လမင်းသို့..တိုင်တည်ခြင်း




လမင်းကြီးရေ....
ဖြစ်ချင်မှုနဲ့ဖြစ်တည်မှုတွေ
တစ်ထပ်တည်းမကျခဲ့လို့
ငါ့ရဲ့....မျှော်လင့်ချက်တွေနဲ့
ရည်မှန်းချက်တွေမှေးမှိန်သွားတဲ့အခါ
မင်းရဲ့အပြုံးတွေနဲ့
ငါ့ကိုနှစ်သိမ့်လှည့်ပါအုံး....။
နှလုံးသားနဲ့ရင်းပြီး..ပေးဆပ်ခဲ့ရတဲ့
ငါ့ရဲ့..ရည်မှန်းချက်တွေကိုပုံဖော်မယ်ကြံကာမှ
နာကျင်စရာတွေနဲ့ပဲအဆုံးသတ်ခဲ့ရတယ်လေ...။
စကားလုံးတွေတတ်မြောက်ဖို့အတွက်
စကားလုံတွေကိုသင်ယူခဲ့ပြီးမှ
သဲထဲကိုပျော်ဝင်သွားတဲ့ရေတွေလို
ဘယ်လိုမှအသုံးမ၀င်တော့တဲ့
ငါ့ရဲ့...ရည်မှန်းချက်တွေအတွက်
မင်းရဲ့..နှစ်သိမ့်မှုကဘယ်လိုများလဲ
နဲနဲလေးတော့ပြုံးပြခဲ့ပါ.....လမင်းကြီးရယ်......။





အောင်ကိုမင်း ဆိုတဲ့မောင်လေးတစ်ယောက် ရေးထားတာပါ။
သူရဲ့ ကဗျာလေးတွေကိုလည်း
ခံစား အားပေးကြပါဦးနော်.

Posted by စိမ့်စမ်းရေ on Saturday, February 25, 2012
categories: | edit post

0 comments

Post a Comment