အနုပညာ မဂ္ဂဇင်း...............


( http://34st.com )

အွန်လိုင်းပေါ်ကနေ အခမဲ့ ဖတ်ရှုနိုင်တဲ့ အနုပညာ မဂ္ဂဇင်း ၀က်ဘ်ဆိုက်တစ်ခု ဖြစ်ပါတယ်။ အနုပညာနဲ့ ပတ်သတ်တဲ့ကဏ္ဍတွေ စုံလင်စွာ ပါဝင်ပြီး သီချင်း၊ ရုပ်ရှင်၊ အစားအစာကဏ္ဍ၊ အနုပညာ သတင်းဆောင်းပါး ကဏ္ဍ နဲ့ အောင်မြင်ကျော်ကြားသူတွေရဲ့ အကြောင်း စသည်ဖြင့် စုံနေအောင် ဖတ်ရှုရမှာ ဖြစ်ပါတယ်။

အင်တာဗျူးတွေ၊ နာမည်ကျော် ပုဂ္ဂိုလ်အချို့ရဲ့ ဘ၀အကြောင်းတွေ၊ အနုပညာရှင်လမ်းညွှန်တွေ၊ စိတ်ဓာတ် တက်ကြွစေမယ့် ပညာပေး သတင်းဆောင်းပါးတွေအပြင် ကဏ္ဍတစ်ခုချင်းစီအတွက် guideline တွေကိုလည်း ထည့်သွင်း ဖော်ပြပေးထားပါတယ်။

အနုပညာရှင်တွေရဲ့အကြောင်းသာမက ၄င်းတို့ဆီမှာ အစ်ပတ်အတွင် ထင်ရှားကျော်ကြားတဲ့ တေးသီချင်းဓာတ်ပြားတွေ စာရင်းတွေကိုလည်း စုစည်းဖော်ပြပေးထားပါသေးတယ်။

 အပတ်စဉ်ထုတ် စာစောင်တွေကို PDF အနေနဲ့လည်း ရယူနိုင်မှာ ဖြစ်သလိုအင်တာဗျူးတွေ၊ သုံးသပ်ချက်တွေနဲ့ စုံလင်တဲ့ အွန်လိုင်းဝက်ဘ်ဆိုက်တစ်ခုလည်း ဖြစ်ပါတယ်။

Posted by စိမ့်စမ်းရေ on Friday, July 13, 2012