ဖက်ရှင်ရေစီးကိုလေ့လာရန်


ဒီဝက်ဆိုက်ကတော့ လူကြီးလူငယ်၊ ကျား၊ မ မရွေး မိမိပင်ကိုယ်စတိုင်ကို ဂရုစိုက်တတ်သူတွေ နှစ်သက်မယ့် ဖက်ရှင်သီးသန့်ဆိုက်တစ်ခု ဖြစ်ပါတယ်။

ဒီဆိုက်မှာဆိုရင် ပြောင်းလဲနေတဲ့ ရာသီဥတုတွေအလိုက် ပြင်ဆင်ပြောင်းလဲရမယ့်ဖက်ရှင် စတိုင်တွေ၊ ဖက်ရှင်ရေစီးကြောင်းတွေနဲ့ ဈေးကွက်အတွင်းက ဖက်ရှင်ကျတဲ့ အ၀တ်အထည်တွေ စတဲ့ အကြောင်းအရာတွေကို ကဏ္ဍတစ်ခုစီခွဲပြီးတော့ စုံလင်စွာ ဖော်ပြထားပါတယ်။

နိုင်ငံတစ်ကာမှာ ကျင်းပပြုလုပ်နေတဲ့ ဖက်ရှင်ပြပွဲတွေအကြောင်းလည်း ထည့်သွင်းဖော်ပြပေးထားသလို လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ အမူအကျင့်၊ သွင်ပြင် စရိုက်လက္ခဏာအရ ကွာဟသွားတဲ့ ဖက်ရှင်စတိုင်တွေကိုလည်း ထည့်သွင်းဖော်ပြထားပါသေးတယ်။ 

ဖက်ရှင်ဆိုင်ရာ သတင်းဆောင်းပါးတွေကိုလည်း ဖတ်နိုင်မှာ ဖြစ်သလို ရေစီးကြောင်းကို အမှီလိုက်နိုင်မယ့် ဒီဇိုင်းတွေကိုလည်း ဈေးကွက်အတွင်းမှာ ရွေးချယ်နိုင်စေဖို့ ထည့်သွင်းပြီး ဖော်ပြပေးထားပါသေးတယ်။

Posted by စိမ့်စမ်းရေ on Sunday, June 17, 2012