***တာဝန်ဟူသည်***
“ဟူး……….ညောင်းလိုက်တာ…
သေချင်တော့တာပဲ…..”
ကားပေါ်ကဆင်းဆင်းချင်း
စတင်ပြောမိတဲ့ ဒီစကားလုံးတွေက ခင်လေးအတွက်တော့ နေ့စဉ်သုံး ဝေါဟာရတွေပါ။ ထုံးစံလိုဖြစ်နေတဲ့
ဒီစကားမျိုးထက် တခြား ပိုထူးခြား လာမယ့် စကားမျိုးလည်း ခင်လေးမသိ၊ မစဉ်းစားဖူးပေ။ ခပ်တိုးတိုးလေး
ရေရွတ်လိုက်ရတာကိုပဲ အညောင်းတောင် ပြေသလိုလို ခံစားလိုက်ရတာကြောင့်……ဒီစကားလုံးကတော့
ခင်လေးရဲ့ မိတ်ဆွေတစ်ပိုင်းပင်။
ရန်ကုန်မြို့လည်ခေါင်နဲ့အလှမ်းဝေးလှတဲ့ ခင်လေးတို့မြို့နယ်လေးက တစ်ကယ်တော့
ဆက်သွယ်ရေးလည်း သိပ်မကောင်းလှ ပေ။ ကျယ်ကျယ်ဝန်းဝန်းနေထိုင်နိုင်လို့သာ ရွေးချယ်ထားရပေမယ့်
ဖြစ်နိုင်ရင်တော့ မနေချင်တော့တာအမှန်ပင်။ ကားမှတ်တိုင်နဲ့ အိမ်နဲ့က အမြန်ဆုံးတောင်
၁၅ မိနစ်လောက်အသာလေးသွားရသေးသည်လေ။
“သမီး…..ခင်လေး………ခင်လေး……..…”
“အမလေး.လန့်လိုက်တာ အန်တီဖြူရယ်”
“အမလေး.လန့်လိုက်တာ အန်တီဖြူရယ်”
“ဘာတွေများ
ဒီလောက်တောင်စဉ်းစားနေလို့လဲကွယ် ………စင်္ကာပူက သမီးကြီးကြီးဆီက ဖုန်းလာတယ် ညနေကျ သမီးကို
ဖုန်းပြန်ခေါ် ပေးမယ်စောင့်နေပါတဲ့……အဲ့ဒါပြောမလို့”
“အော်…..ဟုတ်ကဲ့
ဟုတ်ကဲ့ အန်တီဖြူ….ကျေးဇူးနော်…ဒါဆို ညနေကျ သမီးလာခဲ့ပါ့မယ်”
“အေးပါ….အေးပါ”
ဖုန်းဆိုင်က
အန်တီဖြူနဲ့ စကားစဖြတ်လာခဲ့ပေမယ့် အတွေးစလေးတွေတော့ ခင်လေးခေါင်းထဲ နေရာဝင်ယူခဲ့လေသည်။
လစဉ်လတိုင်း ကြီးကြီးဆီကဖုန်းကတော့အမြဲလာနေကျပါ…တာဝန်တစ်ခုလေပဲလား
ဘာလားတော့ ခင်လေးအတိအကျမသိ။ သေချာတာကတော့ ကြီးကြီးက ခင်လေးတို့မိသားစုရဲ့ ကျေးဇူးရှင်ပင်။
***-----***-----***-----***“”
တနင်္ဂနွေနေ့ရဲ့
မနက်စောစောသည် ထင်ထားတာထက်ပိုလို့ပင် အေးချမ်းနေခဲ့လေသည်။ အလုပ်အတွက်၊ ကျောင်းအတွက်
ပျာယာခတ်ကာ လှုပ်ရှားနေကြတဲ့ အရာအားလုံး တိတ်ဆိတ်နေလေသည်။ ကျောင်းပိတ်ရက်ဖြစ်ပေမယ့်လည်း
နေမြင့်အောင် မအိပ်တတ်တဲ့အကျင့်က ခင်လေးတွက်တော့ ဂုဏ်ယူစရာအလေ့အကျင့်တစ်ခုပင်။ အိပ်ယာထဲခဏလောက်
နေဦးမယ်လို့ စိတ်ကတွေးလိုက်ပေမယ့် ပုံမှန်လုပ်ဆောင်နေကျ အရာတွေက ကိုယ့်ကိုစောင့်နေသလိုပင်။
“သမီး….နိုးပြီလား………..ညက
မဖြူလာပြောသွားတယ်………သမီးကြီးကြီးထည့်ပေးလိုက်တဲ့ ပစ္စည်းတွေ အဲ့ဒါ ဒီနေ့မနက် ၉ နာရီလောက်
သွားယူလိုက်ပါတဲ့၊ သမီးနေရာသိတယ်ဆို………”
“ဟုတ် မေကြီး………….ဒါနဲ့လေ…….အင်း…..ဘာမှမဟုတ်တော့ပါဘူး……..”
“ဟဲ့.. ခင်လေး…..စကားကိုတန်းလန်းလုပ်ပြန်ပြီလား…..အဲ့လိုပြောတာ မေမေမကြိုက်ဘူးဆိုတာသိရဲ့သားနဲ့…”
“အော်…….မေကြီးပါလိုက်ခဲ့ပါလားလို့လေ….”
“ဟဲ့.. ခင်လေး…..စကားကိုတန်းလန်းလုပ်ပြန်ပြီလား…..အဲ့လိုပြောတာ မေမေမကြိုက်ဘူးဆိုတာသိရဲ့သားနဲ့…”
“အော်…….မေကြီးပါလိုက်ခဲ့ပါလားလို့လေ….”
