Manage team Member

ဖိတ်ကြားချက်ကို လက်ခံ၍ Activate လုပ်ပြီး သူတို့သည် မိမိ Blog ရဲ့
Member များဖြစ်လာကြပါပြီ။ အဲဒီ Member ဖြစ်လာသူတွေသည် ပုံမှန Default
အားဖြင့် မိမိ၏ Blog မှာ Post တွေကိုသာ ရေးတင်နိုင်ခွင့်ရှိ ကြပါတယ်။
အခြားဘာလုပ်ပိုင်ခွင့်မှ မရှိကြပါဘူး။

Blog ပိုင်ရှင်ဖြစ်တဲ့ မိမိကသာလျှင် Blog အမည်ပြောင်းခြင်း၊ Template
ပြောင်းခြင်း၊ Post တွေဖျက်ထုတ်ခြင်း အစရှိတဲ့ လုပ်ငန်းစဉ်တွေကို
လုပ်ဆောင်နိုင်ပါတယ်။ ဒါက အခြေခံသဘောကို ပြော တာပါ။ အကယ်၍ လိုအပ်ပါက Member
ထဲမှ ယုံကြည်ရသူတစ်ဦးဦးကို မိမိရဲကလုပ်ပိုင်ခွင့်များအတိုင်း ပေးအပ်ထားလို့လည်းရပါတယ်။

Setting အောက်မှ Permission တွင် Click နှိပ်ပြီး (Setting /Permission) သို့သွားလိုက်ကြရအောင်။ Permission အောက်တွင် ဒီ Blog မှာဝင်ရောက်ရေးသားနိုင်သူ Member ဘယ်နှစ်ယောက် ရှိသလဲဆိုတာကို
တန်းစီဖော်ပြထားပါလိမ့်မယ်။အဲ့ဒီ Member တွေထဲကမှ လုပ်ပိုင်ခွင့်တိုးမြှင့်ပေးလိုသော Member
အမည်ဘေးမှ Grant Admin တွင် Click နှိပ်ပါ။ Admin အဆင့်ပေးပို့ရန်
အတည်ပြုချက်တောင်းခံသော Box တစ်ခုမြင်ရပါမယ်။ “Grant Admin Privilege” တွင်
Click နှိပ်လိုက်ပါ။

ဒါဆိုရင် ထိုသူသည် Post ရေးသားနိုင်ရုံသက်သက် မဟုတ်တော့ဘဲ Blog
အားမိမိကဲ့သို့ စီမံခန့်ခွဲနိုင်ခွင့်ရှိသူ တစ်ဦး ဖြစ်သွားပါလိမ့်မယ်။

Add Poll

Poll ဆိုတာက အကြောင်းအရာ အဖြစ်အပျက် တစ်ခုပေါ်မှာ လူအများ၏ သဘောထား
အမြင်တွေကို သိရှိနိုင်အောင် ကောက်ယူသော စစ်တမ်းတစ်မျိုးပင် ဖြစ်ပါတယ်။
ဆိုရရင် စစ်တမ်း ထုတ်ချင်တဲ့ မေးခွန်း တစ်ခု ဖန်တီးမယ်။ ပြီးရင်
သဘောထားအမြင်တွေကို ခြုံငုံမိနိုင်တဲ့ အဖြေလေးတွေပေးထားလိုက်မယ်။
လာရောက်ဖတ်ရူသူတွေက သူတို့ဆန္ဒရှိတဲ့ အဖြေကို ရွေးချယ်ဖြေကြားသွားခြင်းဖြင့်
အများဆန္ဒ ဘယ်လိုရှိနိုင်မယ်ဆိုတာ သိနိုင်မယ်ပေါ့။

Element သစ်တခုကို ထည့်သွင်းချင်တိုင်းမှာ “Add a page element” တွင်
Click နှိပ်ကြရပါမယ်။ ဒါဆိုရင် မိမိ Blog မှာ ထပ်မံထည့်သွင်းနိုင်မည့်
Element များပါဝင်တဲ့ Pop-up window တစ်ခုပွင့်လာပါ မည်။ အဲဒီအထဲကမှ
ဆန္ဒရှိရာ Element ၏ Add to blog တွင် Click နှိပ်ပြီးထည့်သွင်းနိုင်ကြပါတယ်။

Pop-up window ထဲက “ Poll ” Section နေရာရှိ Add to blog တွင် Click
နှိပ်လိုက်ပါ။ အောက်ဖော်ပြပါ “Create Poll” Window ကို မြင်ကြရပါမယ်။

ပြည့်စုံစွာ ဖြည့်စွက်ပြီးပြီဆိုရင် Save တွင် Click နှိပ်ရပါမယ်။
Pop-up window ပျောက်သွားပြီး မှုလ (Template/Page element) တွင် Element
သစ်တစ်ခု တိုးလာတာကို တွေ့ကြရပါမယ်။ View Blog တွင် Click နှိပ်ကြည့်ပါက
မိမိထည့်သွင်းခဲ့သော Poll ကို အောက်ပါအတိုင်း တွေ့ကြရပါမယ်။

Add Link List

မိမိ Blog ကို ၀င်ရောက်ဖတ်ရူသူတို့အားကောင်းနှု

ိးရာရာ Website
လေးတွေ၊ ဦးတည်ချက်တူလို့ ညွှန်ပြချင်တဲ့ Blog တွေကို Link List
အဖြစ်တန်းစီပြီး ထည့်ထားလို့ရပါတယ်။ Element သစ်တခုကို
ထည့်သွင်းချင်တိုင်းမှာ “Add a page element” တွင် Click နှိပ်ကြရမယ်။

