အသိတစ်ယောက်က မေးထားတာကို သိသလောက်လေး ပြန်ပြောထားတာပါ။

မေးထဲက ချက်ဘောက်စ်လေးကို ညဘက်ရွှေ့လို့ရသလားတဲ့။

ခု သူဇာလေးတို့ အသုံးပြုနေတဲ့ မေးထဲက ချက် ဘောက်စ့် လေးက ဘယ်ဘက်မှာဆိုတာ အားလုံး သိကြမှာပါ။

အဲ့ဒိ ဘောက်စ့်လေးကို ညာဘက်ရွှေ့လို့ရတယ်။ ဒါကလည်း ဟိုမေး ဒီစမ်းနဲ့ သိထားတာပါ။ ကိုယ့်ဘာသာ ရှာတွေ့ထားတာတော့ မဟုတ်ပါဘူး။

ကိုယ်သိတော့ မသိသေးသူများကိုလည်း ဝေမျှချင် တာပေါ့နော်။

ကဲ..ဒါဆို သွားကြရအောင်...။

ဂျီမေးရဲ့ မျက်နှာပြင်က ညဘက်ခြမ်း အပေါ်ဘက်နားလေးမှာ စက်သွားပုံ အ၀ိုင်းလေးတစ်ခုကို မြင်ရမှာပါ။

အဲ့ဒါကို ကလစ်လိုက်ရင်တော့ အထဲမှာ setting ဆိုတာကို တွေ့ရပါလိမ့်မယ်။ ကလစ်လုပ်လိုက်ပါ။

Setting အခန်းပွင့်သွားရင်တော့ ခေါင်းစဉ်တွေအများကြီး ဖြစ်နေတာကို မြင်ရပါလိမ့်မယ်။ 

General, Label, Inbox......... စသည်.. စသည် ထဲကမှ Labs ဆိုတာကို ကလစ်လုပ်လိုက်ပါ။

ပုံလေးတွေနဲ့ စာလေးတွေကို အများကြီး မြင်တွေ့ရမှာပါ။  အောက်ဘက်သို့ တော်တော်လေး ဆင်းလာလိုက်ပါ။

31 ခု မြောက်လောက်မှာ  Right Side - Chat ဆိုတာ မြင်ရပါလိမ့်မယ်။ Enable  ကို ကလစ်ပေးလိုက်ပါ

စာမျက်နှာ အောက်ဆုံးထိ သွားပြီး Save changes ဆိုတာကို ကလစ်ပေးလိုက်ပြီဆိုရင်တော့

မိမိတို့ရဲ့ မေးထဲက ချက်ဘောက်စ့်လေးက ညာဘက်ကို ရောက်နေပါလိမ့်မယ်။

ပုံလေးတွေနဲ့ မပြောပြတော့ဘူးနော်..

အဆင်ပြေကြပါစေ

သူဇာလေး
24.7.2012




Posted by စိမ့်စမ်းရေ on Tuesday, July 24, 2012