လက်တွေ့တီထွင် ဖန်တီးရန်..............



( http://hackedgadgets.com )


တီထွင်ဖန်တီးမှုကို စိတ်ပါဝင်စားသူတွေနဲ့ အိမ်မှာနေရင်း ပစ္စည်းအသစ်အဆန်းလေးတွေ ဖန်တီးလိုသူတွေအတွက် လေ့လာပြီး နည်းယူနိုင်မယ့် DIY ၀က်ဆိုက်တစ်ခုဖြစ်ပါတယ်။

နေ့စဉ် gadget အသစ်အဆန်းတစ်ခုစီကို ပြုလုပ်ပုံ၊ ပြုလုပ်နည်းတွေနဲ့ ပြည့်စုံစွာ ဖော်ပြပေးထားပြီး လေ့လာသူတွေ လက်တွေ့လိုက်လုပ်နိုင်အောင်လည်း အဆင့်တစ်ခုစီနဲ့ ရှင်းပြထားပါတယ်။

ဗီဒီယိုနဲ့လည်း တွဲဖက်ဖော်ပြပေးထားတာကြောင့် ပစ္စည်းတစ်ခုကို ဖန်တီးပြုလုပ်ပြီးရင် ဘယ်လို ပုံစံ ထွက်ပေါ်လာမလဲဆိုတာနဲ့ ဘယ်လိုပုံစံမျိုး အသုံးပြုနိုင်တယ်ဆိုတာတို့ကို ရှင်းရှင်းလင်းလင်း မြင်တွေ့ သိရှိနိုင်မှာ ဖြစ်ပါတယ်။

အိမ်မှာနေရင်း နည်းပညာ ပစ္စည်း အသေးအဖွဲ့လေးတွေနဲ့ အသစ်အဆန်းလေးတွေကို ကိုယ်တိုင် ဖန်တီး အသုံးပြုနိုင်မှာ ဖြစ်သလို၊ အနီးပတ်ဝန်းကျင်က အလွယ်တကူ ရနိုင်တဲ့ ပစ္စည်းတွေကိုပဲ အသုံးပြုလို့ရတာကြောင့် ငွေကြေုးကုန်ကျမှုကိုလည်း သက်သာစေမှာဖြစ်ပါတယ်။


Posted by စိမ့်စမ်းရေ on Friday, July 13, 2012