ကိုယ်တွေ့လေးဆိုတော့ ပြောအားရှိတာပေါ့နော်။ ဟုတ်တယ်...မန်ကျည်းသီးက တစ်ကယ်ကောင်းတာ။ ဘာတွေကောင်းသလဲဆိုတော့......အင်း.........ပြောပြမှာပေါ့။

ကျွန်မလေ.........ကွန်ပျူတာအကြည့်များပြီး  မျက်လုံးတွေအောင့်နေတာကြာပေါ့။ 2 ရက်၊ 3 ရက်တောင် ရှိပြီလေ။

မျက်မှန်တော့ ပါဝါတိုးရတော့မယ်လို့ ကိုယ့်ဘာသာပဲ သတိပေးနေရတာပေါ့။

အလုပ်ကလဲ ပိတ်ရက်ကမရသေးတော့ အဲ့ဒိ မျက်လုံးအအောင့်နဲ့ပဲ အလုပ်ဆင်းရတာပေါ့လေ။

ကွမ်းရွက်ကသက်သာတယ်ဆိုတော့ ကွမ်းရွက်။

မျက်ကွင်းဆေးက သက်သာတယ်ဆိုတော့ မျက်ကွင်းဆေး... လုပ်ရတော့တာပေါ့။

အဲ့ဒိအချိန်မှာပဲ ကျွန်မလဲ ကွမ်းရွက်ကပ်ထားတဲ့ပုံစံနဲ့ စာသင်နေတုန်း......

ကျောင်းသားတစ်ယောက်ရဲ့အမေက ပြောပြတာ မန်ကျည်းသီးကို ကွင်းကြည့်ပါလားတဲ့။ သူက အပူစုပ်တယ်တဲ့။

အဲ့ဒါနဲ့ ဘယ်ရမလဲ သူဇာလဲ အိမ်ပြန်ရောက်ရောက်ချင်း မန်ကျည်းသီးကွင်းထားလိုက်တာ ခဏပဲ ကြာတယ်။ အပူတွေထွက်တယ်လို့ ခံစားရတယ်လေ။

တစ်ကယ်ကို ပေါ့သွားတာ မယုံရင်လုပ်ကြည့်ကြနော်။

အမေကတောင်ပြောသေးတယ် ဟိုး..........အရင်ကဆို မန်ကျည်းခေါက်တောင် သွေးလိမ်းတာတဲ့။
( ကြားဖူးကြတယ်မလား) 

အဲဒိတော့ အားလုံးပဲ မျက်လုံးက အပူတွေ ထွက်ချင်ရင် မီးဖိုချောင်ထဲမှာ အလွယ်တကူရတဲ့ မန်ကျည်းသီးကိုသာ ရေနဲ့ နဲနဲဖျော်ပြီး ကွင်းထားလိုက်ပေတော့။

သက်သာပြီသာမှတ်။

အားလုံးကို ခင်မင်လျက်
သူဇာလေး ( စိမ့်စမ်းရေ)





Posted by စိမ့်စမ်းရေ on Saturday, May 19, 2012