ခင်လေးကို
ဘာစကားမှဆက်မဆိုတော့ပဲ အိမ်ရှေ့ဘက်ကိုထွက်သွားတဲ့ မေမေ့ကို ခင်လေး စိတ်မကောင်းစွာနဲ့ပဲ
လှမ်းကြည့် မိပါတယ်။ စိတ်ထဲကခံစားချက်တွေကို ဟန်မဆောင်တတ်တဲ့ ခင်လေးရဲ့အမေ၊ ခုလောက်ဆို
မေမေ့မျက်နှာပေါ်က ၀မ်းနည်းရိပ် တွေကို ခင်လေး မမြင်ရပေမယ့် မှန်းဆလို့သိနိုင်ပါတယ်။
ခင်လေးမှားတာပါ……..ခင်လေးမှားတာပါ…အမှတ်မရှိတဲ့
ဒီပါးစပ်က မေမေ့ကို လိုက်ခဲ့ဖို့ ခေါ်မိပြန်ပြီ……ခေါ်မိပြန်ပါပြီ။ ကိုယ့်ခေါင်းကိုယ်
ခေါက်ပြီး အပြစ်ပေးလိုက်ပေမယ့် မေမေစိတ်ပြောင်းသွားအောင်တော့ ခင်လေးလုပ်ရပေဦးမည်။ ခြေလှမ်းတွေကို အိမ်ရှေ့ဘက်သို့ဦးတည်လိုက်ရင်းက
-
“သမီးက စတာပါမေမေရဲ့……မေမေ
မလိုက်တာ သမီးသိတာပေါ့……ကိုယ့်အမေအကြောင်း မသိပဲနေမလား…. ဟုတ်ဘူးလား”
“ညည်းတို့ပစ္စည်းတွေ…လိုလည်းမလိုချင်ဘူး…မြင်လည်းမမြင်ချင်ဘူး.. ဒါပဲနော်. .ခင်လေး…နောက်ဆို မေမေ မကြိုက်တာ လုံးဝ မပြောနဲ့….”
“ညည်းတို့ပစ္စည်းတွေ…လိုလည်းမလိုချင်ဘူး…မြင်လည်းမမြင်ချင်ဘူး.. ဒါပဲနော်. .ခင်လေး…နောက်ဆို မေမေ မကြိုက်တာ လုံးဝ မပြောနဲ့….”
“ဟုတ်……နောက်မဖြစ်စေရပါဘူးမေမေ”
မေမေ့ကိုတောင်းပန်စကားပြောပြီး
ထွက်လာခဲ့ပေမယ့် ခင်လေးရင်ထဲမှာတော့ ပဟေဠိပေါင်းများစွာက ဆီးကြိုကာစောင့်နေ လေတော့သည်။
အရင်ကတော့ မေမေနဲ့ကြီးကြီးတို့ရဲ့ဆက်ဆံရေးကို သာမာန်မျှသာထင်ထားခဲ့ပေမယ့် ခင်လေးအသက်ကြီး
လာတာနဲ့အမျှ အရာအားလုံးကို နားလည်ခဲ့လေသည်။ မေမေ့ကိုလည်းနားလည်ပေးရသလို ကြီးကြီးဘက်ကိုလည်း
သိတတ်ရ လေသည်။ နှစ်ဦးနှစ်ဖက်ကြားထဲမှာ အသက်ရှင်နေရတဲ့ ခင်လေးက မေမေနဲ့ကြီးကြီးတို့ရဲ့ကြားထဲက
အဆက်အသွယ်တစ်ခုပင်။
ခင်လေးတို့ရဲ့ဖေဖေ ဆုံးပါးသွားပြီးနောက်ပိုင်းမှာ ခင်လေးတို့မိသားစုရဲ့
နေထိုင်မှုပုံစံတွေပြောင်းခဲ့ရလေသည်။ ကြီးကြီး ထောက်ပံ့ပေးတဲ့ ပုံမှန်ဝင်ငွေတစ်ခုထဲပေါ်မှာ
အချိုးကျစွာနေထိုင်ရတဲ့အခါ စိတ်ကျဉ်းကျပ်မှုကို ခံစားရသူက မေမေပင်။ အရင်ကတော့ ဖေ့ဖေ့လုပ်စာတစ်ခုတည်းနဲ့
မလောက်ငှပေမယ့် မိသားစုစိတ်ချမ်းသာရကြောင်း မေမေမကြာခဏ ပြောဖူးခဲ့လေသည်။
နိုင်ငံရပ်ခြားမှာနေတဲ့
ကြီးကြီးဆီက လက်ဆောင်ပစ္စည်းတွေ၊ လစဉ်လွှဲပေးနေကျ ငွေတွေ ဘာလေးပဲဖြစ်ဖြစ်သွားယူတိုင်း
ခင်လေးတစ်ယောက်တည်းသာ……၊ မေမေက ပစ္စည်းတွေပဲဖြစ်ဖြစ်၊ ငွေတွေဖြစ်ဖြစ် အကုန်လုံးကို ခင်လေးမှတစ်ဆင့် အသုံးပြုခဲ့လေသည်။
အိမ်အတွက်၊ ခင်လေးတို့မောင်နှမတွေအတွက် ဘာလိုအပ်တယ်ဆိုတာကို မေမေက တိုက်ရိုက်ပြောလေ့
မရှိခဲ့ပေ။ ခင်လေးကပဲ ဦးဆောင်က ဘာလေးတွေလိုအပ်တယ်၊ ဘာအတွက်သင့်တော်တယ်နဲ့ ကိုယ့်ဘာသာပဲ
စဉ်းစားစီစဉ်ပြီး ကြီးကြီးကိုပြောပြပေးပြီး ၀ယ်ရခြင်းသာ။
“ခင်လေး……မပြီးသေးဘူးလား…မြန်မြန်လုပ်…….ရေကိုအကြာကြီးချိုးပြန်ပြီလား၊
စားမှာနဲ့ သွားမှာနဲ့…….ဒီလမ်းနဲ့ ဒီခရီးက နီးနီးလေးများ ထင်နေလား”
“ပြီးပါပြီ
မေမေရဲ့…….ပြီးပြီ……ပြီးပြီနော်”
***-----***-----***-----***-----***-----***
“”
“ကြည့်စမ်း……..ခင်လေးတို့များ……..အဲ့ဒါကြောင့်
ကျန်းမာပြီး သွက်လက်နေတာ၊ မနိုင်ရင်လည်းပြောနော် တို့အိမ်မှာ တစ်ဝက် လောက်ထားသွားလို့
ဘာမှမဖြစ်ဘူးသိလား”
လာပြီ……ဒီလိုစကားမျိုးတွေ…အဲ့ဒါမျိုးတွေမကြိုက်တာပေါ့…..ပြန်မပြောပြန်ရင်လည်းမကောင်း၊
ပြောနေပြန်ရင်လည်း စပ်စုစိန်တွေက ပြီးတော့မှာမဟုတ်တော့ဘူး………..
