Good Health —
ရင်ခေါင်းနဲ့ ဝမ်းဗိုက်ကို ပိုင်းခြား ထားတဲ့ ကန့်လန့်ဖြတ် ကြွက်သားတွေ ရုတ်တရက်ကျုံ့ဝင်ပြီး ကြွက်တက်သလိုဖြစ်တာကြောင့် နံရိုးဘေးနေရာမှာ စူးရှပြီး နာကျင်တဲ့ဝေဒနာ ခံစားရတတ်ပါတယ်။
ရင်ဝမ်းတားကြွက်သား Diaphragm မှာ အောက်ဆီဂျင်လုံလုံလောက် လောက်မရရှိတဲ့အခါမှာ Side Stich ဖြစ် တတ်ပြီး အပြေးအားကစားသမားတွေမှာ မကြာခဏဖြစ်လေ့ ရှိပါ တယ်။သင်ဟာ ဒူးခေါင်းကို မြှောက်လိုက် တဲ့အခါ အကြိမ်တိုင်း သင်ရဲ့ဝမ်းဗိုက် ကြွက်သားတွေကျုံ့ဝင်သွားပြီး ဝမ်းဗိုက် အတွင်းဖိအားများသွားပါတယ်။
ဒါ ကြောင့် ကန့်လန့်ဖြတ်ကြွက်သားနေရာ ကို သွေးရောက်ရှိမှုပိတ်သွားပြီး ကြွက် တက်ကာ နံဘေးနာကျင်မှု ဝေဒနာခံစား ရတာပါ လို့ Dr.Gabe Mirkin ပြောပါတယ်။ လမ်းလျှောက်တာ ဒါမှ မဟုတ် ရယ်မောတာကြောင့် လည်း နံဘေးစူးပြီး နာကျင်တတ်ပါ တယ်။
အောက်ပါ တို့ကို ပြုလုပ်ပါ။ရပ်လိုက်ပါသင်နာကျင်တဲ့ဝေဒနာ ခံစားရရင် သင်ဘာပဲလုပ်နေနေ အဲဒီအလုပ် ကို ခေတ္တရပ်ထားလိုက်ပါ။
ကြွက်တက်နေ တဲ့ ကြွက်သားတွေ Relax ရဖို့ လိုအပ် လို့ပါ။ပြေးတဲ့အရှိန်လျှော့ပြီး လမ်း လျှောက်ပါသင်ဟာ ပြေးနေရင်း နံဘေးစူးရှ ပြီးနာကျင်တဲ့ဝေဒနာ ခံစားရရင် အရှိန်ကို လျှော့လိုက်ကာ လမ်းလျှောက်လိုက် တာကြောင့် ကြွက်သားတွေ Relax ရရှိ စေနိုင် ပါတယ်။
ဝေဒနာသက်သာသွားမှ အရှိန်ပြန်တင်ပါ။ဖိထားပါအနာကျင်ဆုံးနေရာကို နာကျင်တဲ့ ဝေဒနာပျောက်တဲ့အထိ လက်သုံး ချောင်းနဲ့ဖိထားပေးပါ။ ဒါမှမဟုတ် အဲဒီ လက်သုံးချောင်းနဲ့ နာကျင်တဲ့နေရာကို နှိပ်ပေးပါ။
နာကျင်တဲ့ဝေဒနာသက်သာ သွားပါမယ်လို့ အားကစားနဲ့ စိတ်ပညာ ဌာနမှ Dr.Dawid Balboa က ပြော ပါတယ်။အသက်ရှူထုတ်ပါကန့်လန့်ဖြတ် ကြွက်သားတွေ ကြွက်တက် တာပျောက်ကင်းဖို့ အသက်ရှူ သွင်းလိုက်ပါ။ ပြီးရင်နှုတ်ခမ်းစေ့ပြီး အသက်ရှူထုတ်ပါ
။ပြင်းနိုင် သလောက် ပြင်းပြင်းရှူ ထုတ်လိုက်ပါ။ နောက်တစ် ကြိမ် အသက်ရှူသွင်းပြီး ပြန်ရှူထုတ်ပေး ပါ။ ယောဂကျင့်စဉ်ပြုလုပ်သလိုမျိုး အသက်ပြင်းပြင်း ရှူထုတ် တာကြောင့် ဝမ်းဗိုက် ကန့်လန့်ဖြတ် ကြွက်သားတွေ အတွက် အတွင်းက နှိပ်နယ်ပေးသလို ဖြစ်သွားပါတယ်။
