အခမဲ့ အွန်လိုင်း ဂိမ်းများ


အင်တာနက်အသုံးပြုရင်း အွန်လိုင်းပေါ်ကနေ အခမဲ့ ဂိမ်းတွေရယူ ဆော့ကစားနိုင်စေမယ့်  ၀က်ဆိုက်ဘ် ဖြစ်ပါတယ်။ 

အသက်အရွယ် ကျား၊ မ မရွေး ဆော့ကစားနိုင်စေမယ့် ဂိမ်းတွေကို စုံလင်စွာ တွေ့ရမှာဖြစ်ပြီး ဂိမ်းအမျိုးအစား တစ်ခုစီကို ကဏ္ဍတစ်ခုစီနဲ့ ခွဲခြား ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ 

Racing, action, sports, skill, adventure, puzzle, multiplayer နဲ့ social ဂိမ်းတွေအပြင် board & Card ဂိမ်းမျိုးတွေကိုလည်း ထည့်သွင်းပေးထားကာ နှစ်သက်ရာ ဂိမ်းတွေကိုလည်း ရယူနိုင်ပါတယ်။ 

ကစားသူ အများဆုံး ဂိမ်းတွေ၊ လူကြိုက်အများဆုံး ဂိမ်းတွေ၊ ဆိုက်ရဲ့ အထင်ရှားဆုံး ဂိမ်းတွေနဲ့ rating အများဆုံး ရထားတဲ့ ဂိမ်းတွေကိုလည်း  သီးသန့်ခွဲခြား ဖော်ပြပေးထားတာကြောင့် အလွယ်တကူ ရှာဖွေနိုင်မှာဖြစ်ပြီး member တစ်ဦး အဖြစ်လည်း မှတ်ပုံတင်ထားနိုင်ပါတယ်။ 

တစ်ဦးချင်း ဆော့ကစားနိုင်တဲ့ ဂိမ်းတွေကိုသာမက အဖွဲ့လိုက် ကစားနိုင်တဲ့ ဂိမ်းတွေကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။

Internet Journal
Vol.13, No.22

Posted by စိမ့်စမ်းရေ on Monday, June 11, 2012