ဒီစကားတွေက
စိတ်ထဲကပြောဖြစ်သွားပေမယ့် ခင်လေးမျက်နှာပေါ်က အမူအရာတော့ မပြောင်းခဲ့ပေ။ ဒီရပ်ကွက်၊
ဒီလမ်းနဲ့ ဒီလူတွေကြားမှာ ကြီးပြင်းခဲ့ရတဲ့ ခင်လေးကတော့ ဒါမျိုးတွေ နောကျေပြီးသားပင်။
“တစ်ဝက်မဟုတ်ပါဘူး
မချိုရဲ့……အကုန်လုံးလည်းထားခဲ့လို့ရပါတယ်နော် ခင်လေးတို့က မတွန့်တိုတတ်ပါဘူး……ဟဲဟဲ..
ဒါပေမယ့် ခုက နိုင်သေးတယ်…သွားလိုက်ဦးမယ် မချိုရေ…”
စပ်ဖြီးဖြီးအမူအယာနဲ့
ရူးချင်ယောင်ဆောင်ပြီးထွက်လာတာက အကောင်းဆုံးနည်းလမ်းပင်။ ဘယ်သူတွေဘာလုပ်တယ်၊ ဘယ်သွားတယ်
ဆိုတာကို အလုပ်မရှိထိုင်ပြီးအတင်းတုတ်နေတဲ့ မချိုတို့လူတွေက ရပ်ကွက်တိုင်းလိုလိုပင်၊
တစ်ခါတစ်လေ ကျတော့လည်း သူ့တို့တွေကြောင့်ပဲ သတင်းစုံကို အိမ်မှာထိုင်နေရင်း သိရတဲ့အခါ
ကျေးဇူးတင်ရပြန်ရော….။
“အင်း…….သူများပြောလည်း
ပြောချင်စရာ…….ငါကိုကမှားတာပါ….ခုတော့ လူမြင်သူမြင် ဖြစ်ကုန်ပြီပေါ့… ဟင်း…. ဖိုးသား
လာကြိုရင်သိပ်ကောင်းမှာပဲ……………အော်.နေပါစေ….သူစာလုပ်နေတာဖြစ်မှာ….. ငါဘယ်ချိန်ပြန်လာမယ်ဆိုတာ
သူကဘယ်သိပါ့မလဲ……..”
တစ်ကိုယ်တည်းတွေးမိ၊
ပြောမိတဲ့ဒီစကားလုံးတွေက ခင်လေးရဲ့မျက်နှာပေါ်မှာတော့ အမူအရာအချို့တို့ ဖြစ်ပေါ်နေလောက်ပါပြီ။
ညည်းတယ်၊ အားပေးတယ်။ အားတင်းတယ်……….အစမှအဆုံးတိုင် ကိုယ်တစ်ယောက်တည်း ဇာတ်လိုက်ပင်။
“အမလေး……ခင်လေး
ခင်လေး…ငါကြည့်နေတာကြာပြီ…. ညည်းအေ……အရူးကျနေတာပဲ. ခေါင်းညှိတ်လိုက် ခါင်းခါလိုက်နဲ့
စုံလို့ပါလားဟေ”
“ဟော...အန်တီဖြူပါလား..အင်း….ဟုတ်တယ်… ကိစ္စတွေခေါင်းထဲများနေတာ….အဲ့ဒါကြောင့် အဲဒါကြောင့်”
“ဟော...အန်တီဖြူပါလား..အင်း….ဟုတ်တယ်… ကိစ္စတွေခေါင်းထဲများနေတာ….အဲ့ဒါကြောင့် အဲဒါကြောင့်”
“ပေးစမ်းပါအေ…ညည်းလက်ထဲက
ပစ္စည်းတွေ…….ငါလိုက်ပို့ပေးပါ့မယ်၊ မိန်းကလေးတန်မဲ့ အဲ့လောက်ကြည့်မကောင်းအောင် မသယ်ရဘူးဟဲ့………..ကြားလား”
“ဟုတ် အန်တီဖြူ”
ပါးစပ်ကလည်းပြော
လက်ကလည်းလှမ်းယူပေးတဲ့ အန်တီဖြူဆီ ပစ္စည်းတွေတစ်ဝက်လောက်ကို လှမ်းပေးလိုက်ပါတယ်။ အပြန်အလှန်ကြည့်မိတဲ့
နားလည်မှုမျက်ဝန်းတွေကို ခင်လေးတို့ပဲအသိဆုံးမဟုတ်ပါလား။
တစ်ရပ်ကွက်တည်းအတူနေတဲ့ အန်တီဖြူက ခင်လေးတို့မိသားစုအတွက်တော့ မိတ်ဆွေကောင်းတစ်ယောက်ပင်။
ခင်လေးတို့ မမွေးခင်ကတည်းက မေမေတို့အကြောင်းကို ကောင်းကောင်းသိနေတဲ့ အန်တီဖြူက တစ်ကယ်တော့
ဖေဖေရဲ့တစ်ဦးတည်း သော သူငယ်ချင်းပါ။ ဖေဖေ့ကိုအကြောင်းပြုပြီးမှ မေမေနဲ့သိလာရတော့ ခုတော့
မေမေ့သူငယ်ချင်းလည်း ဖြစ်လို့လာခဲ့လေသည်။
မိတ်ဆွေတွေရဲ့
စကားဝိုင်းဆိုတာ စာနာခြင်းတရားတွေနဲ့အပြည့်ပါလားဆိုတာ ခင်လေးသဘောပေါက်ခဲ့လေသည်။ ပြည့်စုံခြင်းနဲ့လိုအပ်ခြင်း၊
တည်မြဲခြင်းနဲ့ မတည်မြဲခြင်းတွေကြားမှာ အမေနဲ့ အန်တီဖြူတို့ရဲ့စာနာမှုဆန်တဲ့ ပြောဆိုဟန်တွေက
ခင်လေးအတွက်တော့ ဘ၀ကျောင်းကဖတ်စာတွေပင်။ ခင်လေးတို့ရဲ့ မိသားစုအရေးနဲ့ ပညာရေးကို ကြီးကြီးကတာဝန်ယူသလို
တည်ငြိမ်ပြီးရင့်ကျက်စေမှုအပိုင်းကိုတော့ ခင်လေးရဲ့မေမေက တာဝန်ယူခဲ့ရတယ်ဆိုတာ ရာနှုန်းပြည့်
အသေအချာပင်။
***-----***-----***-----***“”
ကျောင်းကစားသောက်ဆိုင်တွေမှာ
လူတွေကြိတ်ကြိတ်တိုးစည်ကားနေပေမယ့် ခင်လေးတို့သူငယ်ချင်းတွေကတော့ ကိုယ်နဲ့ မဆိုင်သလိုပင်၊
တက္ကသိုလ်ကျောင်းသူတွေပေမယ့် ဟိတ်ဟန်မရှိပဲ ခပ်ရိုးရိုးသာနေတတ်တဲ့ ခင်လေးတို့အဖွဲ့က
စာလည်း တော်ကြပါတယ်။ နောက်ဆုံးနှစ်မို့ အပြိုင်အဆိုင်ကြိုးစားရင်းက ဆရာ၊ဆရာမတွေရဲ့
အာရုံစိုက်မှုကိုလည်း ရရှိထားသူတွေပင်။
“ခင်လေး…….ခင်လေး…..နင်….ငါမှာတာ
ပါလာလား………….”
