ဗုဒ္ဓဘာသာအကြောင်း လေ့လာရန်...............


( http://www.buddhanet.net )


ဗုဒ္ဓဘာသာအကြောင်းကို စိတ်ပါဝင်စားစွာလေ့လာချင်သူတွေနဲ့ ပိုမိုပြည့်စုံစွာ သိရှိလိုသူတွေအတွက် ရေးသားပေးထားတဲ့ ဆိုက်တစ်ခု ဖြစ်ပါတယ်။

ဒီဝက်ဆိုက်မှာဆိုရင် ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို စုံလင်စွာလေ့လာနိုင်မှာ ဖြစ်ပြီး  ကဏ္ဍတွေကိုလည်း  စုံလင်နေအောင် ထည့်သွင်းပေးထားပါတယ်။

ဗုဒ္ဓဘာသာကို စိတ်ပါဝင်စားပြီး လေ့လာလိုသူတွေ၊   အတွက် အခြေခံနေစပြီး လေ့လာနိုင်အောင် စီ စဉ်ပေးထားကာ ဗုဒ္ဓရဲ့ စာစဉ်တွေကိုလည်း  သင်ကြားလေ့လာနိုင်စေဖို့အတွက် ပြုလုပ်ပေးထားပါသေးတယ်။

E-library  ကဏ္ဍမှာ အထက်ပါ အကြောင်းအရာတွေကို ကြိုက်နှစ်သက်ရာ ဘာသာစကားနဲ့  ရွေးချယ် ဖတ်ရှု လေ့လာနိုင်မှာ ဖြစ်တဲ့အပြင်  ဗုဒ္ဓရဲ့ တရားတော်တွေနဲ့ လမ်းညွှန်ပြသချက်တွေကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။

ဗုဒ္ဓနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို စာတွေ့သာမက ပုံတွေနဲ့ တကွပါ ကြည်ညိုစွာ လေ့လာနိုင်ပါတယ်။




Posted by စိမ့်စမ်းရေ on Friday, July 13, 2012