ခဲပန်းချီ ဆွဲရန်............။

( http://www.sketchmyphoto.com)

ဓါတ်ပုံတွေကို ခဲပန်းချီအဖြစ် လျှင်မြန်စွာ ပြောင်းလဲဖန်တီးနိုင်စေမယ့် ၀က်ဘ်ဆိုက် ဖြစ်ပါတယ်။ ပုံတူ ခဲပန်းချီတွေကို ကိုယ်တိုင်တွက်သာမက အဆောက်အဦးတွေ၊ ရှုခင်းပုံတွေ၊ အိမ်မွေးတိရစ္ဆာန်လေးတွေ၊ ဘိုးဘွားတွေရဲ့ အမှတ်တရ ပုံတွေကိုလည်း  ဖန်တီး ပြုလုပ်နိုင်ပြီး အဖြူအမည်း ခဲပန်းချီသာမက ကာလာနဲ့လည်း ပြုလုပ်နိုင်ပါတယ်။
ကွန်ပျူတာထဲကနေ ဓါတ်ပုံတွေကို တိုက်ရိုက် upload ပြုလုပ်ကာ အလွယ်တကူ ဖန်တီးနိုင်မှာ ဖြစ်ပြီး digital sketch, digital color sketch, digital sketch + retouch, sketch printing, color sketch printing, sketch printing + frame အစရှိတဲ့ အမျိုးအစားတွေအဖြစ် ပြုလုပ်နိုင်ပါတယ်။

 နှစ်သက်ရာ အမျိုးအစားကို ရွေးချယ်ပြီး ခဲပန်းချီ ဖန်တီးကာ ပထမဦးဆုံးအနေနဲ့ ဒီဆိုက်ကနေပြီး နမူနာပုံစံကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ မိမိလိုချင်တဲ့ ပုံစံအမျိုးအစား  ခဲပန်းချီကိုတော့ paypal ဆိုက်နဲ့ ချိတ်ပြီး အခကြေးငွေ ပေးချေကာ ရယူနိုင်မှာ ဖြစ်ပါတယ်။

Internet Journal
Vol. 13, No. 14 Thursday Apirl 2012

Posted by စိမ့်စမ်းရေ on Thursday, May 17, 2012