“ပါပါ့ရှင်…………ပါပါ့……… သတိတရနဲ့ကို မေမေကိုယ်တိုင်ထည့်ပေးလိုက်တာ……….သူ့ချွေးမလောင်းလေးအတွက်တဲ့”
“ပါပါ့ရှင်…………ပါပါ့……… သတိတရနဲ့ကို မေမေကိုယ်တိုင်ထည့်ပေးလိုက်တာ……….သူ့ချွေးမလောင်းလေးအတွက်တဲ့”
“အမယ်အမယ်………နင့်ယောင်းမတော့
မဖြစ်ချင်ပါဘူးနော်……….ဒါပေမယ့် ငါ့ယောင်းမတော့ နင့်ကိုဖြစ်စေချင်ပါတယ်..အဲ့ဒါမှ နင့်လက်ရာလေးတွေ
ငါစားရမှာပေါ့”
“ဟား ဟား
ဟား……….လူလည်မ…ဇင်လေးလူလည်မ……..”
ပေါ့ပေါ့ပါးပါးနေတတ်တဲ့
ဇင်လေးက ခင်လေးကို တစ်ကယ့်ညီမရင်းလို ခင်ရှာသူပင်။ မေမေ့လက်ရာ မြန်မာ့အစားအစာလေး တွေ၊
ငါးပိထောင်းလေးတွေနဲ့ သရက်သီးချဉ်၊ သံပုရားချဉ်သုပ် အဲ့လိုလက်ရာလေးတွေဆို အရင်က သူတစ်ခါမှ
မမြင်ဖူးခဲ့ပေ။ စားလို့လည်းကောင်းသလို အိမ်တွင်းဖြစ်လေးတွေမို့ ခင်လေးတို့မိသားစုကိုချီးလည်းကျူးသလို
ခင်လေးကိုလည်း အားကျ ကြောင်း မကြာခဏပြောဖူးခဲ့လေသည်။
“ဒါနဲ့လေ….ခင်လေး”
“အင်းပြောလေ……….”
“အင်းပြောလေ……….”
ထမင်းစားနေရင်းမှ
သတိတရမေးလာတဲ့ ခိုင့်အမေးကို ကျွန်မချက်ချင်းပဲ ပြန်မေးလိုက်ပါတယ်။
“ငါ့ကိုတစ်မျိုးမထင်နဲ့နော်”
“အော်…ဖြစ်မှဖြစ်ရလေ…ခိုင်ရယ်……….ကိုယ့်အချင်းချင်းတွေပဲဟာကို….ကဲပါ ဘာပြောမလို့လည်း ပြောလေ”
“ဟိုလေ……နင်တစ်ခါကပြောဖူးတယ်မလား….နင်စာသင်ချင်တယ်ဆို……..အဲ့ဒါ ခိုင့်မောင်လေးကို သင်ပေးမလားလို့..ငါက သူငယ်ချင်းအချင်းချင်းဆိုတော့ ပြောရမှာအားနာလို့လေ……ပြီးတော့နင်လည်း င့ါကိုတစ်မျိုးထင်မှာကြောက်တယ်……အဲ့ဒါ…”
“အော်…ဖြစ်မှဖြစ်ရလေ…ခိုင်ရယ်……….ကိုယ့်အချင်းချင်းတွေပဲဟာကို….ကဲပါ ဘာပြောမလို့လည်း ပြောလေ”
“ဟိုလေ……နင်တစ်ခါကပြောဖူးတယ်မလား….နင်စာသင်ချင်တယ်ဆို……..အဲ့ဒါ ခိုင့်မောင်လေးကို သင်ပေးမလားလို့..ငါက သူငယ်ချင်းအချင်းချင်းဆိုတော့ ပြောရမှာအားနာလို့လေ……ပြီးတော့နင်လည်း င့ါကိုတစ်မျိုးထင်မှာကြောက်တယ်……အဲ့ဒါ…”
“အော်……….မထင်ပါဘူးသူငယ်ချင်းရယ်…….ဒါပေမယ့်
ငါ ဖိုးသားကိုလည်း အနီးကပ် စာကူလုပ်ပေးချင်သေးတယ်.. သူ…. ဒီနှစ်တော့ အောင်မှဖြစ်မှာဟ………ကြီးကြီးကလည်း
ဖိုးသားစာမေးပွဲအောင်ဖို့ပဲ ငါ့ကိုခဏခဏပြောနေတာ..ငါ…စာလည်းသင် ချင်တယ်…ဖိုးသားကိုလည်း
စာဝိုင်းလုပ်ပေးချင်တယ်…………ငါသေချာစဉ်းစားလိုက်ဦးမယ်ဟာ…နော်…..”
