ကလေးသိပ္ပံ



ကလေးငယ်များအတွက် သိပ္ပံပညာကို လေ့လာနိုင်စေမယ့် ၀က်ဆိုက်ဖြစ်ပါတယ်။ 

ကလေးငယ်တွေရဲ့ အသက်အရွယ်၊ ဉာဏ်ရည်ဉာဏ်သွေးနဲ့ ကိုက်ညီမှုရှိပြီး ခေတ်နဲ့အမှီလိုက်နိုင်စေမယ့် သိပ္ပံပညာရဲ့ ဖြစ်ပေါ် ပြောင်းလဲမှု အားလုံးကို သင်ကြားသိမြင်နိုင်မှာဖြစ်ကာ တိုးတက်ပြောင်းလဲနေတဲ့ ကမ္ဘာမြေကြီးရဲ့ အကြောင်းကို ကမ္ဘာဦး ကျောက်ခေတ်ကနေ ယနေ့ခေတ်တိုင်အောင် သိရှိရမှာ ဖြစ်ပါတယ်။ 

သက်ရှိသတ္တ၀ါတွေရဲ့ ဖြစ်ပေါ် ပြောင်းလဲမှု၊ မြေ၊ ရေ၊ လေ၊ ရာသီဥတု အစရှိတဲ့ သဘာဝတရား အကြောင်းအရာတွေကို သိပ္ပံနည်းကျ သိရှိစေမှာ ဖြစ်ပြီး ဉာဏ်စမ်းကစားနိုင်တဲ့ ပညာသင် ဂိမ်းတွေကိုလည်း ထည့်သွင်းပေးထားပါတယ်။ 

ကဏ္ဍတစ်ခုချင်းစီအလိုက် အကြောင်းအရာတွေကို ခွဲခြားဖော်ပြပေးထားပြီး ဇီဝသိပ္ပံကဏ္ဍမှာဆိုရင်လည်း လူသားတွေရဲ့အကြောင်း၊ တိရစ္ဆာန်တွေရဲ့ အသက်ရှင်ရပ်တည်မှု စတာတွေကို ကလေးငယ်များ နားလည်သဘောပေါက်အောင် ရှင်းလင်းပြထားပါတယ်။

Internet Journal
Vol.13, No.22

Posted by စိမ့်စမ်းရေ on Monday, June 11, 2012