http://www.clearchinese.com/
တရုတ်စာကိုလေ့လာလိုသူများအတွက် တရုတ်စာကိုအခြေခံကနေ စတင်လေ့လာနိုင်မယ့် ၀က်ဘ်ဆိုက်တစ်ခု ဖြစ်ပါတယ်။
ဒီဆိုက်မှာ တရုတ်စာကို လေ့လာလိုသူတွေအတွက် တရုတ်စာ စာလုံးရေးနည်းတွေ၊ အသံဖိုင်တွေနဲ့ Video lesson တွေနဲ့ တင်ပေးထားတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။
တရုတ်စာနဲ့ပတ်သက်တဲ့ အသံဖိုင်တွေ အများအပြားကို လေ့လာသူတွေအတွက် အသုံးတည့်အောင် ဖော်ပြပေးထားပါတယ်။
စာလုံးရေးနည်းမှာ စာလုံးကို ဘယ်လိုမျိုးရေးဆွဲရတယ်ဆိုတာ ကို ညွှန်ကြားဖော်ပြပေးထားပါတယ်။
တရုတ်စာလေ့လာသူတွေအတွက်လည်း အဘိဓာန်ကို အလွယ်တကူ အသုံးပြုနိုင်ရန်အတွက် Online Dictionary ကို ပြုလုပ်ပေးထားပါတယ်။
ဒါ့အပြင် တရုပ်စာနဲ့ပတ်သက်ပြီး လေ့လာနိုင်တဲ့ Source တွေနဲ့လည်း ချိတ်ဆက်ထားတဲ့အတွက် တရုတ်စာကို အခြေခံကနေ စတင်သင်ကြားလိုသူတွေအတွက် အသုံးဝင်မယ့် ၀က်ဘ်ဆိုက်တစ်ခုဖြစ်ပါတယ်။
အင်တာနက်ဂျာနယ်၊ အတွဲ (၁၅)၊ အမှတ်(၁၈) မှ ကူးယူဖော်ပြတာဖြစ်ပါတယ်။
0 comments