အချုပ်အလုပ် လေ့လာရန်....။

( http://www.sewdirect.com)

အ၀တ်အထည် ချုပ်လုပ်ခြင်းကို စိတ်ပါဝင်စားသူတွေ လေ့လာနိုင်စေမယ့် ၀က်ဘ်ဆိုက်ဖြစ်ပါတယ်။ အ၀တ်အစားဒီဇိုင်းတွေနဲ့ ချုပ်နည်းတွေကို ပြည့်စုံစွာ လေ့လာနိုင်မှာဖြစ်ပြီး ချုပ်နည်းပုံစံအမျိုးအမျိုးနဲ့ ဒီဇိုင်းပုံစံ အမျိုးမျိုးတို့ကို အီးမေးလ်နဲ့ အွန်လိုင်းမှတဆင့် ရရှိနိုင်ပါတယ်။

အဆင်ဒီဇိုင်းအမျိုးမျိုး၊ idea အမျိုးမျိုးတွေကို တွေ့မြင်လေ့လာနိုင်မှာ ဖြစ်ကာ အွန်လိုင်းကနေလည်း ဈေးဝယ် ထွက်နိုင်ပါသေးတယ်။

မဂ္ဂဇင်းနဲ့ စာအုပ်အမျိုးမျိုးကိုလည်း ဒီဆိုက်မှာ တွေ့မြင်နိုင်ပြီး အခမ်းအနားပွဲတွေနဲ့ သင့်လျော်တဲ့ ဒီဇိုင်းပုံစံ အမျိုးမျိုးကိုလည်း ကတ်တလောက်တွေနဲ့ ဖော်ပြပေးထားပါတယ်။

အဆင်ဒီဇိုင်းနဲ့ တွေးခေါ်  ချုပ်လုပ်နည်းတွေအပြင် ချုပ်လုပ်ရာမှာ လိုအပ်တဲ့ ပစ္စည်းတွေဖြစ်တဲ့ အပ်ချုပ်စက်၊ dummy တွေ၊ အဆင်တန်ဆာတွေ၊ ဒီဇိုင်းဖော်တဲ့ ကိရိယာတွေ၊ ဖြတ်စက်၊ ချည်လုံးတွေနဲ့ အပ် စတာတွေ ကိုလည်း ပြည့်စုံစွာ ဖော်ပြပေးထားတာ တွေ့ရပါတယ်။

ဝါသနာပါရာတစ်ခုကို  လေ့လာဖန်တီးမှုတွေ ပြုလုပ်နိုင်စေမှာပါ။

Internet Journal
Vol. 13. NO.11

Posted by စိမ့်စမ်းရေ on Wednesday, June 6, 2012