အသက်ရှူသွင်းပါ၊ ရှူထုတ်ပါနာကျင်ကိုက်ခဲတဲ့နေရာကို ဆက် လက်နှိပ်နယ်ပြီး အသက်ရှူနှုန်းကို ပုံမှန် ဖြစ်အောင်ပြန်လျှော့ချပါ။ဝမ်းဗိုက်နဲ့ အသက်ရှူပါသင်လမ်းမလျှောက်ခင် ဒါမှမဟုတ် အပြေးမလုပ်ခင် နံဘေးစူးရှပြီး နာကျင် မှုမရအောင် ကာကွယ်နိုင်ဖို့ ဘယ်လို အသက်ရှူမလဲဆိုတာကို သိထားဖို့လိုအပ် ပါတယ်။
ဒါကြောင့် အောက်ပါတို့ကို ပြု လုပ်ပေးပါ။ ရင်ဘတ်အောက်ကို ငုံ့ကြည့် ပြီး အသက်ပြင်းပြင်းရှူသွင်းလိုက်ပါ။ သင့်ရင်ဘတ်လှုပ်ရှားနေရင် သင်ဟာ ရင်ခေါင်းနဲ့အသက်ရှူသွင်းနေတာပါ။ နံဘေးစူးရှပြီး နာကျင်မှုမရှိအောင် ဝမ်းဗိုက်နဲ့ အသက်ရှူသွင်းရှူထုတ်လုပ်ဖို့ လေ့ကျင့်ထားပါ။
ဝမ်းဗိုက်ကန့်လန့်ဖြတ်ကြွက် သားကို လေ့ကျင့်ခန်း လုပ်ပေးပါတခြားကြွက်သားတွေလိုပဲ Diaphragm ကြွက်သားတွေဟာလည်း လေ့ ကျင့်ခန်းမလုပ်ခင် သွေးပူလေ့ကျင့်ခန်း ပြုလုပ်ဖို့ လိုပါတယ်။ ကြမ်းပြင်ပေါ်မှာ ထိုင်ပြီး လက်တစ်ဖက်ကို ရင်ဘတ်ပေါ် မှာထားပြီး ကျန်တစ်ဖက်ကို ဝမ်းဗိုက်ပေါ်မှာတင်ကာ ထားပါ။
အသက်ရှူစဉ်မှာ သင့်လက်နှစ်ဖက်စလုံး အပေါ် အောက်ရွေ့လျားမှုရှိမှ သင်ဟာ Diaphragm အပါအဝင် အသက်ရှူတဲ့ စွမ်း အားကို အပြည့်အဝအသုံးချနေတာ ကြောင့် လေ့ကျင့်ခန်းလုပ်သလိုမျိုးဖြစ် သွားပါတယ်။အသက်အောင့်မထားပါနဲ့ကြောက်ရွံ့တာ ဒါမှမဟုတ် အေးလွန်းတာ ဒါမှမဟုတ် နာကျင်တာကို ရှောင်လွှဲလိုတဲ့အခါမှ လူတွေဟာ အ သက်ရှူအောင့်ထားတတ်ပါတယ်။
အဲဒီလို မလုပ် ပါနဲ့။ ပုံမှန်အတိုင်းအသက် ရှူပါ။အားကစားမလုပ်ခင် နှစ်နာရီ အလိုမှာ အစာမစားပါနဲ့အေရိုးဗစ်လှုပ်ရှားမှုလုပ်တိုင်း ခန္ဓာကိုယ်မှ သွေးတွေဟာ ကြွက်သားနေ ရာကို ရောက်ရှိသွားတဲ့အတွက် အစာခြေ လုပ်ငန်းနှေးကွေးသွားတတ်ပါတယ်။
ဒါကြောင့် အားကစားပြိုင်ပွဲ မစခင်နှစ် နာရီအလိုမှာ အစာမစားပါနဲ့။ အကယ်၍ သင်ဟာ နံဘေးစူးစူးပြီး အောင့်တတ် သူဖြစ်နေရင် လေ့ကျင့်ခန်း တစ်ခုခုမလုပ် ခင်မှာ ဝမ်းသွားထားပါ။
0 comments