ထမင်းစားနေရာမှ
ခင်လေးစကားသံတို့ ပုံမှန်မဟုတ်တော့တာကြောင့် ကျန်တဲ့သူငယ်ချင်းတွေလည်း ဘာစကားမှ ဆက်မဆိုမိ
ကြချေ။ အားလုံးကအတွင်းသိတွေမို့ ခင်လေးတို့မိသားစုအကြောင်းကိုလည်း အနည်းနဲ့အများတော့
သိထားကြလေသည်။ ၁၀ တန်းကို ၃ နှစ်ရှိနေပြီဖြစ်ပေမယ့်
မောင်လေးကိုစိတ်မပျက်ပဲ အမြဲပဲအားပေးနေတဲ့ ခင်လေးကို ခင်လေးသူငယ်ချင်းတွေ ဘယ်တော့မှ
နားလည်နိုင်မှာ မဟုတ်ပေ။
ကြီးကြီးရဲ့ပြောစကားတစ်ခုတည်းကိုပင် တသွေမတိမ်းလုပ်ဆောင်နေတဲ့ခင်လေးက
မိဘစကားထက် ကြီးကြီးစကားကို ဦးစားပေးတာမျိုးမဟုတ်ခဲ့ပါ။ အကျိုးသင့်အကြောင်းသင့် ရှင်းပြပေးလာတဲ့
ကြီးကြီးရဲ့ထိန်းချုပ်မှုတွေကြားမှာ ခင်လေးလည်း စက်ရုပ်သာသာပါ။
ကြီးကြီးနဲ့ဘ၀တူ ခင်လေးကို ကိုယ်ချင်းစာလို့ မောင်နှမတွေထဲမှာ အကြီးဆုံးဖြစ်နေတဲ့
ခင်လေးကို ကြီးကြီးခံစားနေရတဲ့အတိုင်း မခံစားရစေဖို့ အမြဲပဲပြောပြဖြစ်တဲ့ ကြီးကြီးရဲ့
စကားလေးတစ်ခွန်းထဲက ခင်လေးအတွက်တော့ အလေးထားစရာတစ်ခုပင်။ “သမီးမှာ တာဝန်အရှိဆုံး” ဆိုတဲ့ စကားလေးကို ခင်လေးတို့ပတ်ဝန်းကျင်နဲ့ခင်လေးသူငယ်ချင်းတွေ
နားမလည်နိုင်ပေမယ့် ခင်လေးကိုယ်တိုင်ကတော့ ရာနှုန်းပြည့်ထောက်ခံနေမယ်ဆိုတာတော့ အသေအချာပင်။
***-----***-----***-----***“”
ခိုင်တို့အိမ်မှာ
စာလုပ်ပြီးမှပြန်ခဲ့မယ်လို့ မေမေ့ကိုခွင့်တောင်းထားခဲ့တာကြောင့် ခုတလော ခင်လေး အိမ်ပြန်နောက်ကျ
နေလေသည်။ အရင်ရက်တွေကတော့ ခင်လေးကိုထမင်းစားစောင့်နေကြတဲ့ မေမေတို့နဲ့အတူ ၀ိုင်းဖွဲ့စားတတ်ပေမယ့်
ခုနောက် ပိုင်းတော့ မေမေတို့ကို ခင်လေးမစောင့်စေလိုတော့။
ဗိုက်ထဲကမြည်သွားတဲ့အသံကြောင့်
ခင်လေးခြေထောက်ကိုသွက်လိုက်ပါတယ်။ အပြင်စာတွေမစားတတ်တဲ့ခင်လေးက အိမ်က မေမေ့လက်ရာကိုမှ
အကောင်းထင်သူပင်။
“ဗိုက်ဆာတယ်..ဗိုက်ဆာတယ်..ဗျို့……မေမေရေ..ခင်လေးပြန်လာပြီ…….”
“မမ………ဒီကို..ဒီကို”
“မမ………ဒီကို..ဒီကို”
ထမင်းစားခန်းထဲကနေ
လှမ်းခေါ်တဲ့ ဖိုးသားအသံကြောင့် ခင်လေးအံ့သြလို့သွားပါတယ်။ ဒီချိန်က ထမင်းစားချိန်မဟုတ်ဘူး
ဆိုတာ ခင်လေးသိလေသည်။
“ဟင်……..ဒီချိန်ကြီးမှ
ထမင်းစားနေတာလား ဘာဖြစ်လို့လည်း ဖိုးသား…မေမေကော….အငယ်ကောင်ကော….”
“မေမေတို့အပြင်ခဏဆိုပြီးထွက်သွားတာကြာပြီ၊ အဲဒါ သားလည်းစောင့်နေတာ မစောင့်နိုင်တော့တာနဲ့ ခုလေးတင် ထမင်းစားနေတာ………..သားကိုလည်း ဘာမှမပြောသွားဘူး”
“မေမေတို့အပြင်ခဏဆိုပြီးထွက်သွားတာကြာပြီ၊ အဲဒါ သားလည်းစောင့်နေတာ မစောင့်နိုင်တော့တာနဲ့ ခုလေးတင် ထမင်းစားနေတာ………..သားကိုလည်း ဘာမှမပြောသွားဘူး”
“အော်…….အေးပါ….အေးအေး……..ဒါဆိုမမလည်းစားမယ်လေ၊
စောင့်ရင်းစားကြတာပေါ့……မေမေ ဘယ်များသွားလဲ မသိဘူးနော်………အင်္ကျီတွေဘာတွေလဲသွားသေးလား….”
“ဟင့်အင်း”
ဘာမှစကားဆက်မပြောတော့ပဲ
ထမင်းကိုသာငုံ့စားနေတဲ့ ဖိုးသားကို ခင်လေးထပ်မမေးတော့ပေ။ မေမေတို့ပြန်လာချိန်ကိုသာ
ထမင်းစားရင်းစောင့်နေလိုက်ပါတယ်။ ဖွယ်ဖွယ်ရာရာလေးတွေ ချက်ပြုတ်ပေးတတ်တဲ့ မေမေ့လက်ရာကိုတော့
ဘယ်သူ့လက်ရာ မှ မှီမယ်မထင်။ ဈေးကြီးပေးရပြီး အသားဟင်းစားနိုင်မှ ခံတွင်းမြိန်တယ်လို့ထင်နေတဲ့
ခိုင်တို့မိသားစုကို ထမင်းစားတိုင်း ခင်လေး မြင်ယောင်တတ်လေသည်။
အိမ်ရှေ့ဆီမှ
ခြံတံခါးတွန်းဖွင့်သံကြားလိုက်မိတာကြောင့် ခင်လေးအပြင်ကို ကမန်းကတန်းထွက်ကြည့်လိုက်ပါတယ်။
အငယ်ကောင်ရဲ့လက်ထဲမှာ ဆွဲကိုင်လာတဲ့ မုန့်ထုပ်က မေမေဘယ်ကိုသွားတယ်ဆိုတဲ့ သက်သေပင်။
“မေမေ………..အန်တီဖြူတို့အိမ်က
ပြန်လာတာမဟုတ်လား……..ဟင်”
ဘာစကားမှမဆိုဘဲ
မီးဖိုခန်းရှိရာကို တန်းဝင်သွားတဲ့မေမေ့နောက်ကို ခင်လေး လိုက်သွားခဲ့ပါတယ်။ မေမေဘာကိစ္စသွားတယ်
ဆိုတာ ခင်လေးမသိပဲနေမလား…………
“မေမေ……….…..ခု
မေမေဘာကိစ္စ အန်တီဖြူတို့အိမ်ကိုသွားရတာလဲ မေမေ ဘာလိုလို့လဲ.ဟင် ..အိမ်မှာဘာတွေကုန်နေပြီလဲ၊
ဖိုးသားကျောင်းစားရိတ်လား၊ အငယ်လေးအတွက်လား..မေမေ့တွက်လား …တစ်ခုခုဆို သမီးကိုအရင်ပြောပါ
မေမေရယ် နော်……….”
