မြန်မာ ဈေးဝယ်လမ်းညွှန်...............

( http://www.searchmyanmar.com)

အချိန်ကုန်နဲ့ လူပင်ပန်းသက်သာပြီး လိုချင်တဲ့ ပစ္စည်းတွေကို လွယ်ကူစွာ ရှာဖွေစေနိုင်မယ့် မြန်မာ့ ဈေးဝယ်လမ်းညွှန် ၀က်ဘ်ဆိုဒ်တစ်ခုဖြစ်ပါတယ်။ စူပါ မားကတ်တွေ အွန်လိုင်းစတိုး တွေနဲ့ အရောင်းဆိုင်တွေကို စုံလင်စွာ တွေ့ရှိရမှာ ဖြစ်ပြီး ဆိုင်တစ်ခုချင်းအလိုက်လည်း အသေးစိတ်လေ့လာနိုင်စေမှာ ဖြစ်ပါတယ်။ ပြည်တွင်းမှာရှိတဲ့ လူသုံးကုန်ပစ္စည်း အရောင်းဆိုင်တွေကို  စုံလင်စွာ တွေ့ရမှာ ဖြစ်ပြီး အွန်လိုင်းကနေပြီးလည်း ၀င်ရောက်လည်ပတ်နိုင်ပါသေးတယ်။ ဈေးဝယ်လမ်းညွှန် ကဏ္ဍအပြင်  အခြားကဏ္ဍတွေဖြစ်ကြတဲ့ သတင်းကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ အနုပညာကဏ္ဍ၊ စာအုပ်စင် ကဏ္ဍ၊ စတဲ့ ကဏ္ဍပေါင်းစုံကိုလည်း ထည့်သွင်း ဖော်ပြပေးထားပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ အခြားဗဟုသုတရဖွယ် သတင်းကဏ္ဍ စုံကိုလည်း ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ စာအုပ်စင်ကဏ္ဍမှာလည်း အွန်လိုင်းဈေးဝယ်သူတွေစိတ်ကြိုက် အသစ်ထွက်စာအုပ်မျိုးစုံကို အမြဲဖော်ပြပေးလျက် ရှိပါတယ်။။




Internet Journal
Vol. 13. No. 17 Thursday May 10 , 2012

Posted by စိမ့်စမ်းရေ on Monday, May 7, 2012