ပုံများပြင်၍ နောက်ပြောင်ရန်......။

( http://www.facetache.com)

အလွန်ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေအပေါင်းအသင်း၊ သူငယ်ချင်း စတာတွေနဲ့ မိသားစုထဲက ယောင်္ကျားလေးတွေ ရဲ့ ဓာတ်ပုံမှာ နှုတ်ခမ်းမွေးတပ်ပြီး အလှဆင်နောက်ပြောင်နိုင်မယ့် ၀က်ဘ်ဆိုက်ဖြစ်ပါတယ်။


 ဒီဝက်ဘ်ဆိုက်ကို အလွယ်တကူ ၀င်ရောက်အသုံးပြုနိုင်မှာ ဖြစ်ပြီး ယင်းဆိုက်မှာ နမူနာတစ်ဦးကို ဖော်ပြပေးထားကာ ပြင်ပက ပုံတွေကိုလည်း အသုံးပြုသူ စိတ်တိုင်းကျ ထည့်သွင်း ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။

 နှုတ်ခမ်းမွေးပုံစံမျိုးစုံကို ဖော်ပြပေးထားကာ ယင်းတို့ကို ပုံပေါ်မှာ အလွယ်တကူ ဆွဲယူတပ်ဆင်နိုင်မှာဖြစ်ကာ အရွယ်အစား ပြင်ဆင်ခြင်းကိုလည်း ပြုလုပ်နိုင်ပါတယ်။

ကွန်ပျူတာထဲက ပုံတွေကိုလည်း ဆိုက်ပေါ်ကို ခေါ်ယူကာ နှုတ်ခမ်းမွှေးတပ်နိုင်မှာ ဖြစ်ပြီး တပ်ဆင်ပြီး နမူနာပုံကြည့်ရှုခြင်းနဲ့ ပြင်ဆင်ပြီးသား ပုံတွေကို သိမ်းဆည်းခြင်းတို့ ပြုလုပ်နိုင်ပါသေးတယ်။

 နောက်ပြောင်ခြင်းကို ၀ါသနာပါသူတွေအတွက် စိတ်ကြိုက်အသုံး ပြုနိုင်မယ့်ဆိုက်ဖြစ်ကာ ဖော်ပြပေးထားတဲ့ နှုတ်ခမ်းမွှေးပုံစံတွေကလည်း ရယ်ရွှင်ဖွယ် ကောင်းပါတယ်။


Posted by စိမ့်စမ်းရေ on Sunday, June 3, 2012