ဘာသာစကားများလေ့လာရန်


စိတ်ပါဝင်စားရာ ဘာသာစကားပေါင်းစုံကို အွန်လိုင်းကနေပြီး အခမဲ့ လေ့လာနိုင်မယ့် ၀က်ဆိုက်ဖြစ်ပါတယ်။ ဒီဝက်ဆိုက်မှာ register ပြုလုပ်ထားရုံနဲ့ လေ့လာသိရှိလိုတဲ့ ဘာသာစကားတွေကို ရွေးချယ်လေ့လာနိုင်မှာ ဖြစ်ကာ အကျိုးရှိပြီး ထိရောက်မှုရှိတဲ့ သင်ရိုးညွှန်းတမ်းတွေနဲ့အတူ လေ့လာနိုင်မှာ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းတွေကို ၀င်ရောက်လေ့လာမှု ပြုလုပ်နိုင်ရုံသာမကဘဲ တခြားလေ့လာသူတွေနဲ့လည်း ချိတ်ဆက် လေ့ကျင့်မှုတွေပြုလုပ်နိုင်မှာဖြစ်ကာ အချိန်တိုအတွင်းမှာ မိမိရဲ့ဘာသာဗေဒ ကျွမ်းကျင်မှု အရည်အသွေး တိုးတက်လာတာကို မြင်တွေ့ရမှာပါ။ ၀က်ဆိုက်မှာ ၀င်ရောက်လေ့လာနိုင်ရုံသာမကဘဲမည်သည့်နေရာမှာ မဆို အချိန်မရွေး လေ့လာနိုင်စေဖို့အတွက်လည်း mobile app ကို  download ပြုလုပ်ရယူထားနိုင်မှာ ဖြစ်ပါတယ်။ ဘာသာစကားအသီးသီးရဲ့ သဒ္ဒါညွှန်းတမ်းတွေ၊ လေ့ကျင့်ခန်းတွေကိုလည်း ရယူအသုံးပြုနိုင်မှာ ဖြစ်ပြီး အမှန်တကယ် အကျိုးရှိ ထိရောက်တဲ့ ၀က်ဘ်ဆိုက်တစ်ခုလည်း ဖြစ်ပါတယ်။


Internet journel
Vol. 13, No.19. Thursday

Posted by စိမ့်စမ်းရေ on Monday, May 21, 2012