Window Phone   အတွက် app များရယူရန်..........

(http://www.pocket.lint.com)

စမတ်ဖုန်း Operating System တစ်မျိုးဖြစ်တဲ့ Windows Phone 7   အတွက် app တွေ စုံလင်စွာ ရှာဖွေနိုင်မယ့် ၀က်ဘ်ဆိုဒ်ဖြစ်ပါတယ်။ Windows Phone တွေနဲ့ သက်ဆိုင်တဲ့ သတင်းကဏ္ဍစုံကိုလည်း ဖော်ပြပေးထားပြီး OS ရဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ နည်းပညာသစ်တွေကို ပြည့်စုံစွာ သိရှိရမှာ ဖြစ်ပါတယ်။ Facebook နဲ့ Skype တို့လို  Window Phone မှာ အသုံးပြုနိုင်မယ့် app အကြောင်းကို ရေးသားဖော်ပြထားသလို ဖုန်းကုမ္ပဏီကြီးတွေရဲ့ ၄င်းတို့ထုတ်လုပ်တဲ့ ဖုန်းတွေနဲ့ ပတ်သတ်ပြီး အသိပေးဖော်ပြမှုတွေကိုလည်း သတင်းတွေ၊ ဆောင်းပါးတွေအနေနဲ့ ဖတ်ရှုရမှာ ဖြစ်ပါတယ်။ Window Phone အကြောင်းသာမက အခြားနည်းပညာဆိုင်ရာ ထုတ်ကုန်ပစ္စည်းတွေဖြစ်ကြတဲ့ ကင်မရာ၊ tablet, laptop အစရှိတဲ့ ပစ္စည်းတွေအကြောင်းနဲ့ app အကြောင်းတွေကို စုံလင်စွာ ဖော်ပြပေးထားတဲ့ ဆိုဒ်တစ်ခု လည်း ဖြစ်ပါတယ်။


Internet Journal
Vol. 13. No. 17 Thursday May 10 , 2012

Posted by စိမ့်စမ်းရေ on Monday, May 7, 2012