မြန်မာနိုင်ငံမှ ကမ္ဘာတစ်ဝန်းသို့ ဖုန်းခေါ်ဆိုနိုင်မည့် VOIP တယ်လီဖုန်း စနစ်ကို စင်ကာပူနိုင်ငံရောက် မြန်မာ IT ပညာရှင်များမှ တီထွင် ထုတ်လုပ်ခဲ့ပြီး ဈေးကွက်သို့ Free Talky အမည်ဖြင့် ၀င်ရောက်လာမည် ဖြစ်ကြောင်း သိရှိရသည်။


မြန်မာနိုင်ငံတွင် လက်ရှိ၌ အသုံးပြုမှု အများဆုံးဖြစ်သည့် စင်ကာပူ နိုင်ငံအခြေစိုက် Pfingo နှင့် လူဇင်ဘတ်နိုင်ငံ အခြေစိုက် Skype တို့ကဲ့သို့ အသုံးပြုနိုင်မည့် စနစ်ဖြစ်ပြီး Free Talky မှာ မြန်မာ IT ပညာရှင်များ အနေဖြင့် ပထမဆုံး တီထွင်ထုတ် လုပ်ထားသည့် VOIP ဖုန်းစနစ် ဖြစ်သည်။ ဖုန်းခေါ်ဆိုခ ဈေးနှုန်းအများစုမှာ အခြားစနစ်များထက် ပိုမို သက်သာမည် ဖြစ်ကြောင်း သိရှိရပါသည်။


အဆိုပါ Free Talky ဟု အမည်ပေးထားသော VOIP တယ်လီဖုန်းစနစ်ကို စင်ကာပူနိုင်ငံရှိ မြန်မာ IT ပညာရှင်များ ပါဝင်သည့် Excellent Trade Channel Pte Ltd, Singapore မှ ထုတ်လုပ်ခြင်း ဖြစ်ကြောင်း သိရသည်။


Free Talky ၀က်ဆိုက်ဖြစ်သည့် www.freetalky တွင် Account ဖွင့်ရန် လိုအပ်မည် ဖြစ်ပြီး ကြိုတင်ငွေဖြည့်ကတ်(Prepaid Card) ဖြင့် ငွေဖြည့်သွင်း အသုံးပြုရမည် ဖြစ်ကြောင်း သိရှိရသည်။


''မြန်မာနိုင်ငံမှာဆိုရင် အင်တာနက် မြန်နှုန်းက နှေးမယ်။ အဲဒီအပေါ်မှာ Free Talky ကပိုပြီးတော့ စကားပြောလို့ ကောင်းတယ်။ ပုံမှန်အားဖြင့် Dial-Up စနစ်တစ်ခု ယူမယ်ဆိုရင် မြန်နှုန်း 56 kbps ရတယ်။ အဲဒီလိုမျိုးမှာတောင် သုံးလို့ရပါတယ်''ဟု Excellent Trade Channel Pte Ltd, Singapore မှ ဒါရိုက်တာဖြစ်သူ ကိုပြည်စိုးထွန်းက ပြောပါသည်။


''အသုံးပြုသူတွေ လွယ်ကူအောင် တော်တော်လေးကို လွယ်အောင် လုပ်ထားပါတယ်။ Instruction တွေက အစ မြန်မာလို ဖတ်လို့ရတယ်။ မြန်မာလိုရတော့ သုံးရတာ ပိုပြီး လွယ်ပါလိမ့်မယ်။

ဝက်ဘ်ဆိုက်ကို ခေါ်ကြည့်လိုက်မယ်။ ပြီးရင် ကိုယ့်ရဲ့ ကိုယ်ပိုင် Account တစ်ခု ယူလိုက်မယ်။ Account လုပ်တာကလည်း အီးမေးလ်လိပ်စာလေး တစ်ခုပဲ လိုတာပါ။

