ဇစ်ဆိုတာက အင်္ကျီတွေက ဇစ်၊ ဘောင်းဘီတွေက ဇစ်၊ လွယ်အိတ်တွေက ဇစ်။ ဒီဇစ်တွေပေါ်လာတော့ လူတွေ အဖွင့်အပိတ်အတွက် အတော်လေးကို အဆင်ပြေလာကြတယ်။

ဒီနေ့ ဂူဂဲလ်ကို ဖွင့်လိုက်တော့ ထူးထူးခြားခြား ဇစ်ပုံကြီး ပေါ်လာတော့ ထုံးစံအတိုင်း ၀ီကီပီဒီယားကနေ ဇစ်ရဲ့ သိမိုင်းကြောင်းကို လှန်လှော ရှာမိပါတယ်။ (Chrome Browser ဆိုရင်တော့ ဇစ်ကို ဆွဲချလို့ရပါတယ်၊ မြေခွေးမှာတော့ ရမရ မသေချာပါ)


ဇစ်မပေါ်ခင်ကတော့ ကြယ်သီးတွေသုံးကြမှာပေါ့။ နောက်ပိုင်း ဇစ်ပေါ်လာတော့ (Levis 501 ကိုတော့ ချန်ထားပေါ့လေ) အ၀တ်အစားတွေမှာ ဇစ်တွေကို တွင်တွင်ကျယ်ကျယ်အသုံးချလာကြပါတယ်။

ဇစ် သမိုင်းကိုကြည့်လိုက်တော့ ဇစ်ရဲ့ ပထမ မျိုးဆက် သဘောတရားကို ၁၉၅၁ ခုနှစ်မှာ Elias Howe ဆိုတဲ့ စက်ချုပ်စက် ကိုတီထွင်သူက တီထွင်ပါသတဲ့။ အဲ့ဒီတုန်းကတော့ အလိုအလျှောက် စဉ်ဆက်မပြတ် အ၀တ်အထည်များကို ပိတ်သော အရာလို့ ခေါ်ကြပါတယ်။ ဒါပေမယ့် သူ့စက်ချုပ်စက်က အောင်မြင်လေတော့ အဆိုပါ ဇစ် ကို ဈေးကွက်မဖြန့်ခဲ့ပါဘူးတဲ့။


နောက်ထပ် နှစ် ၄၀ ကြာတော့ Whitcomb Judson ဆိုတဲ့လူက “Clasp Locker” ဆိုတဲ့ ပစ္စည်းကို ဈေးကွက်ဖြန့်ပါတယ်။ ဒီပစ္စည်းကတော့ Howe ရဲ့ အခြေခံနဲ့ ဆင်တူပေမယ့် ပိုပြီးတော့ ရှုပ်ထွေးတဲ့ ဖိနပ်တွဲစပ်တဲ့ နေရာတွေမှာ သုံးပါသတဲ့။

နောက်ပိုင်မှာ Whitcomb ဟာ စီးပွားရေးလုပ်ငန်းရှင် Elvira Aronson ဆိုသူရဲ့ ထောက်ပံပေးမှု့နဲ့ “Universal Fastener Company” ကို ထူထောင်ခဲ့ပြီး ၁၈၉၃ ချီကာဂို ကမ္ဘာ့ကုန်စည်ပြပွဲမှာ ပြသတော့ အောင်မြင်မှု့အတော်အတန်ရပါသတဲ့။


တစ်ကယ်တမ်း ဇစ်ကို ယနေ့ခေတ်မြင်ရတဲ့ ဇစ် ပုံစံဖြစ်အောင် တီထွင်သူကတော့ ဆွီဒင်မှာမွေးပြီးတော့ အမေရိကန်နိုင်ငံသားခံယူတဲ့ Gideon Sundback ဆိုသူပဲဖြစ်ပါတယ်။

