မိုဘိုင်းဖုန်းများရဲ့ Question & Answer


Q:  
 Android OS ဖုန်းတွေကို Root ပြုလုပ်တဲ့နေရာမှာ ဘယ်လိုဖုန်း အမျိုးအစားကိုမဆို ပြုလုပ်လို့ရနိုင်ပါသလား သိပါရစေ။

A:   
Android OS ဖုန်းတွေကို Root ပြုလုပ်မယ်ဆိုရင် သတိပြုရမယ့် အရာတွေကတော့ အများကြီးရှိနေပါတယ်။ 
Android OS စနစ်သုံး ဖုန်းတိုင်းကို Root ပြုလုပ်လို့ ရနိုင်ပါသလားဆိုရင်တော့ မရဘူးလို့ဘဲ ယေဘုယျအားဖြင့် ပြောရပါလိမ့်မယ်။ 
ဘာ့ကြောင့်လဲ ဆိုရင်တော့ Android OS ဖုန်တွေမှာလည်း အခက်အခဲတွေ ရှိပါတယ်။ 
အချို့ဖုန်းတွေက Root ကို အလွယ်တကူ ပြုလုပ်လို့ရပေမယ့် အချို့ဖုန်းတွေမှာ အလွယ်တကူ ပြုလုပ်လို့မရဘဲ ပါဝါသေသွားတာတို့  firmware ပြန်မတတ်တော့တာတို့ ဖြစ်တတ်ပါတယ်။ အဲ့ဒိလို ဖြစ်တဲ့ ဖုန်းတွေမှာ ဆိုရင်လည်း အချို့အရာတွေက ပြန်လည်ပြုပြင်လို့  ရသွားတာရှိသလို ပြန်လည်ပြုပြင်လို့ မရတော့ဘဲ ဆုံးရှုံးသွားတာမျိုးတွေလည်း ရှိပါတယ်။ 
Android OS ဖုန်းတွေမှာတော့ ဖုန်းကိုထုတ်လုပ်တဲ့  အခြေအနေ၊ ဖုန်းထဲမှာထည့်သွင်း အသုံးပြုထားတဲ့ CPU, Processor အစရှိတဲ့ Hardware ပိုင်းဆိုင်ရာတွေကို လိုက်ပြီးတော့လည်း အမျိုးအစားတူ မော်ဒယ်တူ ဖုန်းတွေမှာတော့ အချို့ဖုန်းတွေက အလွယ်တကူ ပြုလုပ်လို့ အဆင်ပြေပြီး အချို့ဖုန်းတွေမှာဆိုရင် အလွယ်တကူ ပြုလုပ်လို့ မရတာမျိုးတွေ ရှိပါတယ်။

 *****-----*****-----*****-----

Q:   
ကျွန်တော့ဖုန်းက Android OS ဖုန်းပါ။ Message တွေဖတ်တဲ့နေရာမှာ စာလုံးတွေက သေးနေပါတယ်။ အဲဒါကို ကြီးအောင်လုပ်လို့ရတယ်လို့ ပြောပါတယ်။ အဲံဒါ ဘယ်လိုလုပ်ရပါသလဲ။

A: 
Android OS ဖုန်းဆိုပေမယ့် ဘယ်လိုဖုန်းအမျိုအစားဆိုတာကို သိဖို့ လိုအပ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ တစ်ခုနဲ့တစ်ခုက ဖွဲ့စည်းပုံချင်း မတူညီတဲ့ အတွက်ကြောင့်ပါ။ 
ပျမ်းမျှအားဖြင့် ဆိုရင်တော့ Message တွေအတွက် ဆိုရင်တော့ Message setting ထဲမှာပဲ ရှိတတ်ပါတယ်။ 
ပထမဆုံးအနေနဲ့ Message စနစ်ထဲကို ၀င်လိုက်ပါ။ ဒါဆိုရင်တော့ အဲဒိထဲမှာ Setting ဆိုတာကို တွေ့ရပါလိမ့်မယ်။ ဒါက Message စနစ်အတွက် Setting ပါ။ Message setting ထဲမှာ Message font size ဆိုတာ ရှိပါတယ်။ 
အဲ့ဒိထဲမှာ ကိုယ်လိုချင်တဲ့ ဖောင့်အရွယ်အစားကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ ဒီနေရာမှာတော့ ချွင်းချက်ရှိပါတယ်။ 
အဲ့ဒါကတော့ ခုဖော်ပြခဲ့တဲ့ message font size ဆိုတဲ့ စနစ်ဟာ ဖုန်းတိုင်းမှာ ပါဝင်နေတာမဟုတ်ပါဘူး။ အချို့ဖုန်းတွေမှာ ဆိုရင်တော့ ဒီစနစ်ကို တွေ့ရမှာ မဟုတ်ပါဘူး။ Default font size ကိုပဲ အသုံပြုရမှာပါ။ 


Internet journal
Vol. 13, No.20 Thursday , May 31 2012

Posted by စိမ့်စမ်းရေ on Sunday, May 27, 2012