3. နောက်တစ်ခါ ရွေးချယ်စရာက Layout နှင့် Image Size ဖြစ်ပါတယ်။
တင်ချင်တဲ့ပုံကို Right၊ Center၊ Left တို့ထဲက ဘယ်နေရာမှာ ထားချင်သလဲ။
တခုခုကို ရွေးချယ်နိုင်ပါတယ်။ ရွေးချယ်ပုံက သက်ဆိုင်ရာ Radio Button
ပေါ်တွင် Click နှိပ်ရပါမယ်။ ထို့အတူ ပုံအရွယ်အစားကိုလည်း Small၊ Medium၊
Large တို့ထဲကမှ တခုခုရွေးချယ်နိုင်ပါတယ်။

အဆင်သင့်ဖြစ်ပြီဆိုရင် စတင် Upload လုပ်လို့ရပါပြီ။ Upload
လုပ်ရန်အတွက် Blogger မှ ထုတ်ပြန်သော စည်းကမ်းချက်တွေပါတဲ့ ” Term of
Services” ကိုလက်ခံသဘောတူရပါမယ်။ သည်အတွက် I Accept ဘေးရှိ Check Box
ပေါ်တွင် အမှန်ခြစ်ပေါ်အောင် Click နှိပ်ရပါမယ်။ ပြီးလျှင် Upload တွင် Click
နှိပ်လိုက်ပါ။ မိမိရွေးချယ်ခဲ့သော ပုံကိုစတင် Upload လုပ်နေပါလိမ့်မယ်။
ပုံ၏ အရွယ်အစားနှင့် Internet Connection ပေါ်မှုတည်ပြီး
အချိန်အနည်းငယ်ကြာပါလိမ့်မယ်။

Upload ပြီးပြီဆိုရင် Done ဆိုတဲ့စာလုံးပေါ်လာပါလိမ့်မယ်။ Done တွင်
Click နှိပ်လိုက်ပါ။ Upload Window ပျောက်သွားပြီး Text area ထဲတွင်
မိမိတင်ခဲ့သောပုံ မြင်ကြပါပါမယ်။ စိတ်တိုင်းကျပြီဆိုရင် Publish post တွင်
Click နှိပ်၍ Post ကိုတင်နိုင်ကြပါပြီ။

မှတ်ချက်။ ။ Publish လုပ်ခဲ့ပြီဆိုရင် မိမိရဲ့ Blog ကိုဖွင့်ပြိး
ပုံရဲ့အနေအထား ကောင်းရဲ့လား၊ ပုံအရွယ်အစား အလားတော်ဖြစ်ရဲ့လား အစရှိသဖြင့်
ပြန်လည်စစ်ဆေး ကြည့်ရူသင့်ပါတယ်။ စိတ်တိုင်းမကျဘူးဆိုရင် ရှေ့မှာပြောပြသလို
Post ထဲမှာရှိတဲ့ စာသားတွေကို ပြန်လည် Edit လုပ်သလိုမျိုး
ပုံတွေကိုလည်းပြန်လည် လုပ်နိုင်ကြပါသေးတယ်။

အခြား Blog များနှင့် ချိတ်ဆက်ခြင်း (Add Link)

Link ဆိုတာက Webpage တခုကနေအခြား Webpage တခုခုဆီသို့
ကူးပြောင်းသွားနိုင်တဲ့ နေရာတွေ ဖြစ်ပါတယ်။ Link ဟုတ်မဟုတ်ဆိုတာကို
အလွယ်တကူ ခွဲခြားသွားနိုင်တဲ့နည်းကတော့ Mouse Pointer
ဖြင့်လိုက်ထောက်ကြည့်ပါ။ ပုံပဲဖြစ်ဖြစ်၊ စသားတွေပဲဖြစ်ဖြစ် မြှားပုံကနေ၊
လက်ပုံပြောင်းတာမှန်သမျှ သည် Link များပဲဖြစ်ပါတယ်။
လက်ပုံပေါ်လာတဲ့အချိန်မှာ Click နှိပ်ရင် လက်ရှိမြင်နေရတဲ့ Page ကနေ
ချိတ်ဆက်ထားတဲ့ အခြား Page တစ်ခုသို့ ကူးပြောင်းသွားပါလိမ့်မယ်။

Blog ထဲမှာ မိမိရေးချင်ရာအပြင်အခြား Blog များ(သို့) Website
များဆီသို့ ချိတ်ဆက်ထားတဲ့ Link တွေလည်း ထည့်ထားနိုင်ပါတယ်။ Link တွေကို
ရည်ရွယ်ချက်အမျိုးမျိုးနှင့် ထည့်ကြတယ်။ အချို့က မိမိတင်သည့် Post နှင့်
အကြောင်းအရာချင်းဆက်စပ်မှုရှိတဲ့ Post တွင်းပါ အကြောင်းအရာတွေကို ပိုမို
အားကောင်းအောင် အထောက်အကူပေးနိုင်သော အခြားသူတဦးဦး၏ Blog (သို့) Webpage
တစ်ခုခုကို Link လုပ်ထားလေ့ရှိပါတယ်။

