(http://www.logomaker.com)

ရုံး၊ ကျောင်း၊ ကုမ္ပဏီနဲ့ လုပ်ငန်းအသင်းအဖွဲ့အသီးသီးရဲ့ ကိုယ်ပိုင်အမှတ်တစ်ခုဖြစ်တဲ့ လိုဂိုတွေကို ကိုယ်တိုင်ဖန်တီး ပြုလုပ်နိုင်စေမယ့် ၀က်ဘ်ဆိုဒ်ဖြစ်ပါတယ်။ လိုဂိုဒီဇိုင်းတွေကို အခမဲ့ရယူနိုင်ပြီး ကိုယ်တိုင်လည်း ဖန်တီးပုံဖော်ကြည့်နိုင်ပါတယ်။ လိုချင်တဲ့ ဒီဇိုင်းအနေအထား ၊ လိုဂိုအမျိုးအစားကို သီးသန့်ရွေးချယ်ပြီးမှ ဖန်တီးနိုင်တာကြောင့် စိတ်ကူးထဲမှာရှိနေတဲ့ ပုံစံမျိုးကို အလွယ်တကူ ဖော်ထုတ် ဖန်တီးနိုင်မှာဖြစ်ပြီး အချိန်ကုန်လည်း သက်သာစေမှာ ဖြစ်ပါတယ်။ ဆိုဒ်ထဲမှာ အလွယ်တကူဝင်ရောက် အသုံးပြုနိုင်မှာဖြစ်ပြီး အသုံးပြုရတာ လွယ်ကူသလို ဖန်တီးရတာလည်း ဆန်းသစ်မှုရှိပါတယ်။ လိုဂိုတစ်ခုကို စိတ်ကြိုက် အခမဲ့ ဖန်တီး ရယူနိုင်မှာဖြစ်ပြီး စိတ်ကူးထဲကအတိုင်း လက်တွေ့အကောင်အထည် ဖော်နိုင်တဲ့ အတွက်လည်း အသုံးပြုသူ စိတ်ကျေနပ်စေမယ့် ပြီးပြည့်စုံတဲ့ လိုဂိုတစ်ခုကို ရရှိလာမှာ ဖြစ်ပါတယ်။ Tool တွေကို စုံလင်နေအောင်ထည့်သွင်းပေးထားတာကြောင့် အလွယ်တကူပဲ အသုံးပြုနိုင်ပါတယ်။

Internet Journal

Vol. 13,No.16 Thursday May 03, 2012

Posted by စိမ့်စမ်းရေ on Sunday, May 6, 2012