မြန်မာ အွန်လိုင်း မီဒီယာ




မြန်မာ အွန်လိုင်း မီဒီယာ ၀က်ဆိုက်တစ်ခုဖြစ်တဲ့ Myanmar youth media club ( MYMC ) ကို 2009 ခုနစ်က စတင် တည်ထောင်ခဲ့တာဖြစ်ပြီး  ပြည်တွင်းနဲ့ ပြည်ပ နိုင်ငံ အသီးသီးမှာ ရောက်နေကြတဲ့ လူငယ်လေးတွေ အတွက် လမ်းညွှန်ပေးနေတဲ့ ဆိုက်တစ်ခုလည်း ဖြစ်ပါတယ်။ 

ဒီဆိုက်ကနေပြီး လူငယ်တွေအတွက် အကျိုးရှိစေမယ့် ဖျော်ဖြေရေးနဲ့ ပညာပေးအစီအစဉ်တွေကို  အမြဲဖော်ပြပေးနေတာဖြစ်ပြီး အမြဲ ဆန်းသစ်နေအောင် စီစဉ်ပေးနေတဲ့ ဆိုက်လည်းဖြစ်ပါတယ်။ 

MYMC မှာ ရေဒီယို၊ သီချင်း၊ အင်တာဗျူး၊ စိတ်အားဖြည့်ကဏ္ဍ၊ ဂိမ်း၊ ဖျော်ဖြေရေးနဲ့ ပညာရေးပရိုဂရမ်တွေ၊ နည်းပညာ၊ အထွေထွေ ဗဟုသုတ စတဲ့ အကြောင်းအရာ ကဏ္ဍတစ်ခုချင်းစီကို စိတ်ဝင်စားဖွယ်ဖြစ်အောင် အကြောင်းအရာတွေ စုံလင်စွာနဲ့ ဖော်ပြဖန်တီးပေးထားပြီး လတ်တလော ကျော်ကြားလျက်ရှိတဲ့ အကြောင်းအရာတွေကိုလည်း မလွတ်တမ်း ဖော်ပြပေးနေတာ တွေ့ရပါသေးတယ်။


Internet journal
Vol. 13, No.20 Thursday , May 31 2012

Posted by စိမ့်စမ်းရေ on Sunday, May 27, 2012