3G အကြောင်း တစ်စေ့ တစ်စောင်း





3G ဆိုတာကတော့ GSM စနစ်တွေရဲ့မွေးဖွားမှုသမိုင်းမှာ GSM Third Generation လို့သတ်မှတ်ခေါ်ဆိုထားတဲ့အမည်တစ်ခုပဲဖြစ်ပါတယ်။GSM ဖုန်းတွေကို Generation အလိုက်
ခေါ်ဆိုသတ်မှတ်ကြတဲ့အတွက် second generation ကို 2G လို့ခေါ်ပြီး၊Thrid Generation
ကို 3G လို့တာဖြစ်ပါတယ်၊
GSM မိုဘိုင်းဖုန်းစနစ်ရဲ့ 3G စနစ်ကိုစတင်ခဲ့တာပာာ UMTS ဆိုတဲ့
စနစ်ကိုစတင်သတ်မှတ်ခဲ့တာဖြစ်ပြီးတော့ 3G စနစ်ထဲမှာပါဝင်တာတွေကတော့ UMTS,WCDMA,HSDPA,HSUPA,HSCSD ဆိုတဲ့စနစ်တွေပါဝင်နေပါတယ်၊ဒီစနစ်တွေအားလုံးပာာ
3G စနစ်မှာအသုံးပြုနိုင်တဲ့စနစ်တွေဖြစ်ပါတယ်။ဒီစနစ်တွေထဲကမှ UMTS ဆိုတဲ့စနစ်ပာာ Per 3G
လို့လည်းခေါ်ဆိုနိုင်မှာဖြစ်ပြီး 3G ရဲ့အစပိုင်းကန်နဦးစနစ်တစ်ခုလည်းဖြစ်ပါတယ်။UMTS  ဆိုတဲ့
စကားလုံးအရှည်ကောက်ကတော့ Universal Mobile Telecommunication System ဘဲဖြစ်ပါတယ်။
ဒီစနစ်မှာတော့ Speed နှုန်းထားက 2Mbps ဘဲရရှိပါတယ်။Network Speed နည်းသေးတယ်လို့ဆိုနိုင်
ပါတယ်၊ဘာကြောင့်လည်းဆိုတော့အခုလက်ရှိ 3G ရဲ့ network speed က 14.4Mbps အထိရှိနေလို့ဖြစ်ပါတယ်၊ Universal Mobile Telecommunication System က Per အဆင့်လောက်ဘဲ
ရှိတဲ့ 3G ဖြစ်နေလို့ပါ၊အဲဒီနောက် Wide Code Devision Multiple Access ဆိုတဲ့ WCDMA  3Gစနစ်တစ်


ခုပေါ်လာပါတယ်၊ဒါအပြင် HSDPA ဆိုတဲ့( High Speed Downlink Packet Access) အင်တာနက်အသုံးပြု
နိုင်တဲ့စနစ်လည်းပေါ်လာသေးပါတယ်၊ HSDPA ပာာလည်း 3G စနစ်ဘဲဖြစ်ပါတယ်၊သူ့ရဲ့ downlink speed ပာာ 10Mbps အထိရရှိနိုင်တာမို့ အမြန်နှုန်းကောင်းတဲ့စနစ်တစ်ခုလို့လည်းဆိုနိုင်ပါတယ်၊နောက်စနစ်တစ်ခု
ကတော့ HSUPA (High Speed Uplink Packet Access) ဆိုတဲ့စနစ်ပါ ဒီစနစ်ကတော့ အင်တာနက်အသုံးပြုရာမှာ downlink တင်မက uplink ပါအသုံးပြုနိုင်မှာဖြစ်ပါတယ်၊Uplink စနစ်အတွက် Speed က 2Mbps အထိရရှိပါတယ်၊နောက်တစ်ခုကတော့HSCSD (High  Speed Circuit Switch Data)
လို့ခေါ်တဲ့စနစ်ပါ၊ 3G တွေထဲမှာတော့ အကောင်းဆုံး စနစ်တစ်ခုပါ၊ဒီစနစ်က Channel တွေအများကြီးပေါ်က
Data တွေကို အနှံ့အပြားသွားလာနိုင်တဲ့စနစ်ဖြစ်ပါတယ်။ကျွန်တော်တို့မြန်မာနိုင်ငံလည်း 3G အင်တာနက်စနစ် အသုံးပြုနိုင်တော့မယ်လို့ပြောနေပါတယ်၊ 3G ဆိုတဲ့စကားလုံးပာာနေရာ
တိုင်းလိုလိုတွေ့နေရလို့ ဗပာုသုတအဖြစ်ဖော်ပြလိုက်တာဖြစ်ပါတယ်။……………
မူရင်း အောင်သက်ခိုင်

နည်းပညာဥယျာဉ်မှ ပြန်လည်ဝေမျှခြင်းသာ

Posted by စိမ့်စမ်းရေ on Thursday, January 24, 2013

0 comments

Post a Comment