သူဇာတို့ သင်တန်းကို အင်တာနက်ကျောင်းသားသစ်တွေ လာစုံစမ်းရင်တော့ ပြသနာက အကောင့်သစ် တစ်ခုရဖို့ပါ....

အလွယ်တကူမရတဲ့ အကောင့်သစ်ကြောင့် ကိုယ်နဲ့သိတဲ့ သူငယ်ချင်းတွေကို အကူအညီတောင်းရတာလဲ အခါခါပေါ့။

ပြည်တွင်းကအသိတွေပြီးတော့.. ပြည်ပ... ဒီလိုပဲ တောင်းရတာပဲလေ....

ကဲ.. ခုတော့ အဆင်ပြေမယ့် နည်းလမ်းကို သိသွားပြီ... ( တစ်ချို့မသိသေးသူများတွက်ပါ )

ဂျီမေးအကောင့်ကို  Create new account ကနေပဲ အသင်းဝင်ပါ။

ဖြည့်စရာအားလုံးပြီးသွားလျှင် next step ကို ကလစ်လိုက်ပါ။

အဆင့် ( 2) သို့ တန်းမရောက်ဘဲ..

1. test message
2. voice mail

အဲ့လို 2 ခု ပေါ်လာတတ်ပါတယ်။ အရင်ကတော့ အဲ့လိုမျိုးပေါ်လာရင်ကို သူဇာတို့က အကောင့်မရဘူးဆိုပြီး လက်လျှော့လိုက်တော့တာပဲ..။

ခုတော့ နံပါတ် 2 က voice mail ဆိုတာကို ကလစ်လိုက်ပါတယ်။

အကောင့်ဖွင့်တုန်းက ထည့်ခဲ့တဲ့ ဖုန်းနံပါတ်က လက်ရှိဖြစ်ရပါမယ့်။

ဖုန်းကိုဖွင့်ထားပြီး အသံကိုလည်း ကျယ်ကျယ်လေးဖြစ်အောင် ထားရပါ့မယ်။

voice mail ဆိုတာကို ကလစ်ထားတာကြောင့် မိမိရဲ့ဖုန်းထဲကို အ၀င်တစ်ခု ရောက်လာပါလိမ့်မယ်။ သိပ်မကြာပါ။

တစ်ဖက်ကပြောသမျှ စာလုံး ( 6) လုံးကို သေချာစွာ နားထောင်ပြီး အကောင့်သစ်က တောင်းတဲ့ ကုတ်နံပါတ် အကွက်ထဲမှာ ထည့်ပေးရုံဖြင့် အကောင့်တစ်ခု ရရှိပါပြီ။

ဖုန်းနံပါတစ်ခုကို အကောင့် 3 ခု သာ ရသေးသည်။ ( သိပ်တော့မသေချာပါ)

အားလုံး အဆင်ပြေကြပါစေ။

သူဇာလေး
24.7.2012










Posted by စိမ့်စမ်းရေ on Tuesday, July 24, 2012