Page Elements (Widgets)

Page Elements တွေဆိုတာက Webpage တို့ရဲ့ အဆင်တန်ဆာများပဲ ဖြစ်ပါတယ်။
၎င်းတို့ကို ညီညွှတ်မျှတအောင် ပေါင်းဆပ်ဆင်ယင်နိုင်မည်ဆိုပါက Page ရဲ့
အဆင့်အတန်းအရည်အသွေးကို ပိုမိုပေါ်လွင်စေပါလိမ့်မယ်။ မိမိတို့ Blog
ရဲ့ဒီဇိုင်း (Template) ကိုလည်း Page element တို့ ထပ်မံပေါင်း
စပ်ထည့်သွင်းပြီး စိတ်ကြိုက်တန်ဆာဆင်ထားလို့ ရပါတယ်။ ပုံမှန်အားဖြင့် Blog
တစ်ခုဖန်တီးပြီးတိုင်း Profile တို့ Active တို့ဆိုတဲ့ Page element
တွေကတော့ အလိုအလျှောက်ပါရှိပြီးသား ဖြစ်ပါတယ်။ အဲဒါတွေအပြင်၊ နာရီတို့၊
ပြက္ခဒိန်တို့။ မိမိမိတ်ဆွေတို့၏ Blog လိပ်စာများ အစရှိသည်တို့ကို Page
element တွေအဖြစ် လိုသလို ထည့်သွင်းထားနိုင်ပါသေးတယ်။

Layout အောက်မှ Page elements တွင် Click တစ်ချက်နှိပ်လိုက်ပါ။ ဒီနေရာ
ကို (Layout/Page element) လို့ဆိုပါမယ်။ ညာဘက်ခြမ်းကို သတိထားပြီးကြည့်ပါ။
Contributors နှင့် Blog Archive ဆိုပြီး Page elements နှစ်ခုကို
တွေ့ရပါမယ်။ ထိုနှစ်ခုက Blog စတင် Create လုပ်စဉ်ကတည်းကိုက
အလိုလျောက်ပါပြီးသား ဖြစ်ပါတယ်။ ကိုယ်စိတ်တိုင်းကျ Page Elements
သစ်တွေထပ်ထည့်ချင်ရင် “ Add a page element” တွင် နှိပ်ပြိး
ထပ်ထည့်နိုင်ကြပါတယ်။

မှတ်ချက်။ ။ မိမိရွေးခဲ့တဲ့ Template ပေါ်မှုတည်ပြီး Page element ထည့်နိုင်မယ့်နေရာတွေ အနည်းငယ် ကွဲပြားပါလိမ့်မယ်။

Add a Description

Blog Title အောက်တွင် Description ထည့်လိုက ထည့်ထားနိုင်ပါတယ်။
Description ဆိုတာက မိမိရဲ့ Blog သည် စီးပွားရေး၊ လူမှုရေး၊ ဖျော်ဖြေရေး
အစရှီသည်တို့ထဲက ဘယ်ကဏ္ဍပေါ်မှာ အခြေခံတည်ဆောက်ထားသလဲဆိုတာကို ဖတ်ရူ့သူများအား
အလွယ်တကူသိစေနိုင်မည့် အချက်အလက် စကားလုံးများပဲ ဖြစ်ပါတယ်။

Dashboard ပေါ်မှ Manage Setting တွင်နှိပ်ပါ။ Setting အောက်မှ Basic
ထဲသို့ ရောက်သွားပါမယ်။ ဒီနေရာကို (Setting / Basic) Page လို့ ခေါ်ပါမယ်။

Blog title ကိုပြင်လိုက ဒီနေရာတွင် ပြင်နိုင်ပါတယ်။ Description
နေရာတွင် မိမိရေးလိုတဲ့ ကဏ္ဍကို ကိုယ်စားပြုမည့် စကားလုံးများကို
ရိုက်ထည့်ပါ။ ပြီးလျှင် Page ၏ အောက်ခြေတွင်ရှိသော Save Setting ကို Click
နှိပ်ပါ။

“setting were saved successfully” ဆိုတာ ပေါ်လာပါမည်။ သဘောက မိမိဖြည့်စွက်ခဲ့သည့် အတိုင်း ထည့်သွင်းပြင်ဆင်ပြိးဖြစ်ကြောင်း ဖော်ပြခြင်းဖြစ်ပါသည်။

ဒါဆိုရင် Description ထည့်ပြီးသွားပြီ။ မိမိ Blog
ကိုသွားကြည့်မယ်ဆိုရင် Blog title အောက်မှာက Description အဖြစ်ထည့်ခဲ့သော
စာသားများကို မြင်ကြရပါမယ်။

Add a team Member

Blog တစ်ခုတည်းကို လူအများစုပေါင်းရေးလို့ရတယ်။ သဘောက
ကိုယ်တစ်ယောက်တည်း မဟုတ်ပဲ စိတ်ချရတဲ့ မိတ်ဆွေအပေါင်းအသင်းတွေကိုပါ မိမိ
Blog မှာဝင်ရောက်ရေးသား Post တင်နိုင်အောင် လုပ်ထားလို့၇ပါတယ်။
အားသာချက်ကတော့ တစ်ယောက်မအားတဲ့အခါ တစ်ယောက်ဝင် ရေးကြခြင်းဖြင့် မိမိ Blog
သည် အမြဲတမ်း Update ဖြစ်နေမယ်ပေါ့။

