MP3 များရယူရန်



နိုင်ငံတကာက ထင်ရှားတဲ့ mp3 သီချင်းတွေနဲ့ အယ်လ်ဘမ်တွေကို အခမဲ့ ဒေါင်းလုပ် ပြုလုပ်ရယူနိုင်မယ့် ၀က်ဘ်ဆိုက်ဖြစ်ပါတယ်။ ဆိုက်မှာ Register ပြုလုပ်ထားရုံနဲ့ sign in ၀င်ရောက်ပြီး အလွယ်တကူ ဒေါင်းလုပ် ပြုလုပ်နိုင်မှာဖြစ်ကာ ဒီဆိုက်မှာဆိုရင် ရောင်းအားအကောင်းဆုံး အယ်လ်ဘမ်တွေနဲ့ အသစ်ထွက် တေးသီချင်းသစ်တွေကို အမြဲတင်ပေးထားတာ တွေ့ရမှာ ဖြစ်ပါတယ်။ တေးသီချင်းတွေနဲ့ Album တွေကို အက္ခရာစဉ်အလိုက် ဖော်ပြပေးထားပြီး မိမိတို့ အလိုရှိတဲ့ album တွေကိုလည်း  အလွယ်တကူ ရှာဖွေနိုင်မှာဖြစ်ကာ သီဆိုသူအလိုက်လည်း သီချင်းတွေကို ရှာဖွေနိုင်ပါသေးတယ်။ နာမည်ကျော် အဆိုတော်တွေရဲ့ ထင်ရှားတဲ့ တေးသီချင်း များစွာကို အလွယ်တကူ ရှာဖွေနိုင်ပြီး  အလွယ်တကူ download ပြုလုပ်နိုင်မှာဖြစ်ကာ သီချင်းနဲ့ အဆိုတော် အစုံလင်ဆုံး ဂီတ၀က်ဘ်ဆိုဒ်တစ်ခုလည်း ဖြစ်ပါတယ်။ သီချင်းနားထောင်ရင်း အပန်းဖြေတတ်သူတွေအတွက် အသင့်လျော်ဆုံး ဆိုက်တစ်ခုဖြစ်ပါတယ်။ 


Internet journel
Vol. 13, No.19. Thursday

Posted by စိမ့်စမ်းရေ on Monday, May 21, 2012