IP address အကြောင်းသိကောင်းစရာ
 
 
computer တွေတစ်လုံးနဲ့တစ်လုံး network ချိတ်တဲ့နေရာမှာ protocol တစ်ခု မဖြစ်မနေသုံးဖို့ လိုအပ်ပါတယ်။
 
အဲဒီ protocol ဆိုတာ လွယ်လွယ်ပြောရင်တော့ ဘာသာစကား လိုပါဘဲ။ ကျွန်တော်တို့  လူတွေမှာလည်းဘာသာစကားတွေအမျိုးမျိုးရှိသလိုIPတွေမှာလဲProtocol တွေလဲ အမျိုးမျိုး ရှိပါတယ်။
ဒါပေမယ့်Internet ကိုချိတ်မယ်ဆိုတဲ့computer တိုင်းဟာတော့ TCP/IP ဆိုတဲ့protocol ကိုမဖြစ်မနေ
သုံးဖို့လိုပါတယ်။
 
TCP/IP protocol သုံးတဲ့ computer တိုင်းဟာလည်း IP addressတစ်ခုမဖြစ်မနေသက်မှတ်ဖို့လိုပါတယ်။
IP address မှာ Version4နဲ့Version6ဆိုပြီးနှစ်မျိုးရှိပါတယ်။V4က32bits နဲ့အလုပ်လုပ်ပြီးV6ကတော့
128bitsနဲ့အလုပ်လုပ်ပါတယ်။
 
ယခု လက်ရှိအများစုက V4 ကို အသုံးပြုနေပါတယ်။V4 IP address မှာClass လေးခုရှိပါတယ်။ A, B, C, D, နဲ့ E ပါ။ Class A, B, C ကကျွန်တော်တို့နဲ့ ရင်းနှီးပြီး အသုံးများပါတယ်။ ( ဒီ class A, B, C သုံးခုထဲက address ရယူ အသုံးပြုထားတဲ့machine တွေကြားမှာ အပြန်အလှန်ကြိုက်သလို
ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်)Class D က Multicast address ဖြစ်ပါတယ် ။
 
