မြန်မာ မိုဘိုင်း စတိုး...............။

(http://www.myanmarmobileapp.com)

မြန်မာနိုင်ငံက မိုဘိုင်းဖုန်း အသုံးပြုကြသူတွေတွက် မိုဘိုင်းဆိုင်ရာ  ဆွေးနွေးချက်တွေ၊ မေးမြန်းချက်တွေနဲ့ အခမဲ့ app တွေကို ဝေမျှပေးနေတဲ့ ဆိုက်တစ်ခုဖြစ်ပါတယ်။ Forum မှာ ၀င်ရောက် ဆွေးနွေးမှုပြုလုပ်နိုင်မှာ ဖြစ်သလို မြန်မာနိုင်ငံမှာ သုံးစွဲသူအများဆုံး မိုဘိုင်း operating system တွေနဲ့ ၄င်းတို့ တစ်ခုချင်းစီ အကြောင်းကို  ကဏ္ဍတစ်ခုချင်းစီနဲ့ စုံလင်စွာ ဖော်ပြပေးထားတာဖြစ်ပါတယ်။ iOS, Android နဲ့ တခြားမိုဘိုင်း OS တွေအတွက် app တွေကို အခမဲ့ရယူနိုင်မှာ ဖြစ်ပြီး full version တွေကိုပဲ ဖော်ပြ မျှဝေပေးထားတာ ဖြစ်ပါတယ်။ ဖုန်းဆော့ဝဲ၀န်ဆောင်မှုဆိုင်ရာ သင်ခန်းစာတွေကိုလည်း အလွယ်တကူ လေ့လာဖတ်ရှုနိုင်မှာ ဖြစ်ပြီး စိတ်ပါဝင်စားသူတွေအနေနဲ့ ၄င်းတို့ ကိုယ်ပိုင်ပြင်ဆင်မှုတွေ ပြုလုပ်ကြည့်နိုင်ပါတယ်။

Operating System တစ်ခုချင်းစီအတွက်  OS နဲ့ဆိုင်ရာဖုန်း application တွေ၊ ဂိမ်းတွေ၊ theme နဲ့ driver တွေကို စုံလင်စွာ စုစည်းဖော်ပြပေးထားတာ တွေ့ရပါတယ်။



Internet journel
Vol. 13, No.19. Thursday

Posted by စိမ့်စမ်းရေ on Monday, May 21, 2012