်း ကင်ဆာရောဂါဖြစ်စေခြင်း
နှလုံးရောဂါထခြင်း အန္တရာယ်ဖြစ်စေခြင်း
ကိုလက်စထရောနှင့် သွေးတိုးရောဂါဖြစ်စေခြင်းတို့ဖြစ်ကြသည်။

Health
 
from Facebook- Mg Mandalay

Posted by စိမ့်စမ်းရေ on Monday, August 27, 2012