ကမ္ဘာ့ သမိုင်းဝင်နေရာများ




ကမ္ဘာတစ်ဝန်းက ထင်ရှားကျော်ကြားတဲ့ သမိုင်းဝင် အဓိကနေရာ၊ အဆောက်အဦးနဲ့ နိုင်ငံတွေအကြောင်း လေ့လာဖတ်ရှုနိုင်မယ့် ၀က်ဘ်ဆိုက်တစ်ခုဖြစ်ပါတယ်။ 

အပျင်းပြေ လေ့လာစရာတစ်ခုအနေနဲ့သာမက ဗဟုသုတအဖြစ်ပါ လေ့လာဖတ်ရှုနိုင်မှာဖြစ်ကာ ကမ္ဘာ့နိုင်ငံအသီးသီးက သမိုင်းဝင် နေရာဒေသတွေနဲ့ အဖြစ်အပျက်တွေကို ပြန်လည် ဆန်းသစ် သိရှိနိုင်မှာ ဖြစ်ပါတယ်။ 

အာရှနိုင်ငံအသီးသီးနဲ့ ဥရောပ နိုင်ငံ အသီးသီးရဲ့ သမိုင်းတလျောက် ထင်ရှားခဲ့တဲ့ အဖြစ်အပျက်တွေ၊ အထင်ကရ ပြယုဒ်တွေကို စုံလင်စွာ ဖော်ပြပေးထားတာကြောင့် မိမိနိုင်ငံရဲ့ ခေတ်ယဉ်ကျေးမှုစနစ်နဲ့ သမိုင်းကိုသာမက ကမ္ဘာ့ယဉ်ကျေးမှု၊ သမိုင်း၊ ခေတ်စနစ် အစရှိတာတွေကိုပါ ဗဟုသုတဖြစ်ဖွယ် သိရှိရမှာဖြစ်ပါတယ်။ 

အကြောင်းအရာတွေကို သမိုင်းကြောင်းအရ ခွဲခြားဖော်ပြပေးထားသလို နိုင်ငံအသီးသီးရဲ့ အနေအထား ရေမြေဒေသ ပေါ် မူတည်ပြီးတော့လည်း အမျိုအစား ခွဲခြားဖော်ပြ ထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။


Internet journal
Vol. 13, No.20 Thursday , May 31 2012

Posted by စိမ့်စမ်းရေ on Sunday, May 27, 2012