ဘာသာစကားမျိုးစုံလေ့လာရန်.......

( http://www.busuu.com)

မိခင်ဘာသာရင်းမဟုတ်တဲ့ နိုင်ငံရပ်ခြား ဘာသာစကားမျိုးစုံ လေ့လာသင်ယူနိုင်မယ့် ၀က်ဘ်ဆိုက်ဖြစ်ပါတယ်။

အခမဲ့ လေ့လာသင်ကြားမှု ပြုလုပ်နိုင်တဲ့ ဆိုက်တစ်ခုဖြစ်ပြီး အင်္ဂလိပ်၊ ပြင်သစ်၊ အီတလီ၊ ပေါ်တူဂီ၊ တူရကီ၊ တရုတ်၊ ကိုရီးယား စတဲ့ ဘာသာစကားမျိုးစုံကို လေ့လာသင်ယူနိုင်မှာ ဖြစ်ပါတယ်။

ဘာသာစကားတွေ လေ့လာရာမှာ interactive language course  တွေနဲ့ lesson တွေကို ပြည့်စုံစွာ ဖော်ပြ ပေးထားပြီး mobile app  တွေအဖြစ်လည်း download ပြုလုပ် ရယူနိုင်မှာ ဖြစ်ပါတယ်။

လေ့လာသင်ကြားထားတဲ့ အကြောင်းအရာတွေကို ပြန်လည်လေ့ကျင့်မှုတွေ ပြုလုပ်နိုင်ဖို့အတွက် အွန်လိုင်း အဖွဲ့အစည်းတစ်ခု စီစဉ်ပေးထားပြီး Grammar guide တွေကိုလည်း ရရှိနိုင်ပါတယ်။

အွန်လိုင်းကနေ လေ့လာနိုင်တဲ့ ဘာသာရပ်တွေကတော့ အင်္ဂလိပ်၊ စပိန်၊ ပြင်သစ်၊ ဂျာမန်၊ အီတလီ၊ ဂျပန်၊ ပေါ်တူဂီ၊ ရုရှား၊ ပိုလန်၊ တူရကီ၊ အာရပ်နဲ့ တရုတ် ဘာသာ စကားတွေ ဖြစ်ပါတယ်။

Internet journal
Vol. 13, No. 11


Posted by စိမ့်စမ်းရေ on Wednesday, June 6, 2012