ပုံမှာမြင်တွေ့ရတဲ့ သစ်ခွပန်းကို တစ္ဆေသစ်ခွ (Ghost Orchid) လို့ လူသိများကြပါတယ်။

ဘာလို့လဲဆို Ghost Orchid ရဲ့ ထူးခြားချက်များကို ဖော်ပြပါမယ်။

၁) သူဟာ နှစ် နှစ်ဆယ် အသက်ရှည်ပါတယ်။

၂) အရွက်မပါ၊ ကိုယ်ပိုင်အစာချက်လုပ်ရန် ရေသောက်မြစ်မလို။

၃) ပျံနှံ့တက်သည့် အလေ့အထမရှိ။

၎) Ghost Orchid ဟာ သစ်ပင်မှာတွယ်ကပ်ပြီး ပေါက်ပေမဲ့အချိန် ကြွေကျပြီး မြေပေါ်ကျပါတယ်။ ပြီးတော့ မြေထဲမြုပ်သွားပါ တယ်။ မြေကြီးထဲမြုပ်လို့ သေသွားပြီလို့မထင်လိုက်ပါနဲ့။ တစ်ချိန်ချိန်ကျ ယင်းသစ်ခွဟာ မြေပေါ်မှာ ပြန်ပေါက်ပါတယ်။ အံ့မခန်းပါပဲ သစ်ခွဟာ အသက်မသေဘဲ ထင်းရှူးပင် (အနောက်တိုင်း ထင်းရှူး- cypress ပင်) ကိုတွယ်ကပ်ပြီး ပြန်တက်ပေါက်ပါတယ်။ ဒါကြောင့်မို့ပဲ Ghost Orchid ရဲ့အသက်ဟာ နှစ် ၂၀ ရှည်ရခြင်းဖြစ်ပါတယ်။

သေပြီးပြန်ပေါက်တဲ့ သစ်ခွလို့လည်း လူသိများတဲ့အတွက် Ghost Orchid လို့တင်စားခေါ်ဝေါ်ကြခြင်း ဖြစ်ပါတယ်။ ယင်း တစ္ဆေ သစ်ခွကို ကျူးဘားနိုင်ငံရှိ တောနဲ့ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာ အတွေ့များလေ့ရှိတယ် လို့ သိရပါတယ်။

---
Ref: wikipedia

Posted by စိမ့်စမ်းရေ on Saturday, June 16, 2012