အချို့ကျပြန်တော့လည်း မိတ်ဆွေအချင်းချင်း (သို့) ဦးတည်ချက်ခြင်းတူတဲ့
Blog တွေအချင်းချင်း အပြန်အလှန် Link များထည့်သွင်းခြင်းဖြင့် အုပ်စုဖွဲ့
ထားလေ့ရှိပါတယ်။ မိမိတို့အုပ်စုထဲက Blog တစ်ခုခုပေါက်သွားရင် တနည်းဆိုရရင်
လူကြိုက်များလာပြီဆိုရင် အဲ့ဒီ Blog ထဲမှာ ညွှန်ပြချိတ်ဆက်ထားတဲ့ အခြား Blog
တွေပါ လူကြည့်ပိုများလာမယ်ပေါ့။

1. ပထမဦးစွာ မိမိ Link လုပ်လိုသော Blog (သို့) Webpage ကို
ဖွင့်လိုက်ပါ။ ပွင့်လာပြီဆိုရင် ၄င်း Page ၏ URL လို့ခေါ်တဲ့ လိပ်စာကို Copy
လုပ်လိုက်ပါ။

2. (Posting/Compose) Text area ထဲမှ Link လုပ်လိုသော စာသားများကို
Mouse ဖြင့် Drag ဆွဲပြီး Select လုပ်ပါ။ စာသားများအပြာရောင် High light
ဖြစ်လာပါမည်။ Select လုပ်ပြီးပြီဆို၇င် Tool bar ထဲမှ Add link ပေါ်တွင်
Click တစ်ချက်နှိပ်လိုက်ပါ။

3. ကျလာမည့် Box ထဲရှိ URL နေရာတွင် Paste လုပ်လိုက်ပါ။ ရှေ့မိမိ Copy
ယူထားခဲ့သည့် URL ပေါ်လာပါမည်။ Copy/Paste မလုပ်လိုလျှင် ဒီနေရာမှာ
ကိုယ်တိုင် ရိုက်ထည့်နိုင်ပါတယ်။ Typing အမှားမဖြစ်အောင်တော့
အထူးဂရုပြုရပါလိမ့်မယ်။

4. Ok button တွင် Click နှိပ်လိုက်ပါက Select မှတ်ထားခဲ့သော
စာသားများကို အပြာရောင် အောက်ခံလိုင်းဖြင့် မြင်ရပါမယ်။ သဘောက Link
ဖြစ်သွားပြီဆိုတာကို ပြပါတယ်။ အဆင်သင့်ဖြစ်ပြီဆိုရင် Publish post တွင်
Click နှိပ်ပြီး မိမိရဲ့ Post ကိုတင်လိုက်ပါ။ 5. Blog ထဲတွင် Post
တက်လာတဲ့အခါ Link ပေါ်တွင် Click နှိပ်ပါက ချိတ်ဆက်ထားခဲ့သော Blog (သို့)
Webpage ကိုမြင်ကြရပါမယ်။ 6. ထို Link ပေါ်တွင် Click နှိပ်ပါက
ချိတ်ဆက်ထားသော name.blogspot.com

ကိုမြင်ရပါမယ်။

Comments

ပုံမှတ်အားဖြင့်ဆိုရင် Post တစ်ခုချင်းစီရဲ့အောက်မှာ Comment ဆိုတဲ့
Link တစ်ခုကို တွေ့ကြရပါမယ်။ Blog တို့တွင် Comment တို့ရဲ့ အခန်းကဏ္ဍဟာ
အလွန်အရေးပါလှပါတယ်။ ရေးသူနှင့် ဖတ်သူတို့ အပြန်အလှန်ထိတွေ့စေနိုင်တဲ့
နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ သဘောက Post တွင်ပါ အကြောင်း အရာနှင့်
ပတ်သတ်ပြီး ဖတ်ရူသူတို့မှ ဝေဖန်ဆွေးနွေးခြင်း၊
ဖြည့်စွက်အကြံပေးခြင်းများကို Comment မှတဆင့်ဝင် ရောက်ရေးသားနိုင်ကြပါတယ်။

Writing Comment

ပုံမှတ်အားဖြင့်ဆိုရင် Blog post တိုင်းမှာ Comment
ဝင်ရေးနိုင်ကြပါတယ်။ အချို့တွေက Comment ရေးခွင့်ပိတ်ထားသည့် Post
တို့မှာတော့ Comment ရေးလို့မရပါ။ အများစုမှာတော့ Google account
တစ်ခုရှိရင် ၀င်ရေးနိုင်ကြပါတယ်။ ရေးပုံရေးနည်းကတော့ ရိုးရှင်း
လွယ်ကူလှပါတယ်။ ရေးလိုတဲ့ Post အောက်မှာရှိသော Comment ပေါ်တွင် Click
နှိပ်လိုက်ပါ။