“တော်စမ်း…
ခင်လေး……နင်က ဘယ်က၀င်ငွေရှိနေလို့လဲ… သူများစားရိတ်နဲ့ကျောင်းတတ်နေရတဲ့သမီးဆီမှာ ကိုယ်လိုတိုင်း
ပြောပြနေရမလား…ငါ့မှာလည်း ခြေနဲ့လက်နဲ့ပဲ……….”
“ခင်လေးက သူများလား…ကြီးကြီးကကော.တစိမ်းလား….မေမေ့ယောင်းမပဲလေ….. ခုလို မေမေသူများအိမ်သွားနေတာ ကျတော့ရော… မေမေအောက်မကျဘူးလား … ကိုယ့်ယောင်းမဆီမှာ ကိုယ်ပြောတာဘာဖြစ်လဲ၊ ကိုယ့်ကြီးကြီးဆီမှာ ကိုယ်ပြောတာ ဘာဖြစ်လဲ…တစ်ခုခုလိုတယ်ဆိုတိုင်း ကြီးကြီးဆီက ညည်းသံကြားဖူးလို့လား….ဖိုးသား ၁၀ တန်းအောင်ပြီးတဲ့အထိ တာဝန်ယူမယ်လို့ ကြီးကြီးက ပြောထားသားပဲ မေမေရယ်”
“ခင်လေးက သူများလား…ကြီးကြီးကကော.တစိမ်းလား….မေမေ့ယောင်းမပဲလေ….. ခုလို မေမေသူများအိမ်သွားနေတာ ကျတော့ရော… မေမေအောက်မကျဘူးလား … ကိုယ့်ယောင်းမဆီမှာ ကိုယ်ပြောတာဘာဖြစ်လဲ၊ ကိုယ့်ကြီးကြီးဆီမှာ ကိုယ်ပြောတာ ဘာဖြစ်လဲ…တစ်ခုခုလိုတယ်ဆိုတိုင်း ကြီးကြီးဆီက ညည်းသံကြားဖူးလို့လား….ဖိုးသား ၁၀ တန်းအောင်ပြီးတဲ့အထိ တာဝန်ယူမယ်လို့ ကြီးကြီးက ပြောထားသားပဲ မေမေရယ်”
“အေး……သူများအလိုကျ
ငါကလိုက်နေရတာ……….. င့ါစိတ်နဲ့သာဆို ဖိုးသားလဲကျောင်းဆက်မထားဘူး၊ နင့်ကိုလည်း အဝေးသင်ပဲထားတယ်…..ဒီအသက်
ဒီအရွယ်နဲ့ လုပ်လို့ရတဲ့အလုပ်တွေတစ်ပုံကြီး…..ဘာမှ သူများဆီသွားပြီး လက်ဖြန့် နေစရာကို
မလိုဘူး၊ ငါ သူများ လောင်းရိပ်အောက်က လွတ်ချင်လို့ပါ ခင်လေးရယ်……..လွတ်ချင်လို့ပါ….”
ခင်လေးနဲ့မေမေတို့ရဲ့
အပြန်အလှန်ပြောသံတွေကို အငယ်နှစ်ယောက်လည်း ကြားနေရမှာပါ၊ အိမ်ရှေ့ခန်းမှာ ထိုင်နေတဲ့
ဖိုးသားကို ကျွန်မ အနားကိုလှမ်းခေါ်လိုက်ပြီး စိတ်မကောင်းတဲ့မျက်နှာလေးဖြစ်နေတဲ့ဖိုးသားကို
အားပေးအပြုံးလေးသုံးလို့
“ ဖိုးသား…..မောင်လေး……ဒီနှစ်တော့
၁၀ တန်းလေးကို အောင်အောင်ကြိုးစားပေးပါမောင်လေးရယ်နော်……မေမေ့ကို မသနားဘူးလားဟင်….မေမေ့ကိုသနားတယ်ဆိုရင်
မမတို့ မေမေ့ကို စိတ်ချမ်းသာအောင် ထားရမယ် မဟုတ်လား… နော်… ဖိုးသားနော်…”
ဖိုးသားရဲ့လက်ကိုကိုင်လို့
ဝမ်းနည်းစွာနဲ့ပြောလာတဲ့ ခင်လေးရဲ့စကားကို ဖိုးသားက ခေါင်းညှိတ်အသိအမှတ်ပြုတဲ့အခါ မျက်ဝန်း
ထဲကပြေးဆင်းလာတဲ့မျက်ရည်တွေကို ခင်လေး မသုတ်မိပါ။ မိသားစုရဲ့အတွင်းရေးတွေက အနည်းနဲ့အများ
စိတ်ခံစားမှု ရှုပ်ထွေး စေပေမယ့် မောင်လေးဖိုးသားက…မိသားစုကို နားလည်ပေးလိမ့်မယ်လို့
ခင်လေးယုံကြည်နေလေသည်။ ဖိုးသားအတွက် ခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခုဆိုတာ ရုတ်တရက်ချဖို့
မလွယ်သလို အဲ့ဒီတာဝန်ကို ထမ်းဆောင်ဖို့ဆိုတာ ပိုလို့ပင်ခက်ခဲ စေပါလိမ့် မည်။
ခင်လေး ၉
တန်းကျောင်းသူဘ၀၊ ဖေဖေမဆုံးခင်ကတည်းက အမြစ်တွယ်လာတဲ့ ဒီအခြေအနေတွေကို ရုတ်တရက်ဘယ်လို
အင်အားနဲ့ ခင်လေးပြောင်းပေးနိုင်ပါ့မလဲ မေမေရယ်။ ဒါပေမယ့် ခင်လေးကြိုးစားမယ်…မေမေ၊
နောက်ထပ်ဘယ်တော့မှ မေမေ စိတ်မဆင်းရဲစေရတော့ဘူးလို့……..။
***-----***-----***-----***“”
မနေ့ကညနေရဲ့အဖြစ်အပျက်တို့က
ညနေစောင်းလို့နေ၀င်ခဲ့သလို တစ်ခန်းရပ်လည်းပြီးဆုံးခဲ့လေပြီ။ ဘယ်ချိန်မှာ ဘယ်လိုတွေ
