အလုပ်အကိုင်ရှာဖွေရန်.........

(http://www.myanmarbestjob.com)




ပြည်တွင်းက အလုပ်အကိုင် ရှာဖွေနေကြသူတွေနဲ့ အလုပ်ရှင်တွေအတွက် ကောင်းမွန်ပြည့်စုံတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို စုစည်း ဖော်ပြပေးနေတဲ့ အခမဲ့ ၀န်ဆောင်မှု ၀က်ဆိုက်တစ်ခု ဖြစ်ပါတယ်။

အမှန်တကယ် အလုပ်ရှာဖွေနေသူတွေနဲ့ ၀န်ထမ်းကောင်း လိုချင်တဲ့ အလုပ်ရှင်တွေအတွက် အထောက်အကူကောင်းတွေ ပေးနိုင်မှာ ဖြစ်ပြီး ကဏ္ဍစုံလင်စွာ ပါဝင်တဲ့အပြင် လစ်လပ်နေတဲ့ နေရာတွေကိုလည်း များပြားစွာ တွေ့ရမှာ ဖြစ်ပါတယ်။

လုပ်ငန်းနေရာတစ်ခုချင်းအလိုက် အက္ခရာ စဉ်နဲ့ စီစဉ်ဖော်ပြပေးထားပြီး လစ်လပ်နေရာ အရေအတွက်ကိုလည်း ၄င်းအလုပ်ရဲ့ နောက်မှာ တွဲဖက်ဖော်ပြပေးထားတာ ဖြစ်ပါတယ်။

အလုပ်ရှာဖွေနေသူတွေအတွက် account တစ်ခုဖွင့်ထားပြီး လစ်လပ်နေရာတွေကို ရှာဖွေနိုင်မှာ ဖြစ်သလို လုပ်ငန်းရှင်တွေအတွက်လည်း account သီးသန့် ဖွင့်ထားနိုင်ပါတယ်။

အမြဲ update ဖြစ်တဲ့ အလုပ်ခေါ်စာတွေကိုသာ ထည့်သွင်းဖော်ပြထားတာကြောင့် အမှန်တကယ် အသုံးဝင်ပါတယ်။

Internet journal
Thursday, July12 , 2012

(သရုပ်ဖော် ပုံလေးက မိမိဘာသာ ထည့်ထားခြင်းသာ )

Posted by စိမ့်စမ်းရေ on Friday, July 13, 2012