အလှအပဆိုင်ရာ လေ့လာရန်...။

( http://www.taaz.com)

အလှအပဆိုင်ရာ ဆံပင်၊ မိတ်ကပ်ပြင်ဆင်ခြယ်သ ခြင်းတွေအတွက် လေ့လာနိုင်စေမယ့် ၀ိုက်ဆိုဒ်ဖြစ်ပါတယ်။ မိတ်ကပ်နဲ့ ဆံပင်အလှ ပြင်ဆင်ခြင်းတွေနဲ့ ပတ်သတ်ပြီး စုံလင်စွာ ဖော်ပြပေးထားကာ စိတ်ဝင်စား သူတွေ အနေနဲ့ သေချာစွာလေ့လာနိုင်မှာ ဖြစ်ပါတယ်။ မိတ်ကပ်ခြယ်သနည်းတွေအပြင် ဆံပင်အလှပြင်ဆင်ပုံတွေကိုလည်း စုံလင်စွာ ဖော်ပြထားပါတယ်။ ဆံပင်နဲ့ ပတ်သတ်ပြီး ဆင်ယင်ထုံးဖွဲ့နည်းတွေအပြင် ဆံပင်ထိန်း သိမ်းစောင့် ရှာက်နည်းတွေကိုပါ ထည့်သွင်းဖော်ပြထားပြီး ဆံပင်ကို ဘယ်လိုပြင်ဆင်ထုံးဖွဲ့သင့်တယ်၊ ဘယ်လို အလှဆင်သင့်တယ်ဆိုတာတွေကိုပါ ပြည့်စုံစွာ ဖော်ပြပေးထား ပါတယ်။ အလှအပသာမက ဖက်ရှင်ဆိုင်ရာ ဗဟုသုတတွေ၊ အမြင်သစ်အဆန်းတွေ၊ ခေတ်ရေစီးကြောင်းအရ ကျော်ကြား လူသိများနေတဲ့ ဒီဇိုင်းပုံစံမျိုးတွေကို လည်း ဖော်ပြပေးထားပြီး နည်းလမ်းတွေကိုလည်း ထည့်သွင်းဖော်ပြပေးထားပါသေးတယ်။ အလှအပနဲ့ ဖက်ရှင် ၀ါသနာရှင်တွေ စိတ်ကြိုက်လေ့လာနိုင်မယ့် ၀က်ဘ်ဆိုဒ်ဖြစ်ပါတယ်။

from internet journel
Vol.13, No.16 Thursday, May 03 2012

Posted by စိမ့်စမ်းရေ on Sunday, May 6, 2012