ထပ်ဖြစ်လာမလဲဆိုတာ မသိပေမယ့် မနက်လင်းပြီဆိုတာနဲ့ အရာအားလုံးက ပုံမှန်ပင် လည်ပတ်ခဲ့လေသည်။
ရင်ထဲက ခံယူချက်နဲ့ဆုံးဖြတ်ချက်က လူကိုပိုလို့ပင်ရင့်ကျက်စေသည်မသိ ဒီနေ့ ခင်လေးမျက်နှာမှာ
တစ်ခုခုတော့ထူးခြားနေမှာအမှန်ပင်။
“ခင်လေး………….ဒီဘက်ရောက်နေတာလား……..ဟိုမှာ
ခိုင်တို့လိုက်ရှာနေလို့”
“ဟုတ်လား…အေးအေးသူငယ်ချင်း……ငါသွားလိုက်မယ်နော်”
“ဟုတ်လား…အေးအေးသူငယ်ချင်း……ငါသွားလိုက်မယ်နော်”
အတန်းဖော်သူငယ်ချင်းရဲ့စကားကို
အလိုက်သင့်ပြန်ပြောလိုက်ရင်းက ခိုင်တို့ရှိရာဘက်ဆီသို့ ခင်လေးထွက်လာခဲ့လိုက်ပါတယ်။
“အမလေး ခင်လေးရယ်……..နင့်ကိုလေ…..ငါတို့
ဟိုး…အဝေးကတည်းကမြင်တယ်သိလား…..သက်သက်မခေါ်ပဲ စောင့်နေတာ”
“မိခိုင်…….စိတ်ပုတ်မ……အော်..ဒါနဲ့လေခိုင်…ခိုင့်မောင်လေးကို ခင်လေးစာသင်ပေးမယ်နော်. မေမေနဲ့ တိုင်ပင်ပြီးသွားပြီ”
“မိခိုင်…….စိတ်ပုတ်မ……အော်..ဒါနဲ့လေခိုင်…ခိုင့်မောင်လေးကို ခင်လေးစာသင်ပေးမယ်နော်. မေမေနဲ့ တိုင်ပင်ပြီးသွားပြီ”
“ဟယ်…….တစ်ကယ်နော်………ခင်လေး..ဒါဆို
ဝမ်းသာတဲ့အထိမ်းအမှတ်အနေနဲ့…ငါ….အားလုံးကို အအေးဝယ်တိုက်မယ်..”
“ဟေး……….ပျော်စရာကြီးဟေ့…ခင်လေးကိုအကြောင်းပြုလို့ ငါတို့အအေးသောက်ရတော့မယ်…”
“ဟေး……….ပျော်စရာကြီးဟေ့…ခင်လေးကိုအကြောင်းပြုလို့ ငါတို့အအေးသောက်ရတော့မယ်…”
ခိုင့်ကိုခေါင်းတစ်ချက်ညှိတ်ပြလိုက်ရင်းက
ခင်လေးရဲ့စိတ်တွေလည်းပေါ့ပါးလို့သွားခဲ့လေသည်။ ခုလိုဆိုတော့လည်း အရာ အားလုံးက အဆင်ပြေသားပဲနော်။
ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့အတူ လျှင်မြန်စွာလှုပ်ရှားသွားတဲ့ ခြေလှမ်းလေးတွေကတော့ ခင်လေးတို့ရဲ့
လိုရာခရီးကိုအမြန်ဆုံးပို့ဆောင်ပေးနိုင်ကြတယ်မဟုတ်ပါလား…။
***-----***-----***-----***“”
တဖြည်းဖြည်းနီးကပ်လာတဲ့
၁၀တန်းစာမေးပွဲကြီးကို ဖိုးသားနဲ့အပြိုင် ခင်လေးလည်း ရင်ခုန်နေလေသည်။ ဖိုးသားနဲ့အတူ စာကူကျက်ပေးတဲ့အခါ ဘေးနားက ပါရမီဖြည့်ဖက်က
မေမေ မဟုတ်လို့ ဘယ်သူများဖြစ်ဦးမလဲလေ။ မိဘတိုင်းတော့ ကိုယ့်သားသမီးကို ဆင်းစီးလို့မြင်းရံစေချင်ကြတာချည်းပင်။
မျိုသိပ်ထားတဲ့မေမေရဲ့ဆန္ဒတွေကို
ခင်လေးကိုယ်ချင်းစာမိပါတယ်။ ၄ နှစ်ကျော် ၅ နှစ်လောက်ထိ သူများထောက်ပံ့မှုနဲ့ ထိုင်စားနေရတဲ့
မေမေမှာ မာနဆိုတာလေးတော့ ရှိနေဦးမှာပါ။ သားသမီးတွေရဲ့ပညာရေးကြောင့်သာ ဖေဖေတို့ အသိုင်းဝိုင်း
ကြားထဲ မျက်နှာငယ်နေရပေမယ့် မေမေ့ဘက်ကအမျိုးတွေရဲ့ သဘောသာဆို ခင်လေးတို့ပညာရေးလည်း
ပြီးဆုံးခဲ့မှာမဟုတ်ပေ။
မိသားစုထဲမှာ
အကြီးဆုံးဖြစ်တဲ့ ကြီးကြီးရဲ့တစ်ထစ်ချ ဆုံးဖြတ်ချက်ကို မေမေမှာငြင်းနိုင်စရာ အင်အားမရှိခဲ့ပါ။
မေမေနဲ့ကြီးကြီးတို့ရဲ့ အပြန်အလှန်သဘောတူညီချက်ကြားမှာ ခင်လေးက အဆင်ပြေအောင် ညှိနှိုင်းကာ
နေလာခဲ့ရသူပင်။
ခုတော့ မေမေရဲ့စိတ်အင်အားတွေကို
အားဖြည့်ပေးဖို့ ခင်လေးနဲ့မောင်လေးဖိုးသားတို့ အစွမ်းကုန်ကြိုးစားနေကြပြီလေ။ ဒါမှလဲ
မေမေဖြစ်စေချင်တဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့ လူရည်ချွန်လေးတွေဖြစ်လာမှာမဟုတ်လား……..။
ခင်လေးကို
