စာအုပ်များဖတ်ရန်...။

( http://www.goodreads.com)

စာဖတ်ခြင်းကို နှစ်သက်သူ စာဖတ်ဝါသနာရှင်တွေအတွက် အထွေထွေဗဟုသုတဆိုင်ရာ ပညာပေးစာအုပ်တွေကို ရှာဖွေဖတ်ရှု့နိုင်မယ့် ၀က်ဆိုဒ်ဖြစ်ပါတယ်။
Member တစ်ဦးအဖြစ် မှတ်ပုံတင်ထားနိုင်ပြီး အခမဲ့ account တစ်ခုလည်း ရရှိမှာ ဖြစ်ပါတယ်။ Facebook, Twitter နဲ့ Google ၀က်ဘ်ဆိုဒ်ကနေ တစ်ဆင့်လည်း ၀င်ရောက်ပြီး အသုံးပြုနိုင်မှာ ဖြစ်ကာ အထွေထွေ ဗဟုသုတနဲ့ သက်ဆိုင်ရာ စာအုပ် အမျိုးအစားအစုံကို တွေ့နိုင်ပါတယ်။ စာအုပ်အမျိုးအစားတွေကို အက္ခရာ အစဉ်အလိုက် စီစဉ်ခွဲခြားပေးထားပြီး ဇီဝဗေဒနဲ့ သက်ဆိုင်တဲ့ စာအုပ်တွေကစလို့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ဆိုင်ရာ အထွေထွေဗဟုသုတတွေကိုပါ စုံလင်စွာ ဖတ်ရှုရမှာ ဖြစ်ပါတယ်။ အကြောင်းအရာတစ်ခုတည်းကိုမဟုတ်ဘဲ ကဏ္ဍတွေစုံလင်စွာ ဖတ်ချင်သူတွေအတွက်လည်း အလွယ်တကူ ရွေးချယ်နိုင်စေဖို့ စီစဉ်ပေးထားပြီး ခဏတဖြုတ်အွန်လိုင်းဝင်ရောက် ဖတ်သူတွေအတွက်လည်း ဗဟုသုတတစ်စုံတစ်ခု ရရှိသွားအောင် စီစဉ်ပေးထားပါတယ်။

Internet Journal

Vol. 13,No.16 Thursday May 03, 2012

Posted by စိမ့်စမ်းရေ on Sunday, May 6, 2012