ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်ထဲမှာ သံဓာတ် မရှိရင် ခန္ဓာကိုယ် အတွက် အရေးကြီးဆုံးလို အပ်တဲ့ ပရိုတင်းတစ်မျိုး ဟီမိုဂလို ဘင်လည်း ရှိမှာ မဟုတ်ပါဘူး။သွေးနီဥတွေဟာ သွေးကို အနီရောင်ဖြစ်ပေါ်စေသလို ဟီမိုဂလို ဘင် ဟာ သွေးနီဥတွေကို အနီရောင်ဖြစ်စေပါတယ်။ ဟီမိုဂလိုဘင်ရဲ့အလုပ်ဟာ အဆုတ်ထဲမှ အောက်ဆီဂျင်တွေကို သယ်ဆောင်ပြီး ခန္ဓာကိုယ် တစ်ခု လုံးသို့ ပို့ပေးပါတယ်။ သံဓာတ်ချို့တဲ့မယ်ဆိုရင် ဟီမိုဂလိုဘင် လည်းလျော့နည်းသွားပြီး ဦးနှောက်နဲ့ ကြွက်သားတွေကိုရောက် ရှိလာ မယ့်အောက်ဆီဂျင် လည်း လျော့နည်းသွားပါတယ်။ဒါကြောင့် ခေါင်းကိုက်တာ၊ မောပန်းတာ၊ အသက်ရှူ မဝတာတွေဖြစ်တတ်ပါတယ်။

သံဓာတ်ကို ဘယ်သူတွေ လိုအပ်ပါသလဲ

အမျိုးသားတွေအနေနဲ့ သူတို့ရဲ့ခန္ဓာကိုယ်အတွင်းမှာ သံဓာတ်တွေကို ပြည့်ပြည့်ဝ၀ သိုလှောင်ထားနိုင်ပေမယ့် အမျိုးသမီးတွေမှာမူ သံဓာတ်ချို့ တဲ့နေတတ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ သံဓာတ်ပမာဏကို သာမန်ထက် များစွာလိုအပ် ပါတယ်။ပုံမှန်ဓမ္မတာ လာတဲ့ အမျိုးသမီး တစ်ယောက်ဟာ အမျိုးသားတစ်ယောက်ထက် သံဓာတ်ပမာဏ နှစ်ဆ ပိုမိုလိုအပ်ပါတယ်။ သက်သတ်လွတ်စားသူ၊ ကလေးငယ်နဲ့ ကိုယ်အလေးချိန်လျှော့ဖို့ အစာလျှော့စားသူတွေဟာ သံဓာတ်လုံလုံလောက်လောက် ရရှိဖို့ ခက်ခဲပါတယ်။

သံဓာတ်နှင့် စာသင်ကြားမှုပြဿနာ

ကြီးထွားနေတဲ့ကလေးငယ်တွေရဲ့ အာရုံစူးစိုက်မှုနဲ့ သံဓာတ်ချို့တဲ့တာဟာ ဆက်စပ်မှု ရှိပါတယ်လို့ Kansas ဆေးတက္ကသိုလ်သွေး ဌာနအကြီး အကဲဖြစ်သူ ဒေါက်တာဂျိမ်းစ်က ပြောပါတယ်။

ကလေးငယ်တွေမှာ သံဓာတ်ချို့တဲ့ရင် စာသင်ရာမှာလည်း စိတ်ဝင်စားမှု နည်းသွားပါတယ်။ လေ့လာမှုတစ်ခုအရ သံဓာတ်အနည်း ငယ်ချို့တဲ့ ရင်တောင်မှ သံဓာတ်လုံလုံလောက်လောက်ရသူတွေထက် မှတ်ဏ်နည်းပါးပြီး စာသင်ကြားရာမှာ နှေးကွေးကြောင်း တွေ့ရှိခဲ့ပါတယ်။ သံဓာတ် အကြောင်း သိကောင်းစရာ ကျွန်ုပ်တို့ကျန်းမာဖို့အတွက် လေ့ကျင့်ခန်းလုပ်ဖို့လိုပြီး ပြည့်ဝဆီတွေ ရှောင်ရှား ရမယ်လို့ သိထားကြပါတယ်။

ဒါပေမဲ့ သံဓာတ်အကြောင်းပြောရာမှာ ဒီလိုပြုလုပ်တာ ကြောင့် ခန္ဓာကိုယ်မှ သံဓာတ်တွေ ချို့တဲ့သွားတတ်ပါတယ်။ လေ့လာမှုတွေ အရပြင်းထန် တဲ့လေ့ကျင့်ခန်းလုပ်တာနဲ့ ချွေးထွက်လွန်တာကြောင့် သံဓာတ်ဆုံးရှုံးသွားတတ် တယ်လို့ သိရပါတယ်။ ပြည့်ဝ ဆီတွေ ပြည့်ဝနေတဲ့ အသားတွေ မှာလည်း သံဓာတ်တွေ များစွာပါဝင်ပါတယ်။ လေ့ကျင့်ခန်းအများအပြားလုပ်တာနဲ့ အသားတွေရှောင်တာကြောင့် ခန္ဓာကိုယ်မှ သံဓာတ် ရရှိမှု လည်း နည်းသွားနိုင်ပါတယ်။