အဲ့လိုဝင်ရေးနိုင်အောင် သူတို့သည် မိမိ Blog ရဲ့ Member ဖြစ်ကြရပါမယ်။
Member ဖြစ်အောင်လုပ်ဖို့၇န် အပိုင်း(၂)ပိုင်း ရှိပါတယ်။ ပထမဦးစွာ Blog
ပိုင်ရှင်ဖြစ်တဲ့ မိမိကနေသူတို့ထံသို့ Email ဖြင့် Invite လုပ်ရပါမယ်။ ဒါက
ကိုယ့်ဘက်က လုပ်ရမယ့်အပိုင်း။ ဟိုတစ်ဖက်က ၀င်ရောက်ရေးသားဖို့ရန်
ဖိတ်ကြားခံရသူတွေ အနေနှင့်တော့ Invite လုပ်သည့် Email ရောက်လာပြီဆိုရင်
ဖွင့်ဖတ်ပြီး Activate လုပ်ပေးရပါမယ်။ Activate လုပ်ပြီးတာနှင့် Member
ဖြစ်သွားပြီး ၀င်ရောက်ရေးသားနိုင်ကြပါပြီရှင်။

Invite လုပ်ခြင်း

Member ဖြစ်အောင် Invite လုပ်ရန်အတွက် Setting အောက်မှ Permission တွင်
Click တစ်ချက်နှိပ်လိုက်ပါ။ ဒီနေရာကို (Setting Permission) Page လို့
ဆိုရပါမယ်။

Permission အောက်ရှိBlog Author နေရာတွင် ဒီ Blog မှာ ၀င်ရေးသူ
ဘယ်နှစ်ယောက်ရှိသလဲဆိုတာကို ဖြစ်ပါတယ်။ ယခုချိန်မှာတော့ Member မရှိသေးသည့်
အတွက် မိမိ တဦးတည်း၏ အမည်ကိုသာ မြင်တွေ့ကြရပါဦးမယ်။

Invite လုပ်ရန်အတွက် Add Author တွင် Click တစ်ချက်နှိပ်ပါ။ ထို့နောက်
Member အဖြစ် ဖိတ်ကြား လိုသော သူ၏ Email လိပ်စာကို Invite more people
နေရာတွင် ရိုက်ထည့်လိုက်ပါ။

Invite တွင် Click နှိပ်လိုက်ပါက Blogger သည် ထည့်သွင်းပေးခဲ့သော Email
လိပ်စာထံသို့ Activation Link တစ်ခုပါတဲ့ Email
တစ်စောင်ပေးပို့ပါလိမ့်မယ်။ ထို့အတူ Permission အောက်တွင် Invite
ခုပ်လိုက်သော Email လိပ်စာပေါ်လာပါမည်။

အကယ်၍ အကြောင်းတခုခုကြောင့် Invite မလုပ်လိုတော့ပါက Remove တွင် Click နှိပ်ပြီး ဖျက်ထုတ်နိုင်ကြပါတယ်။

Invite လုပ်ခြင်းကို လက်ခံခြင်း (Join a team Blog)

ယခုဆက်လက်ပြီး Member အဖြစ်ဖိတ်ကြားခံရသူတွေဘက်က
ဆက်လက်လုပ်ဆောင်ကြရမယ့် Activation အပိုင်းကို ဖော်ပြသွားပါမယ်။ Blog မှာ
ဝင်ရောက်ရေးသားရန် ဖိတ်ကြားသော Email ထဲသို့ ၀င်လိုက်ပါက Invite လုပ်သော
Email message ကိုတွေ့ရပါမယ်။

၎င်း Message ကို ဖွင့်လိုက်ပါက အပြာရောင်စာသားများဖြင့် Activation
Link တစ်ုခကိုတွေ့ရပါမယ်။ Member ဖြစ်အောင် Activate လုပ်ဖို့ရန် Link
ပေါ်တွင် Click တစ်ချက်နှိပ်ပါ။

ဒါဆိုရင်

www.blogspot.com

သို့ရောက်ရှိသွားပြီး Invite လုပ်ခြင်းကို လက်ခံသဘောတူကြောင်း
အတည်ပြုပေးရပါမယ်။ Username နေရာတွင် Email Address နှင့် Password
နေရာတွင် ၄င်း Email Address နှင့် သက်ဆိုင်သော Password တို့ကို
ထည့်ပေးရပါမယ်။

Username နှင့် Password တို့ကို မှန်ကန်စွာ ဖြည့်စွက်ပြိးပါက Accept
Invitation တွင် Click နှိပ်လိုက်ပါ။ ဒါဆိုရင် Team Member ဖြစ်သွားပြီး
၎င်း Blog တွင် ၀င်ရောက် ရေးသော Post တင်နိုင် ကြပါပြီ။

Posted by စိမ့်စမ်းရေ on Monday, November 28, 2011

0 comments

Post a Comment