Facebook မှ ဓာတ်ပုံများ ရယူရန်...........။

( http://www.picknzip.com)


Facebook လူမှုကွန်ရက်ဝက်ဆိုက်မှာ တင်ထားတဲ့ ဓါတ်ပုံနဲ့ ဗီဒီယိုဖိုင်တွေကို အလွယ်တကူ download  ပြုလုပ်နိုင်မယ့် ၀က်ဘ်ဆိုက်ဖြစ်ပါတယ်။

မိမိရဲ  account ထဲမှာ ရှိနေတဲ့ ဒါမှမဟုတ် မိမိနဲ့ tag ပြုလုပ်ထားတဲ့ account တွေနဲ့ မိမိ account ထဲမှာ ရှိနေတဲ့ ဓာတ်ပုံ၊ ဗီဒိယို ဖိုင်တွေ အားလုံးကို  zip ဒါမှမဟုတ် pdf ဖိုင် တစ်ခုတည်းအဖြစ် ရယူသိမ်းဆည်းနိုင်မှာ ဖြစ်ပြီး မည်သည့် ဓါတ်ပုံနဲ ရုပ်ပုံတွေကိုမဆို ၇ယူနိုင်ပါတယ်။

အလွယ်တကူ အသုံးပြုနိုင်သလို  အသုံးပြုရတာလည်း အဆင်ပြေမှုရှိတဲ့  ဆော့ဝဲတစ်ခု ဖြစ်ပြီး ဒီိဆိုက်ကို အသုံးပြုနိုင်ဖို့ အတွက်တော့  Facebook မှာ log on ၀င်ရောက်ရုံနဲ့  အလွယ်တကူ စတင် အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

မိမိတင်ထားတာ မဟုတ်ဘဲ tag ပြုလုပ်ခံထားရတဲ့ ပုံတွေ ၊ မိမိ တင်ထားတဲ့ ပုံတွေအပြင် မိမိရဲ့ fun page တွေထဲမှာရှိတဲ့ စိတ်ကြိုက်ဓာတ်ပုံတွေ၊ face book ဗီဒီယိုတွေကို အလွယ်တကူနဲ့ လျင်မြန်စွာ down load ပြုလုပ်ရယူနိုင်ပြီ ဖြစ်ပါတယ်။


Posted by စိမ့်စမ်းရေ on Sunday, June 3, 2012