အနုပညာလက်ရာများ




 ပန်းချီဆရာတွေ၊ ဓါတ်ပုံပညာရှင်တွေနဲ့ လက်မှု အနုပညာကို စိတ်ပါဝင်စားကြသူတွေအတွက် စိတ်ကြိုက် လေ့လာမှုတွေ ပြုလုပ်နိုင်မယ့် ၀က်ဘ်ဆိုက်တစ်ခု ဖြစ်ပါတယ်။ 

မျက်မှောက်ခေတ် ပန်းချီအနုပညာရဲ့ သဘောသဘာဝတွေကို အတွင်းကျကျလေ့လာနိုင်မှာ ဖြစ်သလို ပညရှင်ကြီးတွေရဲ့ထင်မြင်ယူဆချက် တွေကိုလည်း ဗဟုသုတ ယူနိုင်မှာဖြစ်ပါတယ်။ 

စုတ်ချက်ပန်းချီ အနုပညာအတွက်သာမကဘဲ ရုပ်တုဖန်တီးခြင်း နဲ့ ပုံနှိပ်အနုပညာလိုမျိုး လက်မှု အနုပညာတွေအကြောင်းကိုလည်း ပြည့်စုံအောင် ဖော်ပြပေးထားသလို ဓါတ်ပုံ ပညာရှင်တွေအတွက်လည်း မြင်ကွင်းတစ်ခုအတွက် အယူအဆနဲ့ သဘောတရားဆိုင်ရာတို့ကို ဗဟုသုတဖြစ်ဖွယ် လေ့လာနိုင်အောင် ဖော်ပြပေးထားပါတယ်။

 အနုပညာရဲ့ သဘောတရားတွေကို ဖော်ပြချက် တွေ၊ နမူနာတွေနဲ့ ကြည့်ရှု့ခံစားနိုင်မှာ ဖြစ်သလို အခြား ပညာရှင်တွေရဲ့ လက်ရာတွေကိုလည်း မြင်တွေ့ ခံစားရမှာဖြစ်ကာ စိတ်ကူးသစ်တွေ ဖန်တီးနိုင်စေမှာ ဖြစ်ပါတယ်။



Internet journal
Vol. 13, No.20 Thursday , May 31 2012

Posted by စိမ့်စမ်းရေ on Sunday, May 27, 2012