အရေပြားအလှ ထိန်းသိမ်းရန်...။
( http://www.dailyglow.com )

နေရောင်ခြည်ဒဏ်နဲ့ အညစ်အကြေးတွေရဲ့ ဒဏ်ကို အဓိကအများဆုံး ခံနေရတဲ့ ကိုယ်အပေါ်ယံအလွှာ အရေပြားကို နဂိုမူရင်းအတိုင်း လှပ စိုပြေ နေစေဖို့အတွက် ဘယ်လို ထိန်းသိမ်းစောင့်ရှောက်သင့်တယ် ဆိုတာကို ဗဟုသုတဖြစ်ဖွယ် လေ့လာနိုင်အောင် ဖော်ပြေပေးထားတဲ့ ၀က်ဘ်ဆိုဒ်ဖြစ်ပါတယ်။ အရေပြားပေါ်မှာ ဖြစ်လေ့ဖြစ်ထရှိပြီး အရေပြားရဲ့ အလှကို ဖျက်ဆီးတတ်တဲ့ အရာတွေကို  ဖြစ်ပေါ်မလာအောင် ဘယ်လိုကာကွယ်ရမယ်ဆိုတာနဲ့ ဖြစ်လာခဲ့ရင်လည်း ဘယ်လို ပြုစုကုသသင့်တယ် ဆိုတာမျိုးတွေကိုပါ ထည့်သွင်းဖော်ပြပေးထားပြီး အဓိကအနေနဲ့ကတော့ လူကြီး ၊ လူငယ်၊ ကျား၊  မ မရွေး စိတ်ပါဝင်စားတဲ့ မျက်နှာပြင်အရေပြားအလှကို နဂိုအတိုင်း စိုပြေလှပဖို့အတွက် ဘယ်လိုထိန်းသိမ်းစောင့်ရှောက်ရမယ်ဆိုတာကို နည်းလမ်းတွေ၊ ပြုစုထိန်းသိမ်းနည်းတွေနဲ့ ဖော်ပြပေးထား တာဖြစ်ပါတယ်။ အလှအပဆိုင်ရာ အကြံပေးလမ်းညွှန်ချက်တွေကိုလည်း ကဏ္ဍတစ်ခုအနေနဲ့ သီးသန့် ဖတ်နိုင်ပါသေးတယ်။

Internet Journal
Vol. 13,No.16 Thursday May 03, 2012

Posted by စိမ့်စမ်းရေ on Sunday, May 6, 2012