ဦးနှောက်အလုပ်လုပ်ပုံပေါ် မူတည်ပြီး ဘယ်သန်နဲ့ ညာသန်ကွာခြားနေရခြင်း ဖြစ်ပါတယ်။ ဦးနှောက်ရဲ့ ဘယ်ဘက်ခြမ်းဟာ ခန္ဓာကိုယ်ညာဘက်ခြမ်းကို ထိန်းချုပ်နေပြီး ဦးနှောက်ညာဘက်ခြမ်းကတော့ ခန္ဓာကိုယ်ဘယ်ဘက်ခြမ်းကို ထိန်းချုပ် နေပါတယ်။

ဦးနှောက်ရဲ့တစ်ခြမ်းက တခြားတခြမ်းထက် အမြဲပိုပြီး သန်မာကာ ပိုလွှမ်းမိုးတတ်တာကြောင့် ခန္ဓာကိုယ် တစ်ဘက်ခြမ်းကလည်း တခြားတစ်ဘက် ထက်ပိုပြီး ဖွံ့ဖြိုးကာ ပိုအစွမ်းထက်နေခြင်း ဖြစ်ပါတယ်။ လူအများစု (၉၀ရာခိုင်နှုန်း နီးနီးပါ။ အမျိုးသမီးက အမျိုးသားထက်ပို) မှာ ဘယ်ဘက်ဦးနှောက်က လွှမ်းမိုးနေတတ်တာကြောင့် ညာသန်တွေ ဖြစ်နေရတာပါ။

ဘာကြောင့် ဘယ်သန်တွေရဲ့ ဦးနှောက်က အများစုနဲ့မတူဘဲ ပြောင်းပြန်အတိုင်း ဖွံ့ဖြိုးနေရသလဲဆိုတာ သိပ္ပံပညာရှင် တွေလည်း မသိကြပါဘူး။ ဒါပေမယ့် ဘယ်သန်နဲ့ ညာသန်ဘာမှလည်း သိပ်မကွာလှပါဘူး။ တကယ်တမ်းပြောရမယ်ဆိုရင် ဘယ်သန်တွေကတောင် ပိုပြီးသာသလိုဖြစ်နေပါတယ်။

ဘာကြောင့်လဲဆိုတော့ ဘယ်သန်တွေဟာ ညာသန်တွေ အတွက်သာ အဓိကတီထွင်ပြုလုပ်ထားတဲ့ ပစ္စည်းကိရိယာများကို အသုံးပြုရတဲ့အခါ ညာဘက်ကိုသာ အသင့်အတင့် အသုံးပြတတ်ကြတာကြောင့်ပါ။ ဒါကြောင့်လည်း ဘယ်သန်တဲ့ ဘေ့စ်ဘော ကစားသမားတွေဟာ ညာသန် ကစားသမားတွေထက်စာရင် ပိုပြီးတော်နေကြတာပါလို့ သိပ္ပံပညာရှင်တွေက ယူဆထားကြပါတယ်။

ဘယ်ရော ညာပါသန်တဲ့ လူအချို့လည်းရှိပါတယ်။ အလုပ်တစ်ခုကို ဘယ်လက်နဲ့မဆို တန်းတူညီမျှပြုလုပ်တတ်တဲ့ လူမျိုးတွေပါ။ တချို့လူတွေကျတော့လည်း ဘယ်သန်ညာသန်မသိသာဘဲ နှစ်မျိုးရောနေတတ်ပါတယ်။ စာရေးရင်ညာဘက်၊ ထမင်း စားရင်ဘယ်ဘက်စသဖြင့် တချို့ကိစ္စတွေကို ဘယ်လက် နဲ့ပိုလုပ်တတ်သလို တချို့ကိုလည်း ညာနဲ့သာ လုပ်တတ်ကြ ပါတယ်။
 
ref: facebook Mg Mandalay

Posted by စိမ့်စမ်းရေ on Monday, August 27, 2012