ဒါဆိုရင် ဒီ Post နှင့်ပတ်သက်ပြီး၊ မိမိရှေ့ကရေးသားထားသော Comment
များကို တန်းစီပြီးတွေ့ရပါမယ်။ ဘယ်သူတွေက ဘယ်လိုဝေဖန်ချက်ပြုထားသလဲဆိုတာ
ကို ဖတ်ရူနိုင်ပါတယ်။ မိမိကိုယ်တိုင်လည်း Comment ၀င်ရေးချင်ရင် Leave Your Comment နေရာတွင် ရေးလိုသော စာသားများကို ရိုက်ထည့်ပါ။

ရေးပြီးပြီဆိုရင် Publish လုပ်ရပါမယ်။ User name နဲ့ Password တို့ကို
ရိုက်ထည့်ပါ။ ထို့နောက် Publish Your Comment တွင့် Click နှိပ်လိုက်ပါ။
ဒါဆိုရင် Comment အရေအတွက် တခုထပ်တိုးသွားပြီး Comment List
ထဲရောက်သွားပါမည်။

Stop Comments

မိမိတင်တဲ့ Post တွေမှာ Comment ရေးတာမကြိုက်ရင် Comment Link
မပါအောင်ဖြုတ်ထားလို့ရပါ တယ်။ အရေးကြီးတာက Post တစ်ခုချင်းစီကို
ရွေးပြီးခွင့်ပြုမယ်၊ မပြုဘူး။ လုပ်ချင်တာလား၊ ဒါမှမဟုတ် တင်သမျှ Post
အားလုံးကို ရေးခွင့် မပြုချင်တာလားဆိုတာကို အရင်စဉ်းစားရမယ်။ ဒီအခြေအနေ
၂မျိုး ပေါ်မှုတည်ပြီး …..

1. Dashboard ပေါ်မှ Manage Settings တွင် Click နှိပ်ပါ။ Setting
အောက်မှ Basic ထဲသို့ ရောက်သွားပါမယ်။ ဒီနေရာကို (Setting / Basic) Page
လို့ ခေါ်ပါမယ်။

2. Setting အောက်မှ Comments တွင် ထပ်မံ Click နှိပ်ပါက (Setting/Comments) Page ထဲသို့ ရောက်သွားပါမယ်။

Who can Comment? နေရာတွင် ဘယ်သူတွေကိုပဲ ရေးခွင့်ပြုမယ်ဆိုတာ
မျိုးကန့်သတ်နိုင်ကြပါတယ်။ Anyone ကို ရွေးမယ်ဆိုရင် Google account
(Gmail) ရှိသူတွေသာ ရေးခွင့်ပြုမယ်ဆိုတာမျိုးဖြစ်ပါ
တယ်။

Comment Default for Posts နေရာတွင် ပုံမှန်အားဖြင့် New posts have
Comments ဖြစ်ပါတယ်။ သဘောက တင်သမျှ Post တိုင်းမှာ Comment
ပါပြီးသားဖြစ်ပါတယ်။ Comment မပါအောင် တခါတည်း ပိတ်ထားလိုလျှင် New Posts
Do Not Have Comments ကိုရွေးရပါမယ်။

စိတ်တိုင်းကျပြင်ဆင်ခဲ့ပြီးပါက Page ၏ အောက်ခြေတွင်ရှိသော “Save Settings” တွင် Click နှိပ်လိုက်ပါ။

Template Selection

Dashboard ပေါ်မှ Layout ပေါ်တွင်
Click နှိပ်ပြီးသွားမယ်ဆိုရင် Template Selection အောက်ကို ရောက်ပါတယ်။
ဒီနေရာက မိမိ Blog ရဲ့ ဒီဇိုင်း အဆင်အပြင်နှင့် ပတ်သက်ပြီး လိုသလို
ပြုပြင်ပြောင်းလဲ

နိုင်ကြပါတယ်။

Pick a New Template

Blogger မှာ အဆင်သင့်ယူသုံးနိုင်တဲ့ Template ပေါင်းများစွာရှိပြီးသား
ဖြစ်ပါတယ်။ တစ်ခုမကြိုက်ရင် အခြားတစ်ခု အချိန်မရွေးပြောင်းသုံးလို့ရပါ
တယ်။ အခြား Template တစ်ခုသို့ ပြောင်းချင်ရင် Layout အောက်မှ Pick New Template တွင် Click နှိပ်ပါ။

အဆင်သင့် ယူသုံးနိုင်တဲ့ Template များကို မြင်ရပါမယ်။ ဒီနေရာကို (Layout/Pick New Template) လို့ ဆိုရပါမယ်။

အကြိုက်ဆုံး တစ်ခုကို ရွေးချယ်လိုက်ပါ။ ထို့နောက် Save Template တွင်
Click နှိပ်ပါ။ မိမိ Blog ရဲ့ Template ကို ပြောင်းပေးသွားပါမည်။ View Blog
တွင် Click နှိပ်ကြည့်နိုင်ပါသည်။

Posted by စိမ့်စမ်းရေ on Monday, November 28, 2011

0 comments

Post a Comment