၁၉၀၆ ခုနှစ်မှ Sunback ဟာ နယူးဂျာစီပြည်နယ်၊ ဟိုဘိုကန် က Universal Fastener Company ကိုအလုပ်ဝင်ပါတယ်။

လုပ်ရည်ကိုင်ရည်ရှိတာရော၊ စက်ရုံမန်နေဂျာရဲ့ သမီးကိုပါ ချိုင်နိုင်လေတော့ Sunback တစ်ယောက် ဒီဇိုင်းဋ္ဌာနရဲ့ ဋ္ဌာနမှုးဖြစ်လာပါတယ်။ ဒါပေမယ့် သူ့အမျိုးသမီးမှာ ၁၉၁၁ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ သူဟာ သူ့ရဲ့ဘ၀ကို အလုပ်ပေါ်မှာပဲမြှုပ်နှံခဲ့ပါတယ်။ ၁၉၁၃ ခုနှစ်မှာတော့ သူဟာ ကျွန်တော်တို့ ယနေ့မြင်နေရတဲ့ ဇစ် ကို ဒီဇိုင်းထွင်ခဲ့ပါတယ်။

သူဟာ ဇစ်တွေတွဲဆက်တဲ့အစိတ်အပိုင်းကို တစ်လက်မ ၄ ခုကနေ တစ်လက်မကို ၁၁ ခုမှ ၁၂ခုအထိဖြစ်အောင် တိုးမြှင့်ခဲ့ပြီး ဇစ်ခေါင်းတစ်ခုထဲနဲ့ ဇစ်ကြောင်းနှစ်ခုကို တွဲဆက်လို့ရတဲ့ နည်းကို မိတ်ဆက်ပေးခဲ့ပါတယ်။

၁၉၁၇ မှာတော့ ဇစ်ခေါင်းအရှင် (တွဲလို့ ခွဲလို့ရတဲ့) ဇစ်ပုံစံသစ်ကို ထုတ်လုပ်ခဲ့ပါတယ်။ သူဟာ ဇစ်ထုတ်လုပ်တဲ့ စက်အသစ်ကို လဲ တီထွင်ခဲ့ပါတယ်။

၁၉၃၇ လောက်မှာတော့ ဇစ်တွေဟာ ကြယ်သီးတွေနေရာကို အစားထိုးဝင်ရောက်လာပါတယ်။ အစပိုင်းမှာတော့ ကလေးတွေ အကျိင်္ဝတ်ရတာ လွယ်ကူအောင် အ၀တ်အစားတွေမှာ ဇစ်တွေကို အသုံးပြုခြင်းကစတင်လို့ နောက်ပိုင်း လူကြီးတွေပါ ဇစ်တပ်အကျီတွေ ၀တ်ဆင်ကြပါသတဲ့။

နောက်ပိုင်းမှာ နာဆာက ဝေဟင်အမြင့်တွေမှာ သုံးဖို့ လေလုံဇစ်တွေကို တီထွင်သလို၊ နောက်ပိုင်းမှာ အာသာက ယာဉ်မှုးတွေဟာ အဲ့ဒီ လေလုံဇစ်တွေကို ၀တ်ဆင်ကြပါတယ်။

ရေငုပ်သမားတွေအတွက်လဲ ရေလုံ ဇစ်တွေ ဖန်တီးထုပ်လုပ်လာကြပါတယ်။ ဇစ် ကို တစ်ကမ္ဘာလုံးဖြန့်ချီမှု့မှာတော့ ဂျပန်က YKK Group က ထိပ်ဆုံးမှာရှိပြီး ဈေးကွက်ရဲ့ ၄၅ ရာခိုင်နှုန်းကို ယူထားပါသတဲ့။




ဖေ့ဘုတ်က မောင်လေးတစ်ယောက်တင်ထားတာကို ပြန်လည်ဝေမျှခြင်းသာ....

Posted by စိမ့်စမ်းရေ on Wednesday, April 25, 2012

0 comments

Post a Comment