ကျွန်ုပ်တို့ဟာ သံဓာတ်ကို လုံလုံလောက်စားနေပေမယ့် ခန္ဓာကိုယ်မှ သံဓာတ်ကို စုပ်ယူမှုဟာ လုံလောက်မှုရှိနိုင်မှာ မဟုတ်ပါဘူး။ သံဓာတ်ကို စုပ် ယူနိုင်မှုဟာ သူနဲ့အတူ တွဲစားတဲ့အစားအစာပေါ်မှာ မူတည်ပါတယ်။ သံဓာတ်စုပ်ယူမှုကို လွှမ်းမိုးသော အချက်များ - ဗီတာမင်စီဟာ ခန္ဓာကိုယ်မှ သံဓာတ်စုပ်ယူမှု ပမာဏကို နှစ်ဆမြင့်မားစေပါတယ်။ သင်စားတဲ့အစာနဲ့အတူ လိမ္မော်ရည် ဒါမှမဟုတ် ခရမ်းချဉ်သီးအရည်၊ စတော်ဘယ်ရီ သီး ဒါမှမဟုတ် ဂရိတ်ဖရုသီးပါ ထည့်စားမယ်ဆိုရင် သံဓာတ်ရရှိမှု များသွားနိုင်ပါတယ်။

ခရမ်းချဉ်သီး၊ ငရုတ်စိမ်းပွသီး၊ အစိမ်းရောင်ပန်းဂေါ်ဖီနဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက် တွေမှာလည်း ဗီတာမင်စီ များစွာပါဝင်ပါတယ်။ - သံဓာတ် အားဖြည့်ထားတဲ့ ပေါင်မုန့်နဲ့ ကွေကာကို စားပေးပါ။ - သံနဲ့ပြုလုပ်ထားတဲ့ ဒယ်အိုး၊ ဟင်းအိုးနဲ့ ချက်ပြုတ်ပါ။ ဥပမာအားဖြင့် ခရမ်း ချဉ်သီး နှစ်ခွက်တစ်ဝက်စာကို သံအိုးနဲ့ သုံးနာရီခန့်ချက်ပြုတ်မယ်ဆိုရင် သံဓာတ်ရရှိမှုဟာ သုံးမီလီဂရမ်ကနေ ၈၈ မီလီဂရမ်ထိ ရရှိသွားနိုင်ပြီး ဒီပမာဏဟာ အမျိုးသားတစ်ယောက်နဲ့ သွေးဆုံးပြီးအမျိုးသမီးတစ်ယောက်ရဲ့ နေ့စဉ်လိုအပ်ချက်ပမာဏရဲ့ ရှစ်ဆ ပိုမိုရရှိတယ်လို့ ဆိုပါတယ်။ - အနီရောင်အသားစားပါ။ သူတို့မှာ သံဓာတ်များစွာ ပါဝင်ပါတယ်။

အနီရောင် အသားပမာဏ အနည်းငယ် စားတာဟာ ခန္ဓာကိုယ်မှာ သံဓာတ်တွေ အများကြီးရရှိပြီး ငါးဟင်းနဲ့ ကြက်သားဟင်း စားသလိုမျိုး ကယ်လိုရီအဆင့်သာ ရရှိနိုင်ပါတယ်။ - အမဲသား၊ သိုးသား၊ ဆပ်သား၊ ကြက်သားနဲ့ ငါးစားတာဟာလည်း တခြားအစာ တွေနဲ့စာရင် သံဓာတ် စုပ်ယူနိုင်မှု လေးဆ ပိုများပါတယ်။ - သင့်အစာနဲ့အတူ ကော်ဖီနဲ့လက်ဖက်ရည် မသောက်ပါနဲ့။ လက်ဖက်ရည်သောက်တာဟာ သံဓာတ်စုပ်ယူ မှု ကို ၅၀ ရာခိုင်နှုန်းလျှော့ချနိုင်ပြီး ကော်ဖီအနေနဲ့မူ သံဓာတ်စုပ်ယူမှု ၃၉ ရာခိုင်နှုန်းလျော့နည်းနိုင်ပါတယ်။

ref ( http://www.zwekapinmyae.com/profiles/blog/show?id=2879352%3ABlogPost%3A624996&xgs=1&xg_source=msg_share_post )

Posted by စိမ့်စမ်းရေ on Monday, June 4, 2012