လူတွေကမေးကြတယ်……“ ဖိုးသားကို ဘာလို့ အလုပ်မခိုင်းပဲ စာကိုပဲ အတင်းလုပ်ခိုင်းနေရတာလဲ”တဲ့……
ခင်လေးမှာလည်း အကြောင်းနဲ့ပါလို့ မေမေအပါအ၀င် လူတွေအားလုံးကို ခင်လေးရှင်းပြချင်တာပေါ့…..။
အမှန်တစ်ကယ်ကတော့ ခင်လေးက ကိုယ့်တာဝန်ကိုယ်ကျေချင်ရုံလေးပါ။ ကြီးကြီးရဲ့ခံယူချက်နဲ့
ခင်လေးရဲ့လိုက်နာ မှုတွေကြားမှာ မသိနိုင်တဲ့တခြားအကြောင်းအရာတွေက အများသားပင်။
ခင်လေးတို့ပတ်ဝန်းကျင်မှာက
၁၀တန်းကို ၁ နှစ်လောက်ထားပေးနိုင်ကြပေမယ့် တဖြည်းဖြည်း မသေးလှတဲ့ ကျောင်းစားရိတ် တွေကြားမှာ
နှစ်အတော်ကြာ တောင့်ခံဖို့ဆိုတာ တော်တော့်ကိုမလွယ်ကူပင်။ ဖိုးသားနဲ့အရွယ်တူတွေ ၁၀တန်းကို
ဆက်မတက် ကြတော့ပဲ အလုပ်ဝင်နေကြချိန်မှာ ဖိုးသားက ၁၀ တန်းကိုပဲ အောင်မြင်အောင်ကြိုးစားနေရလေသည်။
“မမ…..ဖိုးသား
ကျောင်းဆက်မတက်တော့ဘူး သူငယ်ချင်းတွေလို အလုပ်ပဲလုပ်တော့မယ်” လို့ ပြောလာတဲ့ ဖိုးသားကို
မျက်ရည်တွေ ကြားထဲကနေ နားလည်အောင် မနည်းပင်ပြောပြခဲ့ရလေသည်။ ပတ်ဝန်းကျင်ရဲ့ မေးငေါ့မှုနဲ့
မေမေ့ရဲ့ အလိုမကျမှု တွေကြားမှာ ယောက်ျားလေးတစ်ယောက်ဖြစ်တဲ့ ဖိုးသားကို ခင်လေးပဲ အားပေးနေခဲ့ရတာပါ။
တစ်ခွန်းတည်းသော
ကြီးကြီးရဲ့စကားကို ခင်လေးဘယ်တော့မှ နားထဲကထွက်မှာမဟုတ်တော့ပေ။
“သမီး….ခင်လေး…..ကြီးကြီးပြောတာသေချာနားထောင်နော်……ခု သမီးက မောင်နှမတွေထဲမှာအကြီးဆုံး… သမီးက ပညာတတ်ပြီး အလုပ်အကိုင်တွေအဆင်ပြေနေချိန်မှာ…..သမီးမောင်လေးတို့ကို ပညာတစ်ပိုင်းတစ်စနဲ့ သာမာန်ဘ၀ ဖြစ်နေတာကို သမီးကြည့်နေနိုင်လား………
“သမီး….ခင်လေး…..ကြီးကြီးပြောတာသေချာနားထောင်နော်……ခု သမီးက မောင်နှမတွေထဲမှာအကြီးဆုံး… သမီးက ပညာတတ်ပြီး အလုပ်အကိုင်တွေအဆင်ပြေနေချိန်မှာ…..သမီးမောင်လေးတို့ကို ပညာတစ်ပိုင်းတစ်စနဲ့ သာမာန်ဘ၀ ဖြစ်နေတာကို သမီးကြည့်နေနိုင်လား………
င့ါသမီးလေး သိသလို၊ မောင်လေးတွေလည်းသိရမယ်၊ သမီးလေး
တတ်သလို သူတို့လေးတွေလည်း တတ်ရမယ်…အဲ့ဒီအတွက် သမီးမှာ တာဝန်အရှိဆုံး…...ဒါမှ ကြောင့်ကြမဲ့ဘ၀နဲ့
အားလုံးပျော်ပျော်ရွှင်ရွှင်နေသွားနိုင်မှာ…” တဲ့။
ကြီးကြီးအမြဲပြောပြတတ်တဲ့
စကားလုံးတွေက ခုတော့ ခင်လေးအတွက် အားဆေးတစ်ခွက်ပါ။ အဝေးထိန်းခလုပ်တွေနဲ့ ထိန်းချုပ်ထားတဲ့
ခင်လေးကို ကြီးကြီးက အမြဲပဲ ခံယူချက်တွေနဲ့ လေ့လာစဉ်းစားစရာတွေကို မကြာခဏသင်ပြပေးခဲ့လေသည်။
စာကြည့်စားပွဲမှာ
ထိုင်လိုက်တိုင်း ကြီးကြီးရဲ့ဆုံးမစကားတွေက
ခင်လေးရဲ့နားထဲမှာ ကြားယောင်မိသလို ရင်ထဲမှာလည်း စွဲထင်နေခဲ့လေသည်။ မကြာခဏ တီးတိုးရေရွတ်မိသလို
အမြဲမပျက်ကြည့်မိတဲ့ ကြီးကြီးရဲ့ဆုံးမစကားလေးတစ်ခွန်းက-
“တာဝန်ဆိုတာ ရဲရင့်ပြီး စိတ်ဓါတ်ခိုင်မာတဲ့သူတွေပဲ
ယူရဲကြတာ” တဲ့။ အမြဲမပြတ်သတိရမှုတွေနဲ့အတူ ရင်ထဲက တီးတိုး ဆုတောင်းမိတာက…..ကြီးကြီးတို့မိသားစုလည်း
အစဉ်ထာဝရ ရွှင်လန်းနိုင်ကြပါစေလို့…………..။
စိမ့်စမ်းရေ
3.12.2014
တက္ကသိုလ်ရဟန်းပျို ဓမ္မစာစောင် အတွဲ(၃)၊ အမှတ်(၃) တွင်လည်း ဖတ်ရှုကာ ဝေဖန်ပေးနိုင်ကြပါတယ်။
http://www.takkathoyahanpyo.blogspot.com/
0 comments