Pop-up window ထဲက Link List နေရာရှိ Add to blog တွင် Click
နှိပ်လိုက်ပါ။ အောက်ဖော်ပြပါ “Configure Link List” Window ကိုမြင်ကြရမယ်။

ပြည့်စုံစွာ ဖြည့်စွက်ပြီးလျှင် Add Link တွင် Click တစ်ချက်နှိပ်ပါ။
ဒါဆိုရင် Link တစ်ခုစာရင်းဝင်သွားပါပြီ။ URL နှင့် Name တို့တွင်
ဖြည့်စွက်ပြီးနောက် Link များထပ်ထည့်ပါ။

ထည့်သွင်းလိုတဲ့ Link အရေအတွက် ပြည့်ပြီဆိုရင် Save Changes တွင် Click နှိပ်ပါ။ Pop-up window ပျောက်သွားပါလိမ့်မယ်။

Pop-up window ပျောက်သွားပြီးမှုလ (Template Page element) တွင် Element အသစ်တစ်ခုထပ်တိုးလာပါမည်။

View Blog တွင် Click နှိပ်ကြည့်ပါက မိမိထည့်သွင်းခဲ့သော Link List ကို တွေ့ကြရပါမယ်။

ဒါဆိုရင် HTML Code တွေကို Copy ကူးပြိးသွားပြီ။ နောက်တဆင့် ဆက်ရန်အတွက်

www.blogger.com

ထဲ Login ၀င်ရောက်ပြီး Page Element သစ်တခုထည့်ရန် ပြင်ဆင်ကြရပါမယ်။ HTML
Java Script နေရာရှိ Add to blog တွင် Click နှိပ်လိုက်ပါ။ Configure
window ပွင့်လာပါမယ်။

Title တွင် နာရီနှင့် ပတ်သတ်၍ ပေးလိုသော အမည်ရိုက်ထည့်ပါ။
(ဥပမာ-မြန်မာစံတော်ချိန်) Content နေရာထဲတွင် ညာဘက် Click နှိပ်ပြီး Paste
လုပ်လိုက်ပါ။

ဒါဆိုရင် www.clocllink.com

ကနေကူးလာတဲ့ HTML Code များ ဒီ Content ထဲမှာ ပေါ်လာပါမည်။

Save Changes တွင် Click နှိပ်ပါက စတင် Save လုပ်ပါလိမ့်မယ်။
ပြီးပြီဆိုရင် Page Element Added ဆိုပြီးပေါ်လာပါမည်။ View Blog တွင် Click
နှိပ်ကြည့်ပါက Blog စာမျက်နှာတွင် နာရီကို မြင်ကြရပါမယ်။

Email ဖြင့် Post အသစ်များတင်ခြင်း

Blogger ကို ရွေးချယ်မှုအတွက်
ကျေနပ်နှစ်သက်မှုကို ပေးစွမ်းနိုင်မည့် ထူးခြားသည့် အပိုင်းကတော့ Email
ဖြင့် Post လှမ်းတင်နိုင်ခြင်းပင် ဖြစ်ပါတယ်။ သာမန် Email
ပို့ရိုးပို့စဉ်အတိုင်း ပို့ရုံဖြင့် Blog ထဲမှာ Post တစ်ခုတင်ပြီးသား
ဖြစ်ပါလိမ့်မယ်။ ဆိုရရင် Email ပို့တဲ့အခါရေးသည့် Subject သည် Post Title
ဖြစ်လာမည်။ Email Message တွင်ပါ စာသားတို့သည် Post တွင်းပါစာသားများ
ဖြစ်လာပါလိမ့်မယ်။ အဓိကကျတာက To နေရာမှာ ထည့်သွင်းပေးပို့ရမယ့် Email
Address ပင်ဖြစ်ပါတယ်။

၎င်း Email လိပ်စာကိုရရှိဖို့ရန် Blogger မှာ Login ၀င်ရောက်ပြိး
ဖန်တီး ယူရမယ်။ ပြီးရင် လျှို့ဝှက်ထားရမယ်။ ဘာဖြစ်လို့လည်းဆိုတော့
ဘယ်သူပဲပို့ပို့ အဲဒီလျှို့ဝှက်လိပ်စာဆီပို့လို
က်ပြီဆိုတာနှင့် Blog
ထဲမှ Post တစ်ခုအနေနှင့် တက်လာတော့မှာ ဖြစ်သည့်အတွက် ထိုလိပ်စာကို လုံးဝ
လျှို့ဝှက်ထားရပါမယ်။ ပထမ အဆင့်အနေနှင့် လျှို့ဝှက်လိပ်စာ (Secret Email
Address) ရရှိအောင်လုပ်ဆောင်ပုံ အဆင့်ဆင့်ကို ကြည့်ကြရအောင်။ ပြီးမှ Gmail
ဖွင့်ပြီး ၄င်းလျှို့ဝှက် လိပ်စာထံသို့ Email တစ်စောင်ရေးပို့ပြီး Post
လှမ်းတင်ပုံကို ဆက်လက် ပြောပြသွားပါမယ်။

Posted by စိမ့်စမ်းရေ on Monday, November 28, 2011

0 comments

Post a Comment