မြန်မာဟာသများ


ပြည်တွင်းက ဟာသတွေ၊ သရော်စာတွေနဲ့ တစ်ကွက်ကာတွန်းတွေကို စုံလင်စွာကြည့်ရှုနိုင်စေမယ့် ၀က်ဘ်ဆိုက် ဖြစ်ပါတယ်။ 

ဒီဆိုက်မှာဆိုရင် ဟာသပြကွက်တွေကို စုံလင်စွာတွေ့ရမှာဖြစ်သလို လတ်တလော အခြေအနေတွေကို သရော်ထားတဲ့ ပုံစာတွေကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။ 

ပညာရှင်နဲ့ ၀ါသနာရှင် အသီးသီးတို့ရဲ့ ဟာသလက်စွမ်း၊ စိတ်ကူးဉာဏ်ကွန့်မြူးမှုတွေကို ဒီဆိုက်မှာ စုံလင်စွာ တွေ့ရမှာဖြစ်ပြီး ဖြစ်ပေါ်နေတဲ့ အခြေအနေ၊ အကြောင်းအရာတွေနဲ့ လိုက်လျောညီထွေမှုရှိတဲ့ သရော်စာတွေကိုလည်း ထည့်သွင်း ဖော်ပြပေးလျက်ရှိပါတယ်။ 

အဖွဲ့ဝင်တစ်ဦးအဖြစ် မှတ်ပုံတင်ထားနိုင်သလို Facebook ကနေပြီးတော့လည်း ၀င်ရောက် အသုံးပြုနိုင်ပါသေးတယ်။ 

အခြားသူတွေ တင်ထားတဲ့ post တွေကို ဖတ်ရုံသာမက ကိုယ်ပိုင်ဟာသ၊ တစ်ကွက်ကာတွန်း စတာလေးတွေကိုလည်း တင်ထားနိုင်မှာ ဖြစ်ကာ တင်ထားတဲ့ ပြကွက်လေးတွေကို comment တွေလည်း ပေးနိုင်ပါသေးတယ်။

Posted by စိမ့်စမ်းရေ on Sunday, June 17, 2012