အခုတင်မယ့် သွားများ ဖြူဝင်းစေတဲ့ နည်းလမ်းကို တစ်ချို့ သူငယ်ချင်းများလည်း သိချင်သိမှာပါ . မသိတဲ့ သူငယ်ချင်းများလည်း ရှိမှာပါ

ဘာပဲဖြစ်ဖြစ် အားလုံး ဗဟုသုတ ရစေတာပေါ့နော်

သွားများဖြူဝင်းစေဖို့ သီးမွှေး ဌက်ပျောသီးလေးက စွမ်းဆောင်ပေးမှာပါ

-       သီးမွှေးဌက်ပျောသီးလေး တစ်လုံးကို အခွံနွှာလိုက်ပါ

-        အသားကိုတော့ စားလိုက်ပေါ့နော်   ……

-        အခွံကို မပစ်လိုက်ပါနှင့် . သွားများဖြူဝင်းစေဖို့ အခွံလေးက စွမ်းဆောင်ပေးမှာပါ

-       သီးမွှေးဌက်ပျောသီး အထဲက အခွံနှင့် သွားများအားလုံးကို ပွတ်တိုက်ပေးလိုက်ပါ

-       ပွတ်တိုက်ပြီးတာနှင့် တစ်ရှုးလေးနှင့် စင်ကြယ်အောင် သုတ်ပေးလိုက်တာနှင့် ဖြူဝင်းနေတဲ့သွားများကို သင်တွေ့လိုက်ရပါမယ်

-       ဒီနည်းလေးကတော့ အရိုးရှင်းဆုံးနည်းလမ်းလေး တစ်ခုပါ

-       ပြီးတော့ သင့်အတွက်လည်း မပင်ပန်းစေမယ့် နည်းလမ်းလေးပါ

-       နေ့တိုင်းမဟုတ်သည့်တိုင် တစ်ပတ်ကို ( 4 ) ရက်လောက် တိုက်ပေးနိုင်ပါတယ်

-       အားလုံးအဆင်ပြေပါစေရှင် ………………………..

Posted by စိမ့်စမ်းရေ on Friday, June 15, 2012