( multicast ဆိုတာ က သတ်မှတ်ထားတဲ့ အစုအဖွဲ့တစ်ခုအတွင်းမှာသာ
အပြန်အလှန်ဆက်သွယ်နိုင်တဲ့
address မျိုးပါ ဥပမာ -Class D address ရဲ့ Group1 မှာ computer
5 လုံး၊ Group 2 မှာ computer 5 လုံး၊
ချိတ်ထားတယ်ဆိုရင် Group1 ထဲက computer အချင်းချင်း၊ Group2
ထဲက computer အချင်းချင်း၊ပဲဆက်သွယ်နိုင်ပါတယ်
Group1 က computer နဲ့ Group 2 က computer ချိတ်ဆက်ပြီးအသုံးပြုလို့မရနိုင်ပါဘူး ။)
Class E ကတော့ သုတေသန ပြုလုပ်နိုင်ဖို့ reserved အတွက်ထားရှိပါတယ်၊ အသုံးမပြုပါဘူး။
အဲဒီတော့ ကျွန်တော်တို့ Class A, B, C အကြောင်းကို ဆက်လေ့လာပါမယ်
Network Address, Host Address
IP address တစ်ခုတိုင်းမှာ Network Address နဲ့ Host Address ဆိုပြီးတော့
အပိုင်းနှစ်ပိုင်းပါပါတယ်။Network Address ဆိုတာ Hostတွေကိုပေါင်းစည်းထားတဲ့
addressအစုအဝေးတစ်ခုဖြစ်ပြီး၊
HostAddressဆိုတာတော့
Networkထဲမှာပါဝင်တဲ့အစိတ်အပိုင်းတစ်ခုပါ။
IP address ဒီလို အလုပ်လုပ်တယ်
IPV4မှာ32bitsနဲအလုပ်လုပ်တယ်ဆိုတာကျွန်တော်ဆွေးနွေးပြီးပါပြီ။အဲဒီ
32bitsကို8bitsစီ၊8bitsစီအပိုင်
လေးပိုင်းခွဲပြီးအလုပ်လုပ်ပါတယ်။တကယ် တမ်း bits တွေနဲ့အလုပ်လုပ်တာဖြစ်ပေမယ့်
သက်မှတ်တဲ့နေရာမှာဘဲဖြစ်၊
ဖြစ်ရေးသားဖေါ်ပြတဲ့နေရာမှာဘဲဖြစ်ဖြစ် Dot-decimalစနစ်နဲ့ ရေးသားဖေါ်ပြပါတယ်။
( ဥပမာ- 192.168.1 .100)
တစ်ပိုင်းစီဟာ 8bits ကို ကိုစားပြုပြီး တစ်ပိုင်း နဲ့ တစ်ပိုင်းကြားမှာ dot(.) လေးတွေခံရေးပါတယ် ။
8bits ပါဝင်တဲ့
အစုအဝေးတစ်ခုကို octet လို့ခေါ်ပါတယ်။
ဒါကြောင့် IP Address တစ်ခုမှာ octect လေးခုပါဝင်ပါတယ်။
IP address ကြည့်ရုံနဲ့ Class တွေလယ်လိုခွဲမလဲ
IP address တစ်ခုကိုကြည့်လိုက်တာနဲ့ Class A လား B လား C လား ဆိုတာကို
IP address ရဲ့ ပထမဆုံးအပိုင်း
( first octect ) ကိုကြည့်ပြီးခွဲနိုင်ပါတယ်။
Class 1st octect range
A 1 to 126
B 128 to 191
C 192 to 223
ဥပမာ-
10.10.152.1 Class A
172.16.10.1 Class B
192.168.2.1 Class C
ဆိုတာကို ရှေ့ဆုံး အပိုင်းကိုကြည့်ရုံနဲ့ အလွယ်တကူခွဲနိုင်ပါတယ်။
Local Machine Address
အပေါ်က IP address range ထဲမှာ 127 ဆိုတာကို မတွေ့ ရပါဘူး။
အဲဒီ 127တစ် ပိုင်းလုံးကိုအသုံးမပြုဘဲ ချန်ထားခဲ့ပါတယ်။ အဲဒါကို loop-back address လို့
ခေါ်ပါတယ်။အဲဒီထဲကမှ 127.0.0.1 ကို local machine address အဖြစ်သုံးပါတယ်။
local machine address ဆိုတာ
computer နဲ့ သက်ဆိုင်တဲ့၎င်းတို့ကို ကိုယ်စားပြုတဲ့ address ပါ။
ဘာနဲ့ သဘောတရားချင်းတူလဲဆိုတော့ လူနာမည်တွေလိုပါဘဲ -
လူတိုင်းကိုယ်စီမှာ ကွဲပြားခြားနားတဲ့ နာမည်တွေရှိပါတယ်၊
ဒါပေမယ့် ဆက်သွယ်မှုတွေပြုလုပ်လို့
(စကားပြောခြင်း) ကိုယ့်ကိုကို ကိုယ်စားပြုတဲ့အခါ နာမည်ထက် ငါ၊ကျွန်တော်
စတဲ့ နာမ်စားတစ်ခုနဲ့
ကိုစားပြုကြပါတယ်။ အင်္ဂလိပ်လိုဆိုရင်တော့ ( I ) ပေါ့။TCP/IP protocol
သုံးပြီး Network ချိတ်တဲ့
computer တိုင်း မှာလည်း မတူညီတဲ့ IP address တစ်ခုချင်းစီရှိ ကြပေမယ့်
ကိုယ့် computer ကို
ကိုယ်စားပြုတဲ့ အခါ 127.0.0.1 ဆိုတဲ့ Local machine address နဲ့ကိုစားပြုပါတယ်။
အလွယ်ပြောရင်တော
့ computer I ပေါ့။ဒီ address လေးသုံးပြီး ကိုယ့် computer က network ပေါ်မှာ
အလုပ်လုပ်နိုင် မလုပ်နိုင်၊
NIC card အလုပ်လုပ် မလုပ် စတာတွေကို စမ်းသပ်နိုင်ပါတယ်။

Posted by စိမ့်စမ်းရေ on Thursday, January 24, 2013

0 comments

Post a Comment