တကယ်လို့ ဒါမျိုး Account လုပ်ဖို့ လိုအပ်တယ်ဆိုရင်လည်း ကျွန်တော်တို့ဘက်က ကူညီဆောင်ရွက်ပေးဖို့ အသင့်ရှိပါတယ်။ ကြိုတင်ငွေဖြည့်ကတ် ဆိုတာကလည်း အလွယ်တကူ ၀ယ်လို့ရအောင် လုပ်ပေးမှာပါ။

စင်ကာပူ အခြေစိုက်ပေမယ့် မြန်မာကျပ်ငွေနဲ့ အဆင်ပြေအောင် လုပ်ပေးမှာ။ တစ်ကတ်မှ ကျပ် ၃၀၀၀ လောက်ပဲ ကျသင့်မှာပါ''ဟု ၎င်းကပြောပါသည်။

Free Talky VOIP ဖုန်းအနေဖြင့် မြန်မာနိုင်ငံမှ နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုခများ အနေဖြင့် စင်ကာပူနိုင်ငံသို့ ခေါ်ဆိုလျှင် တစ်မိနစ် ၁၅ ကျပ်၊ ထိုင်းနိုင်ငံသို့ ခေါ်ဆိုလျှင် တစ်မိနစ် ၂၉ ကျပ်၊ မလေးရှားနိုင်ငံသို့ ခေါ်ဆိုလျှင် တစ်မိနစ် ၂၉ ကျပ်၊ UK သို့ ခေါ်ဆိုလျှင် တစ်မိနစ် ၂၅ ကျပ်၊ အမေရိကန်နိုင်ငံသို့ ခေါ်ဆိုလျှင် တစ်မိနစ် ၁၅ ကျပ်နှင့် ကနေဒါနိုင်ငံသို့ ခေါ်ဆိုလျှင် တစ်မိနစ် ၁၉ ကျပ် စသဖြင့် ဈေးနှုန်းများသာ ကျသင့်ကြောင်း သိရသည်။

ကမ္ဘာတစ်ဝန်းသို့ ခေါ်ဆိုနိုင်သည့် VOIP ဖုန်းစနစ်များ ဈေးနှုန်း နှိုင်းယှဉ်ချက်
(တစ်မိနစ်၊ အမေရိကန်ဒေါ်လာ) နိုင်ငံ Skype Pfingo Free Talky
ထိုင်း ၀ ဒသမ ၁၁၆ ၀ ဒသမ ၀၄၅ ၀ ဒသမ ၀၂၉
စင်ကာပူ ၀ ဒသမ ၀၂၃ ၀ ဒသမ ၀၂ ၀ ဒသမ ၀၁၅
ၾသစေၾတးလ် ၀ ဒသမ ၂၀၈ ၀ ဒသမ ၃၈၂ ၀ ဒသမ ၀၂၉
ကေနဒါ ၀ ဒသမ ၀၂၃ ၀ ဒသမ ၀၄ ၀ ဒသမ ၀၁၉
တရုတ် ၀ ဒသမ ၀၂၃ ၀ ဒသမ ၀၃ ၀ ဒသမ ၀၂၃
မလေးရှား ၀ ဒသမ ၀၆၁ ၀ ဒသမ ၀၆ ၀ ဒသမ ၀၂၉
ဗြိတိန် ၀ ဒသမ ၂၅၉ ၀ ဒသမ ၄၅ ၀ ဒသမ ၀၂၅
အမေရိကန် ၀ ဒသမ ၀၂၃ ၀ ဒသမ ၀၄ ၀ ဒသမ ၀၁၅
ပြင်သစ် ၀ ဒသမ ၂၀၉ ၀ ဒသမ ၀၃ ၀ ဒသမ ၀၂၆



facebook ကနေပြန်လည်မျှဝေလိုက်ခြင်းသာ.....

Posted by စိမ့်စမ်းရေ on Wednesday, April 25, 2012

0 comments

Post a Comment